ပြည်တွင်းရွှေဈေး ကျပ် ၉၁၀၀၀၀ တွင်သာ ဆက်ရှိနေ

Tue, 06/27/2017 - 04:25 -- admin_ygn

             ယခုတစ်ပတ်တွင် ပြည်တွင်းရွှေဈေးသည် ကျပ် ၉၁၀၀၀၀ တွင်သာ ဆက်ရှိ နေကြောင်း၊ ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်းက မြင့်တက်ခဲ့သော်လည်း ယခုတစ် ပတ်တွင်း ဈေးအနည်းငယ် ကျဆင်းသွားခဲ့သော်လည်း ဈေးကွက်ပိတ်ရက်များတွင် ကျပ် ၉၁၁၀၀၀ ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း သိရသည်။ "ကမ္ဘာ့ရွှေဈေးက တက်လာတယ်။ ရွှေဈေးတက်လာတဲ့အချိန်မှာ ဒေါ်လာ နဲ့ ကျပ်ငွေလဲလှယ်နှုန်းကလည်း မြင့်တက်လာတော့ ပြည်တွင်းေ ရွှဈေးက လိုက်ပြီး မြင့်တက်လာတာပါ။ ရွှေဈေး မြင့်တက်လာတဲ့အတွက် ဈေးကွက်ထဲမှာ အရောင်း အဝယ် နည်းနည်းအေးပါတယ်"ဟု ဈေးကွက်အတွင်း ဝယ်ရောင်းပြုလုပ်နေသူ တစ်ဦးက ပြောကြားခဲ့သည်။
           ပြည်တွင်းရွှေဈေးများသည် ဇွန် ၁၉ ရက်က အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၉၁၀၀၀၀ရှိခဲ့ရာမှ ဇွန် ၂၀ ရက်တွင် ကျပ် ၉၀၈၀၀၀ သို့ကျဆင်းခဲ့သည်။ သို့သော် ဇွန် ၂၂ ရက်တွင် ကျပ် ၉၁၀၀၀၀ သို့ ပြန်လည်မြင့်တက် လာခဲ့ပြီး ဇွန်လ ၂၄ ရက်တွင် ကျပ် ၉၁၁၀၀၀ သို့ ဆက်လက်မြင့်တက်ခဲ့သည်။ ကမ္ဘာ့ရွှေဈေးသည် ဇွန် ၁၉ ရက်က တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၂၅၃ ရှိခဲ့ရာမှ ဇွန်လ ၂၀ ရက်တွင် ၁၂၄၅ ဒေါ်လာသို့ ကျဆင်းသွား ခဲ့သည်။ ဇွန် ၂၄ ရက်တွင် ၁၂၅၇ ဒေါ်လာသို့ ပြန်လည်မြင့်တက်ခဲ့သည်။

 

မယ်သီတာ

Local Trade News

Pages