ဒီတစ်ပတ် ဓာတ်ဆီအဝင်လျော့ပြီး ဒီဇယ်အဝင်ပို

Tue, 10/03/2017 - 06:24 -- admin_ygn

     စက်တင်ဘာ ၁၇  ရက်မှ ၂၃ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန် ဒေါ်လာ ၃၁၉၁၃၈၆၉ တန်ဖိုးရှိ ဒီဇယ် ၆၄၀၀၄ ဒသမ ၀၇၄ တန်နဲ့ အမေရိကန် ဒေါ်လာ ၇၁၀၁၉၆၅ တန်ဖိုးရှိ ဓာတ်ဆီ ၁၂၇၅၄ ဒသမ ၄၂၄ တန်ကို ပင်လယ်ရေ ကြောင်း ကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ်က တင်သွင်း ခဲ့တဲ့ ဒီဇယ်၃၆၁၅၀ ကျော်နဲ့နှိုင်းယှဉ်ရင် ဒီတစ်ပတ်မှာတန်ချိန် ၂၇၈၅၀ ကျော် ပိုမိုတင်သွင်းခဲ့သလို ယခင်သီတင်းပတ်က တင်သွင်း ခဲ့တဲ့ ဓာတ်ဆီတန်ချိန် ၃၅၇၁၀ ကျော်နဲ့ နှိုင်းယှဉ်ရင် ဒီတစ်ပတ်မှာ တန်ချိန် ၂၂၉၅၀ ကျော် အဝင်လျော့ခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် ဒီတစ်ပတ်မှာ ဓာတ်ဆီအဝင် လျော့ပြီး ဒီဇယ်အဝင်ပိုခဲ့တယ်လို့ သိရပါတယ်။ နယ်စပ်စခန်း များဖြစ်တဲ့ မြိတ်ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၈၄၄၈၀၀ တန်ဖိုးရှိ ဒီဇယ်တန်ချိန် ၁၆၀၀ တင်သွင်းခဲ့သလို မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေး ဇုန်မှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၇၇၇ တန်ဖိုးရှိ  Re-exportအဒီဇယ် တန်ချိန် ၃၂၅၀ နဲ့ လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ သုညဒသမ ၃၈၀၈ တန်ဖိုးရှိ Re-export အဒီဇယ် တန်ချိန် ၆၈၀ ကိုလည်းကောင်း တင်ပို့ခဲ့တယ်လို့ သိရပါတယ်။
       ရန်ကုန်ဈေးကွက်မှာ ဓာတ်ဆီရောဒီဇယ်ပါ ပုံမှန်အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ပုဂ္ဂလိကစက်သုံးဆီဆိုင်များမှာ ဒီဇယ်နဲ့ အဆင့်မြင့်ဒီဇယ်၊အောက်တိန်း ( 92)နဲ့ ( 95) မှာ ဈေးနည်းနည်းမြင့်လာတယ်လို့ သိရပါ တယ်။ ဒီတစ်ပတ်ပုဂ္ဂလိက စက်သုံးဆီဆိုင်မှာ ရောင်းချနေတဲ့ တစ်လီတာ ဈေးနှုန်းများမှာ ဒီဇယ် ကျပ် ၇၃၀ ၊ အောက်တိန်း (92)  ကျပ် ၇၅၀၊ အောက်တိန်း (95) ကျပ် ၇၉၀၊  အဆင့်မြင့်ဒီဇယ် ကျပ် ၇၅၀ နဲ့ အရောင်းအဝယ်ဖြစ် တယ်လို့ သိရပါတယ်။ ပြင်ပလက်လီဆိုင်များမှာ အရောင်းအဝယ်ဖြစ်နေတဲ့ ပီပါဈေးများမှာ စက်တင်ဘာ ၂၅ ရက်မှာ ဒီဇယ်ဝယ်ဈေး ကျပ် ၁၅၀၀၀၀၊ ရောင်းဈေး ကျပ် ၁၅၄၀၀၀ နဲ့ အရောင်းအဝယ် ဖြစ်ခဲ့ရာ စက်တင်ဘာ ၂၉ ရက် မှာ ဝယ်ဈေးကျခဲ့သော်လည်း ရောင်းဈေးငြိမ်တယ်လို့ သိရပါတယ်။  စက်တင်ဘာ ၂၅ ရက်မှာ ဓာတ်ဆီဝယ်ဈေး ကျပ်၁၅၀၀၀၀၊ ရောင်း ဈေး ကျပ် ၁၅၃၀၀၀ နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ရာ စက်တင်ဘာ ၂၉ရက်မှာ ဝယ်ဈေး၊ ရောင်းေ ဈး ကျပ် ၂၀၀၀ ဈေးမြင့်ပြီး အရောင်းအဝယ်ဖြစ်တယ်လို့သိရပါတယ်။ ယခင်တစ်ပတ်ဈေးနဲ့ နှိုင်းယှဉ်ရင် ဒီဇယ်ရော ဓာတ်ဆီပါ ဈေးနည်းနည်းမြင့်လာ တယ်လို့ သိရပါတယ်။           
