ပြည်တွင်းငွေလဲနှုန်းများ မြင့်တက်ပြီးမှ ပြန်လည်ကျဆင်း

Tue, 06/27/2017 - 04:22 -- admin_ygn

            ယခုတစ်ပတ်အတွင်း ပြည်တွင်းငွေလဲစင်တာများ၌ ရောင်းဝယ်လျက်ရှိသည့် ငွေလဲနှုန်းများသည် အမြင့်ဆုံးဈေးအဖြစ်  ၁၃၆၁ ကျပ်သို့ ရောက်ရှိခဲ့ပြီးမှ ပြန် လည်ကျဆင်းခဲ့ကြောင်း သိရသည်။ ရက်သတ္တပတ်အတန်ကြာ အနည်းငယ်ငြိမ်သက် ခဲ့သည့် ပြည်တွင်းငွေလဲနှုန်းများသည် ယခုတစ်ပတ်တွင် ပြန်လည်လှုပ်လာခဲ့ခြင်းဖြစ် သည်။ မူဆယ်နယ်စပ်တွင် ရောင်းဝယ်ဖောက်ကားလျက်ရှိသည့် မြန်မာကုန်သည်များ၏ ဘဏ်စာရင်းများကို တရုတ်နို င်ငံက ပိတ်ထားခဲ့သည့်ကိစ္စကြောင့် ပြည် တွင်းငွေလဲနှုန်းများ မြင့်တက်ခဲ့ရခြင်းဖြစ်ကြောင်း၊ ယခုအခါ အဆိုပါစာရင်းများကို  ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်သဖြင့် ငွေလဲနှုန်းများ ပြန်လည်ကျဆင်းလာခဲ့ကြောင်း  ဈေးကွက်အတွင်း မှ သိရသည်။
        "ဈေးတက်လာတဲ့အတွက် ဈေးကွက်ထဲမှာ နည်းနည်းတော့ လှုပ်လာတယ်။ ဒါပေမဲ့ ရက်ပိုင်းလောက်ပါပဲ။ တရုတ်ဘက်က ဘဏ်စာရင်းတွေ ပြန်ဖွင့်ပေး လိုက်တဲ့အတွက် ဈေးက ချက်ချင်းပြန်ကျသွားတယ်။ အခုအချိန်မှာေ တာ့ ငွေလဲ နှုန်းက ပြန်ငြိမ်သွားပါပြီ"ဟု ငွေလဲဈေးကွက်အတွင်း ရောင်းဝယ်နေသူတစ်ဦးက ပြောကြားခဲ့သည်။ပြည်တွင်းငွေလဲစင်တာများတွင် ဇွန် ၁၉ ရက်က ရောင်းဈေး ၁၃၅၇ ကျပ် ဖြင့်ဈေးဖွင့်ခဲ့သော်လည်း ဈေးပိတ်ချိန်တွင် ၁၃၅၉ ကျပ်သို့ မြင့်တက်ခဲ့သည်။ ဝယ် ဈေးမှာလည်း ၁၃၅၅ ကျပ်မှ ၁၃၅၆ ကျပ်သို့မြင့်တက်ခဲ့သည်။ ထို့ပြင် ဇွန် ၂၀ရက် တွင် ရောင်းဈေး ၁၃၆၁ ကျပ်၊ ဝယ်ဈေး ၁၃၅၉ ကျပ်သို့ ဆက်လက်မြင့်တက်ခဲ့ သည်။ သို့သော် ဇွန် ၂၄ ရက်တွင် ရောင်းဈေး ၁၃၅၅ ကျပ်၊ ဝယ်ဈေး ၁၃၅၃ကျပ် သို့ ပြန်လည်ကျဆင်းခဲ့သည်။

 

မယ်သီတာ

Local Trade News

Pages