ပြည်တွင်းငွေလဲနှုန်းများ အတက်အကျအနည်းငယ်သာရှိ

Wed, 08/16/2017 - 06:46 -- admin_ygn

         ယခုတစ်ပတ်အတွင်း ပြည်တွင်းငွေလဲနှုန်းများသည် အတက်အကျ အနည်း ငယ်ဖြင့်သာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရ သည်။ ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းကလည်း ငွေလဲနှုန်း များသည် အတက် အကျအနည်းငယ်ဖြင့် အရောင်းအဝယ်အေးခဲ့သည်။ သို့သော် ယခုတစ်ပတ် ဈေးစ ဖွင့်ရက်ဖြစ်သည့် သြဂုတ် ၇ ရက်တွင် အနိမ့်ဈေးဖြင့် ဈေးဖွင့်ခဲ့သော်လည်း သြဂုတ် ၈ ရက်တွင် နှစ်ကျပ်ခန့်မြင့်တက်ခဲ့သည်။ နောက်ပိုင်းရက်များတွင်မူ ဈေးပြန် လည်ကျဆင်းခဲ့ကာ ယခင်တစ်ပတ်ကဈေးအတိုင်း ရှိခဲ့သည်။
       "ဒီတစ်ပတ်မှာ ငွေလဲနှုန်းက ပြီးခဲ့တဲ့တစ်ပတ်ကလိုပဲ အတက်အကျ နည်းနည်း နဲ့ပဲအရောင်းအဝယ်ဖြစ်တယ်။ အရောင်းအဝယ်ကတော့ ပုံမှန်အတိုင်းပါပဲ။ ဒါပေမယ့် သြဂုတ် ၈ ရက်ကတော့ အရောင်းအဝယ် နည်းနည်းဖြစ် တယ်။ ဈေးတက် လာမယ့် အရိပ်အယောင်ပြလာတဲ့အတွက် အဝယ်လိုက်လာတာပါ။ ဒါပေမယ့် နောက်ရက်တွေမှာတော့ ဈေးပြန်ကျသွားတယ်"ဟု ဈေးကွက်အတွင်း ဝယ်ရောင်း ပြုလုပ်နေသူတစ်ဦးက ပြောကြားခဲ့သည်။ပြင်ပေ ငွလဲစင်တာများတွင် သြဂုတ် ၇ ရက်က အမေရိကန်တစ်ဒေါ်လာလျှင် ရောင်းဈေး ၁၃၅၇ကျပ်၊ ဝယ်ဈေး၁၃၅၅ ကျပ်ရှိခဲ့ရာမှ သြဂုတ် ၈ ရက်တွင် ရောင်း ဈေး ၁၃၅၈ ကျပ်၊ ဝယ်ဈေး ၁၃၅၆ ကျပ်သို့ အနည်းငယ်မြင့်တက်ခဲ့သည်။ သြဂုတ် ၁၁ ရက်တွင်ဈေးပြန်လည်ကျဆင်းခဲ့ပြီး ရောင်းဈေး ၁၃၅၆ ကျပ်၊ ဝယ်ဈေး ၁၃၅၃ ကျပ်ရှိခဲ့သည်။

 

မယ်သီတာ

Local Trade News

Pages