       မန္တလေးဈေးကွက်မှာ ဓာတ်ဆီရော ဒီဇယ်ပါ ပုံမှန်အရောင်းအဝယ်ရှိနေပါ တယ်။ ပုဂ္ဂလိကဆိုင်များတွင် အောက်တိန်း(92)၊ အောက်တိန်း(95)၊ ဒီဇယ်နဲ့ အဆင့်မြင့် ဒီဇယ်မှာဈေးနည်းနည်းမြင့်နေတယ်လို့ သိရပါတယ်။ ပုဂ္ဂလိ က စက်သုံးဆီဆိုင်မှာ ရောင်းချနေတဲ့ တစ်လီတာ ဈေးနှုန်းများမှာ အောက်တိန်း (95) တစ်လီတာ ကျပ် ၈၈၀၊ ဒီဇယ် တစ်လီတာ ကျပ် ၇၆၀ ၊အဆင့်မြင့်ဒီဇယ် တစ်လီတာ ကျပ် ၇၈၀၊ အောက်တိန်း(92)တစ်လီတာ ကျပ် ၇၉၀ ၊ ဓာ တ်ဆီ တစ်လီတာ ကျပ် ၈၀၀ နဲ့ ရောင်းချနေပါတယ်။ ပြင်ပလက်လီဆိုင်များမှာ အရောင်းအဝယ်ဖြစ်နေတဲ့ ပီပါ ဈေးများမှာ စက်တင်ဘာ ၂၅ ရက်တွင် ဒီဇယ်ဝယ်ဈေးကျပ် ၁၅၂၀၀၀၊ ရောင်း ဈေးကျပ် ၁၅၆၀၀၀နဲ့အရောင်းအဝယ်ဖြ စ်ခဲ့ရာမှ စက်တင်ဘာ ၂၉ ရက်မှာဝယ်ဈေး ကျပ် ၁၅၄၀၀၀၊ ရောင်းဈေး ကျပ် ၁၅၆၀၀၀နဲ့ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ အောက်တိန်း(92)ဈေးမှာ စက်တင်ဘာ ၂၅ ရက်တွင် ဝယ်ဈေး ကျပ် ၁၆၁၀၀၀၊ ရောင်းဈေးကျ ပ် ၁၆၄၀၀၀ နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ရာ စက်တင်ဘာ ၂၉ ရက်တွင် ဝယ်ဈေး ကျပ် ၁၆၄၀၀၀၊ ရောင်းဈေး ကျပ် ၁၆၇၀၀၀ နဲ့ အရောင်း အဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ယခင်တစ်ပတ်ဈေးနဲ့ ယှဉ်ရင် ဓာတ်ဆီရော ဒီဇယ်ပါ ဈေး နည်းနည်းမြင့်လာတယ်လို့ သိရပါတယ်။ မော်လမြိုင်ဈေးကွက်မှာ  အရောင်းအဝယ် ပုံမှန်ရှိပြီး ဈေးနည်းနည်းမြင့်လာ တယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ပုဂ္ဂလိကဆိုင်မှာ ရောင်းချနေတဲ့ တစ်လီတာ ဈေးများမှာ ဓာတ်ဆီ ၇၅၅ ကျ ပ်၊ အဆင်မြင့်ဒီဇယ် ကျပ် ၇၈၀ ၊ အောက်တိန်း(92) ကျပ် ၇၇၀၊ အောက်တိန်း(95) ကျပ် ၈၁၀ နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါ တယ်။ ပြင်ပလက်လီဆိုင်များမှာ ဓာတ်ဆီတစ်ဂါလံ ကျပ် ၃၄၀၀၊ အဆင့်မြင့်ဒီဇယ် တစ်ဂါလံ ကျ ပ် ၃၅၀၀၊ အောက်တိန်း (92) တစ်ဂါလံ ကျပ်၃၄၀၀၊ အောက်တိန်း (95) တစ်ဂါလံ ကျပ် ၃၇၀၀ နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။

 

MIRT-DOT