ပြည်ကြက်သွန်ဖြူဈေးကွက်သို့အဝင်များနေသော်လည်း အရောင်းအဝယ်အေးနေ

Tue, 08/15/2017 - 04:00 -- admin_ygn

       ပြည်စားဖိုဆောင်သီးနှံ(ပွဲရုံ)များသို့ ကြက်သွန်ဖြူအိတ်တွေ ယခုတစ်ပတ် အထိ ဆက်တိုက်အဝင်ရှိနေပြီး  ပွဲစားနှင့်ဝယ်လက်တွေထံမှာ  ကြက်သွန်ဖြူအိတ် တွေပုံလျက်ရှိနေပါတယ်။ အရောင်းအဝယ်မှာ ယခင်ထက်စာလျှင် အေးတယ်လို့ ဆိုပါတယ်။ လက်လီအရောင်းအဝယ်နှင့်ဒေသတွင်း အရောင်းအဝယ်သမားများကတော့ ဈေးကျနေတာကြောင့် ပုံမှန်ထက်ပိုမိုဝယ်ယူနေကြပေမယ့် ပိုမိုဝင်ရောက် နေတဲ့အတွက် အခုလိုပိုနေတာဖြစ်ပါတယ်။ ကြက် သွန်ဖြူဈေးဟာ လွန်ခဲ့တဲ့ နှစ်နှစ်၊ သုံးနှစ်က ဈေးတွေအဆမတန် တက်ခဲ့ဖူးတာကြောင့် ပွဲစားများအနေနဲ့ ပိုမိုဝယ်ယူခဲ့တာဖြစ်ပါတယ်။
        ယခုတစ်ပတ် ကြက်သွန်ဖြူ ပွဲရုံဈေးတစ်ပိဿာလျှင်  ရှမ်းကျပ် ၃၂၀၀၊ ကျပ် ၃၄၀၀နှင့် ကျပ် ၃၈၀၀ တို့ဖြင့် ရောင်းဝယ်လျက်ရှိပြီး ကြူကုတ်စဈေးကတော့ ကျပ် ၂၀၀၀၊ ကျပ် ၂၁၀၀တို့ ဖြစ်ကြောင်း သိရပါတယ်။ ဒေသတွင်း လက်လီဈေးများတွင် ရှမ်းစတစ်ပိဿာလျှင် ကျပ် ၃၆၀၀နှင့်ကျပ် ၃၈၀၀တို့ဖြင့် ရောင်းချလျက်ရှိနေပါတယ်။ တစ်ပတ်အတွင်း ကြက်သွန်ဖြူအိတ်လုံးရေ  ၃၅၀ ကျော် အရောင်းအဝယ်ဖြစ်နေပါတယ်။ ကြူကုတ်စ လက်လီဈေးကေ တာ့ တစ်ပိဿာလျှင်ကျပ် ၂၅၀၀ဈေး သာရှိပါတယ်။

 

နီနီဝင်း

Local Trade News

Pages