နိုင်ငံစုံမှ မြေသြဇာတန်ချိန် ၈၀၀၀ကျော် တင်သွင်း

Wed, 12/27/2017 - 07:29 -- admin_ygn

           ဒီဇင်ဘာလ ၁၀ ရက်မှ  ၁၆ရက်အထိ  သီတင်းပတ်အတွင်း အမေရိကန် ဒေါ်လာ ၁၉၃၄၄၅၆တန်ဖိုးရှိမြေသြဇာ၈၁၇၈ဒသမ ၈၆တန်ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ် တရုတ်၊ ဗီယက်နမ်၊ ကနေဒါ၊ ကိုရီးယား၊ ပါကစ္စတန်၊ ထိုင်းနဲ့မလေးရှားနိုင်ငံတို့မှ တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ တင်သွင်းခဲ့တဲ့အမျိုးအစားများမှာ အမိုးနီးယားဆာလဖိတ်၊ အမိုးနီးယား ကလိုရိုဒ်၊ ကွန်ပေါင်း(၁၅း၁၅း၁၅)၊ ကွန်ပေါင်း (၁၅း၉း၂၀)၊ အာမို၊ ပိုတက်ဆီယမ် ကလိုရိုဒ်၊ ပိုတက်၊ ယူရီးယားတို့တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ယခင်သီတင်းပတ်က တင်သွင်းခဲ့တဲ့ မြေသြဇာတန်ချိန် ၁၀၅၀၀ကျော်နဲ့ နှိုင်းယှဉ်ရင် ဒီတစ်ပတ်မှာတန်ချိန် ၂၃၂၀ကျော် တင် သွင်းမှုလျော့နည်းခဲ့တယ်လို့သိရပါတယ်။

 

သီတာဝင်း (DOT)

Local Trade News