FTI အနေဖြင့် ၂၀၂၀ ပြည့်နှစ်အတွက် ကားထုတ်လုပ်မှုအပေါ် သင့်တင့်သော အမြင်ထားရှိ

Fri, 02/14/2020 - 05:21 -- admin_ygn

       ထိုင်းစက်မှုလုပ်ငန်းများအဖွဲ့ချုပ်The Federation of Thai Industries (FTI) အနေဖြင့် ၂၀၂၀ ပြည့်နှစ်အတွက် ကားထုတ်လုပ်မှုကို ရှေးရိုးစွဲအတိုင်းမျှော်မှန်းထားပြီး ကမ္ဘာလုံး ဆိုင်ရာ စီးပွားရေးအခက်အခဲများကြောင့် အစီးရေ နှစ်သန်း အထိ မျှော်မှန်းနေသည်။ ယင်းမှာ၂၀၁၉ခုနှစ်ထုတ်လုပ်မှု ၏ သုည ဒသမ ၆၈ ရာခိုင်နှုန်း လျော့နည်းသွားခြင်းဖြစ်သည်။ ထိုင်းနိုင်ငံအနေဖြင့် နိုင်ငံ၏ကားထုတ်လုပ်မှုကို ပြည် တွင်းရောင်းအားနှင့် ပြည်ပတင်ပို့မှု အပိုင်းနှစ်ပိုင်းအတွက် ထုတ်လုပ်နေခြင်းဖြစ်သည်။ FTI ၏မော်တော်ကားလုပ်ငန်း ကလပ်အသင်းက ထိုအပိုင်းကဏ္ဍနှစ်ရပ်စလုံးအနေဖြင့် စွန့်စား ရမှု (Risks)များနှင့် ရင်ဆိုင်နေရကြောင်း ပြောကြားခဲ့သည်။

     ၂၀၂၀ ပြည့်နှစ်တွင် ရည်မှန်းထားသော ထုတ်လုပ်မှု အနေဖြင့် အပိုင်းကဏ္ဍတစ်ရပ်စီအတွက် ကားအစီးရေ တစ်သန်းဖြစ်ပြီး ၎င်းမှာ ပြည်တွင်းရောင်းအားနှင့် ပြည်ပ တင်ပို့မှုတို့အတွက် နှစ်အလိုက်တွင် သုည ဒသမ ၇၅ ရာခိုင် နှုန်းနှင့် ၅ ဒသမ ၁၃ ရာခိုင်နှုန်းကျဆင်းသွားခြင်းဖြစ်သည်။ ကလပ်အသင်း၏  ပြောရေးဆိုခွင့်ရှိသူ Surapong Paisitpatanapong က ပြောကြားရာတွင် အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲနှင့် အမေရိကန်-အီရန် စစ်ရေးတင်းမာမှုများသည် ကမ္ဘာလုံးဆိုင်ရာစီးပွားရေးနှင့် ကုန်သွယ်မှုအပေါ် လွှမ်းမိုးနေဆဲဖြစ်ကြောင်း ထိုင်းနိုင်ငံ၏ မော်တော်ကား လုပ်ငန်းအနေဖြင့်လည်း ြွခင်းချက်မရှိခဲ့ကြောင်း၊ အချို့သော နိုင်ငံများမှ ဝယ်ယူမှုအမှာစာများကို လျှော့ချခဲ့ကြောင်းနှင့် အကျိုးဆက်အနေဖြင့် ကားထုတ်လုပ်မှုကျဆင်းခဲ့ရကြောင်း ပြောကြားခဲ့သည်။

    ၂၀၁၉ ခုနှစ် ပြည်တွင်းကားအရောင်းမှာ စုစုပေါင်း အစီးရေ ၁ ဒသမ ဝ၁ သန်း ရောင်းချရခဲ့ပြီး ယခင်နှစ် အလားတူ ကာလကထက် ၃ ဒသမ ၃ ရာခိုင်နှုန်း ကျဆင်းခဲ့ခြင်းဖြစ်သည်။ သို့ရာတွင် ၂၀၁၉ ခုနှစ် အရောင်းမှာ သုံးနှစ်တာကာလအတွင်း ပထမဆုံးကျဆင်းခဲ့ခြင်းဖြစ်သည်။ ပြည်တွင်းဈေးကွက်မှာ ဘဏ္ဍာရေးအဖွဲ့အစည်းများမှ မော်တော်ကားချေးငွေအပေါ် ပယ်ချမှုများကြောင့် ထိခိုက်နေဆဲဖြစ်ကြောင်း၊ သို့ရာတွင် ကားထုတ်လုပ်သူအများအပြားမှာ ၂၀၁၉ ခုနှစ် စတုတ္ထသုံးလ ပတ်တွင် ကားမော်ဒယ်အသစ်များကိုစတင် မိတ်ဆက်ထုတ် လုပ်လာခဲ့ကြောင်း၊ သို့ဖြစ်၍ ၂၀၂၀ ပြည့်နှစ်အတွက် အချို့ကြိုတင်မှာယူထားဝယ်ယူသူများအား စတင်ဖြန့်ချိတော့မည် ဖြစ်ကြောင်း Mr.Surapong က ပြောကြားခဲ့သည်။ ၂၀၁၉ ခုနှစ်တွင် ပြည်ပသို့ ကားတင်ပို့မှုမှာ အစီးရေ ၁ ဒသမ ဝ၅ သန်းရှိခဲ့ပြီး ၎င်းမှာ နှစ်အလိုက်တွင် ၇ ဒသမ ၅၉ ရာခိုင်နှုန်းကျဆင်းခဲ့ခြင်းဖြစ်ကြောင်း၊ သင်္ဘော တင်ပို့မှုတန်ဖိုး မှာ ဘတ်ငွေ ၅၄၆ သန်းဖြစ်ပြီး ၎င်းမှာ ၈ ဒသမ ၂၁ ရာခိုင်နှုန်း ကျဆင်းသွားခြင်းဖြစ်သည်။ ၂၀၁၉ ခုနှစ်တွင် အာရှသည် အကြီးမားဆုံးကား တင်ပို့သည့်နေရာဖြစ်ပြီး စုစုပေါင်းအစီးရေ ၃၁၈၇၅၂ စီးတင်ပို့ခဲ့ကာ စုစုပေါင်းတင်ပို့မှု၏ ၃၀ ဒသမ ၂ ရာခိုင်နှုန်းရှိကြောင်း၊ သမုဒ္ဒရာနိုင်ငံများမှာ ဒုတိယနေရာတွင် ရှိ ကြောင်း၊  ၂၀၁၉ ခုနှစ် ကာလအတွက် မော်တော်ကားအစီးရေ ၃၀၁၉၂၃ စီး တင်ပို့ခဲ့ကြောင်း သိရှိရသည်။

 

Source:Bangk Post

လွင်မျိုးဇော်၊ စီးပွားရေးသံမှူး မြန်မာသံရုံး၊ဗန်ကောက်မြို့