ပြည်တွင်းရွှေဈေးနှင့် နိုင်ငံတကာရွှေဈေး ထပ်မံမြင့်တက်

Thu, 08/08/2019 - 03:02 -- admin_ygn

       ပြည်တွင်းရွှေဈေးနှုန်းနှင့် နိုင်ငံတကာရွှေဈေးမှာ  ယခုတစ်ပတ်အတွင်း ဈေး ထပ်မံမြင့်တက်ခဲ့သည်။ ယခင်ရက်သတ္တပတ်က  အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၁၁၄၇၀၀၀ရှိခဲ့ရာမှ ယခုရက်သတ္တပတ်မှာတော့ ကျပ် ၁၁၅၁၀၀၀ သို့ မြင့်တက် ခဲ့ခြင်းဖြစ်သည်။ "အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နောက်ထပ် တရုတ်ကုန်စည် အမေရိကန်ဒေါ်လာ ၃၀၀ဘီလျံဖိုးအပေါ် ထပ်တိုးခွန် ၁၀ရာခိုင်နှုန်းချမှတ်မယ်လို့ ကြေညာ ချိန်မှာပဲ ရွှေက တစ် ရှိန်ထိုးပြန်တက်သွားတယ်။ နောက်ပြီး ဗြိတိန်ကလည်းဝန်ကြီးချုပ် သစ်တက်လာသလို သုံးလအတွင်း အီးယူကထွက်ကိုထွက်မယ်လို့ ကြေညာတာ လည်းရှိတော့ ရွှေကို ပင့်တင်လိုက်သလိုဖြစ်သွားတယ်။  ကမ္ဘာ့စီးပွားရေးလော က မှာလည်း အကျပ်အတည်းဖြစ်နေချိန်မှာမြောက်ကိုရီးယား ဒုံးကျည်အရေးအခင်းကလည်း ရှိလာတယ်။ ဒါတွေက  ဒီတစ်ပတ်အတွင်း ရွှေဈေးကိုသက်ရောက်စေခဲ့တာတွေပါ။ ပြည်တွင်းဈေးကွက်ကတော့ အရောင်းအဝယ် သိပ်မရှိပေမယ့် ဈေးက မြင့်တက်နေတုန်းပဲ။ မိုးတွင်းကာလလည်းဖြစ်နေပေမယ့်  နိုင်ငံတကာရွှေဈေးနဲ့ယှဉ်ပြီး တက်ရိပ်ပြနေတယ်" ဟု   ပြည်တွင်းရွှေအရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်နေသူ တစ်ဦးက ဆိုသည်။
     ပြည်တွင်းရွှေဈေးကွက်တွင်  ဇူလိုင် ၂၉ရက်က  အခေါက်ရွှေတစ်ကျပ်သား လျှင် ကျပ် ၁၁၄၇၀၀၀ရှိခဲ့ရာမှ ဇူလိုင် ၃၁ရက်တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၁၁၄၁၀၀၀သို့ ကျဆင်းခဲ့ပေမယ့် သြဂုတ် ၂ရက်တွင် ကျပ် ၁၁၅၁၀၀၀ဖြင့် ဈေး ပြန်လည်မြင့်တက်ခဲ့ကြောင်းသိရသည်။ ကမ္ဘာ့ရွှေဈေးကွက်မှာလည်း ဇူလိုင် ၂၉ရက် က ရွှေတစ်အောင်စလျှင် အမေရိ ကန်ဒေါ်လာ ၁၄၂၀ဒေါ်လာရှိခဲ့ရာမှ ဇူလိုင် ၃၁ ရက်တွင်တစ်အောင်စလျှင် အမေရိ ကန်ဒေါ်လာ၁၄၀၇ဒေါ်လာရှိခဲ့ပေမယ့် သြဂုတ် ၂ရက်တွင် တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၄၃၉ ဒေါ်လာသို့ မြင့်တက်ခဲ့  သည်။

 

သန်းထိုက်အောင်