ဆန်ချောဈေးတက်သော်လည်း ဆန်ကြမ်းဈေးကျ

Tue, 10/25/2016 - 03:04 -- admin_ygn

        ရန်ကုန်မြို့ ဝါးတန်းကုန်စည်ဒိုင်ရဲ့ယခုတစ်ပတ် ဆန်လက်ကားဈေးနှုန်းအရ ဆန်ချောဈေး အနည်းငယ်မြင့်တက်ပြီး ဆန်ကြမ်းဈေးအနည်းငယ်ကျဆင်းလာကြောင်း သိရှိရပါတယ်။ ဆန်ချောဖြစ်တဲ့ ဖျာပုံပေါ်ဆန်းဆန် ထိပ် စတစ်အိတ်ဈေးနှုန်းမှာ ကျပ် ၃၆၀ဝ၀ နဲ့ လတ်စတစ်အိတ် ကျပ်၃၃၀ဝဝ၊ ပုသိမ်၊ မြောင်းမြ ပေါ်ဆန်းဆန်ထိပ်စ တစ်အိတ် ကျပ် ၃၆၅၀ဝ နဲ့ လတ်စတစ်အိတ်ကျပ် ၃၃၀ဝဝ၊ ကျိုက်လတ် ပေါ်ဆန်းဆန် တစ်အိတ် ကျပ် ၃၂၀ဝ၀ နဲ့ လတ်စတစ်အိတ် ကျပ် ၂၉၀ဝ၀ ဖြစ်ပြီး  ဖျာပုံနဲ့ပုသိမ် ပေါ်ဆန်းက တစ်အိတ်ကို ကျပ် ၅၀ဝ ဈေးတက်လာကြောင်း သိရပါတယ်။ ရွှေဘို ပေါ်ဆန်းဆန်ကတော့ တစ်အိတ်ကို ကျပ် ၄၃၀ဝ၀ မှ ကျပ် ၄၅၅၀ဝ ဈေးနဲ့ ဈေးငြိမ်နေပါ တ ယ်။ ဆန်ချောအကောင်းစားက အဝယ်လိုက်လို့ ဈေးအနည်းငယ်မြင့် တက်တာဖြစ်ပြီး၊ အညံ့ စားကတော့   အရောင်းအဝယ်သိပ်မဖြစ်ဘူးလို့ ဝါးတန်း ကုန်စည်ဒိုင်မှ သိရှိရပါတယ်။
         ဧည့်မထဆန် ထိပ်စတစ်အိတ်ကျပ် ၁၉၀ဝဝ၊ လတ် စတစ်အိတ် ကျပ် ၁၈၀ဝ၀ ဖြစ်ပြီး တစ်အိတ်ကို ကျပ် ၅၀ဝခန့် ဈေးကျလာပါတယ်။ နွေသီးထပ်ရှယ်တစ်အိတ် ကျပ် ၁၇၀ဝ၀ မှ ကျပ် ၁၇၅၀ဝ ၊ နွေဆန်ရက် ၉၀ တစ်အိတ် ကျပ် ၁၉၅၀ဝ မှ ကျပ် ၂၁၀ဝ၀ နဲ့ ဈေးငြိမ်နေပါတယ်။ မနောသုခတစ်အိတ်ကျပ် ၂၃၀ဝ၀ မှ ကျပ် ၂၄၀ဝဝ၊ ပြည်ပပို့မယ့် ဧည့်မထ ၂၅ မှတ် တစ်အိတ်ကျပ် ၁၄၅၀ဝ မှ ၁၅၂၀ဝ ကျပ်ဖြစ်ပြီး တစ်အိတ်ကို ကျပ် ၅၀ဝ ခန့် ဈေးကျလာေ ကြာင်း သိရှိရပါတယ်။ ယခုတစ်ပတ် ဝါးတန်းကုန်စည်ဒိုင်ကို ဆန်အဝင်ပုံမှန် ရှိပြီး အရောင်းအဝယ်လည်း ပုံမှန်ရှိကြောင်း ကုန်စည်ဒိုင်မှ သိရပါတယ်။ မူဆယ်ကုန်စည်ဒိုင်ရဲ့ ယခုတစ်ပတ်ဆန်ဈေးမှာ ဧည့်မထ ၅ မှတ်မှော်ဘီနဲ့ စူပါတစ်အိတ်ကို ၁၂၆ ယွမ်မှ ၁၂၈ယွမ်၊ ဧည့်မထ ၁၀ မှတ်မှော်ဘီနဲ့ စူပါတစ်အိတ် ၁၂၄ ယွမ်မှ ၁၂၅ ယွမ်၊ ဧည့်မထ ၁၅ မှတ် မှော်ဘီ တစ်အိတ် ယွမ် ၁၂၀ မှ ၁၂၂ ယွမ်၊ ဧည့်မထ ၂၅ မှတ် မှော်ဘီတစ်အိတ် ၁၁၄ ယွမ်မှ ၁၁၈ ယွမ်၊ ငစိန် ၅ မှတ် တစ်အိတ်၁၂၅ ယွမ်မှ ၁၂၇ ယွမ်၊ ငစိန် ၁၅ မှတ်တစ်အိတ် ၁၂၂ ယွမ်မှ ၁၂၄ ယွမ်၊ ငစိန် ၂၅ မှတ်တစ်အိတ် ၁၁၆ ယွမ်မှ ၁၁၈ ယွမ်နဲ့ ယခင်တစ်ပတ်အတိုင်း ဈေးငြိမ်နေ ကြောင်း သိရှိရပါတယ်။ ပြည်တွင်း နယ်စုံမှ မူဆယ် ကုန်စည် ဒိုင်သို့ ဆန်အဝင်မှာ အောက်တိုဘာ ၁၄ရက်မှ ၂၀ ရက်အထိ ၄၇၈၃ တန်ဝင်ရောက်ခဲ့ပါတယ်။ ဆန်အဝင်မှာ ပုံမှန်ရှိနေပြီး အရောင်းအဝယ်လည်းအေးကြောင်း မူဆယ် ဆန်ဈေးကွက်မှ သိရှိရပါတ ယ်။ အောက်တိုဘာ ၂၁ ရက် ငွေလဲနှုန်းအရ တစ်ယွမ် လျှင် ၁၈၉ ကျပ်ဈေးပေါက်ကြောင်း သိရှိရပါတယ်။

 

ယဉ်ယဉ်အေး