ဒီတစ်ပတ်မြေသြဇာတန်ချိန် ၁၆၀၀၀ ကျော်ဝင်

Tue, 06/13/2017 - 07:16 -- admin_ygn

        မေလ ၂၉ ရက်မှ ဇွန်လ ၃ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၂၇၃၄၇၅၇ တန်ဖိုးရှိ မြေသြဇာ ၁၆၂၈၅ ဒသမ ၈၈ တန်ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ် ဘီလာရု်စ် နိုင်ငံမှ ၅၂၂ ဒသမ ၅၀ တန်၊ ကနေဒါနိုင်ငံမှ ၁၂၇၃ ဒသမ ၉၅၂ တန်၊ တရုတ်နိုင်ငံမှ ၅၈၁ ဒသမ ၈၀၈ တန်၊ ဂျာမနီနိုင်ငံမှ ၄၀၉ ဒသမ ၅၂ တန်၊ အိန္ဒိယနိုင်ငံမှ ၅ တန်၊ အစ္စရေးနိုင်ငံမှ ၄၈ တန်၊ ဂျပန်နိုင်ငံမှ ၉၃၂၇ တန်၊ ကိုရီးယားနို င်ငံမှ ၇၅၉ ဒသမ ၆၉ တန်၊ မလေး ရှားနိုင်ငံမှ ၁၅၄ တန်၊ ရုရှားနိုင်ငံမှ ၁၀၁၁ ဒသမ ၅၉ တန်၊ စင်ကာပူနိုင်ငံမှ ၄၈ တန်၊ ဆွီဒင်နိုင်ငံမှ ၆ ဒသမ ၃ တန်၊ ထိုင်းနိုင်ငံမှ ၁၀၄၀ ဒသမ ၅၂ တန်နဲ့ဗီယက်နမ် န ိုင်ငံမှ ၁၀၉၈ တန်တင်သွင်း ခဲ့တယ်လို့ သိရပါတယ်။ တင်သွင်းခဲ့တဲ့အမျိုးအစားများမှာ ပိုတက်၊ သြဂဲနစ်၊ မြေသြဇာအမှုန့် ၊ ပိုတက်စီယမ် နိုက်တြိတ်၊ ယူရီးယား၊ ကွန်ပေါင်း၊ ရွှေမြေသီး တံဆိပ်မြေသြဇာနဲ့အာမိုတို့ ဖြစ်ပါတယ်။ ယခင်သီတင်းပတ်က တင်သွင်း ခဲ့တဲ့ မြေသြဇာတန်ချိန်၁၁၀၀၀ကျော်နဲ့ နှိုင်းယှဉ်ရင် ဒီတစ်ပတ်မှာ တန်ချိန် ၅၀၀၀ ကျော် ပိုမိုတင်သွင်းခဲ့တယ်လို့ သိရပါတယ်။

 

သီတာဝင်း (DOT)

Local Trade News

Pages