BRICS နိုင်ငံများမှ ကုန်သွယ်ရေးဝန်ကြီးများအစည်းအဝေးကို ရှန်ဟိုင်းတွင် ကျင်းပ

Wed, 08/09/2017 - 07:13 -- admin_ygn

         ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နှင့် တောင်အာဖရိကနိုင်ငံများ ပါဝင်သော BRICS နိုင်ငံများမှ ကုန်သွယ်ရေးဝန်ကြီးများ၏ နှစ်ပတ်လည်အစည်းအဝေးကို သြဂုတ်လ ၁ ရက်က ရှန်ဟိုင်းတွင် ကျင်းပခဲ့သည်။ ၎င်းအစည်း အဝေးတွင် ကုန်သွယ်မှုလျင်မြန်ချောမွေ့စေရေး၊ စီးပွားရေးနှင့် နည်းပညာပူးပေါင်းဆောင်ရွက်ရေး၊ လူ့စွမ်းအားအရင်း အမြစ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံစုံကုန်သွယ်မှုစနစ်တို့နှင့်စပ်လျဉ်း ၍ အဓိကထားဆွေးနွေးကြမည်ကြောင်း ရှန်ဟိုင်းတွင် နှစ်ရက်ကြာ ကျင်းပခဲ့သော ခုနစ်ကြိမ်မြောက် ကုန်သွယ်ရေးဝန်ကြီးများ အစည်းအဝေး၏ သဘာပတိအဖြစ်ဆောင်ရွက်ခဲ့သည့် တရုတ်နိုင်ငံစီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး  မစ္စတာကျုံရှန်းက ဖွင့်ပွဲ အခမ်း အနားတွင် ထည့်သွင်းပြောကြားခဲ့သည်။
         အဆိုပါ BRICS နိုင်ငံများပါဝင်သောအဖွဲ့ကို ၂၀၀၆ ခုနှစ်တွင် စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပြီး၊ ထွန်းသစ်စနိုင်ငံများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများကြား အပြန်အလှန်အကျိုးဖြစ်ထွန်းစေရေးအတွက် ရည်ရွယ်ခဲ့သည်။ BRICS နိုင်ငံ များသည် ကမ္ဘာ့ထုတ်လုပ်မှုပမာဏစုစုပေါင်း၏လေးပုံတစ်ပုံကို ထုတ်လုပ်လျက်ရှိပြီး နှစ်စဉ်ကမ္ဘာ့စီးပွားရေးတိုးတက် မှု၏တစ်ဝက်ကိုလည်း ကိုယ်စားပြုလျက်ရှိရာ ကမ္ဘာ့စီးပွားရေးနှင့် အုပ်ချုပ်ရေးကဏ္ဍများတွင် သိသာထင်ရှားစွာ တိုးတက်လျက်ရှိကြောင်း၊ ကမ္ဘာ့စီးပွားရေးပြန်လည် နာလန်ထူရေးအတွက် မသေချာမရေရာ သည့်ယနေ့အချိန်အခါကဲ့သို့သောအခြေအနေများတွင် BRICS နိုင်ငံများ၏ ပူးပေါင်းဆောင်ရွက်မှုများကို  ပိုမိုတိုးမြှင့်လုပ်ဆောင်ရန်နှင့် အရှိန်အဟုန်မြှင့်တင်နိုင်မည့်နည်းလမ်းသစ်များကိုလည်း  စူးစမ်းရှာဖွေရန် မစ္စတာကျုံရှန်းက ပြောကြားခဲ့သည်။ နိုင်ငံစုံကုန်သွယ်မှုစနစ်ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေး၊ ကိုယ်ကျိုးစီးပွားကာကွယ်ရေးဆန့်ကျင်မှု တိုးတက်ေ ကာင်းမွန်လာမှု များက ထွန်းသစ်စနိုင်ငံများနှင့်ဖွံ့ဖြိုးဆဲနိုင်ငံများ၏ဘုံအကျိုးစီးပွားကို အကျိုးရှိစေနိုင်ကြောင်း မစ္စတာကျုံရှန်းကပြောကြားခဲ့သည်။
         "ဒီနှစ်မှာ အိမ်ရှင်နိုင်ငံအဖြစ် BRICS အစည်းအဝေးကိုလက်ခံ ကျင်းပခွင့်ရခဲ့တဲ့အတွက် တရုတ်နိုင်ငံအနေနဲ့ BRICS နိုင်ငံများရဲ့ ခေါင်းဆောင်များအကြား သဘောတူညီမှုတွေရရှိအောင် ကြိုးပမ်းဆောင်ရွက်နိုင်လိမ့်မယ် လို့ ယုံကြည်ပါတယ်။ ဒီအစည်းအဝေးက လာမယ့်နှစ်မှာ ကျင်းပမယ့် BRICS ထိပ်သီးအစည်းအဝေးအတွက် လမ်းဖွင့်ပေးနိုင်မယ့် အစည်းအဝေးတစ်ရပ်ဖြစ်လာမှာပါ"ဟု ၎င်းက ပြောကြားခဲ့သည်။ ယခုနှစ်အတွက် BRICS  နိုင် ငံများ၏ဥက္ကဋ္ဌနေရာကို ရရှိထားသော တရုတ်နိုင်ငံအနေဖြင့်(၉)ကြိမ်မြောက် BRICS နိုင်ငံများ၏ ထိပ်သီးအစည်းအဝေးကို ယခုနှစ် စက်တင်ဘာလတွင် တရုတ်နိုင်ငံ အရှေ့တောင်ပိုင်းရှိ ဖူကျင်းပြည်နယ်၊ ရှမင်မြို့တွင် အိမ်ရှင် အဖြစ် လက်ခံကျင်းပရန် စီစဉ်ထားကြောင်းသိရသည်။

 

ခင်စုစုလှိုင်(CJ)