၂၀၁၃ ခုနှစ်မှာ ဗီယက်နမ်နိုင်ငံက ဆန်တန်ချိန် ၉ သိန်းကျော် တင်ပို့ပြီးဖြစ်

Tue, 05/07/2013 - 04:26 -- admin

၂၀၁၃ ခုနှစ် နှစ်ဆန်းမှမတ်လ ၁၄ ရက်နေ့ထိ ဆန်တန် ချိန် ၉၀၆၁၇၃၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၄၁၁ သန်းကို တင်ပို့နိုင်ခဲ့ပြီလို့ ဗီယက်နမ်စားသောက်ကုန်အသင်း (VFA) ရဲ့ထုတ်ပြန်ချက်အရ သိရှိရပါတယ်။ ဇန်နဝါရီလအတွင်း ဗီယက်နမ်မှတင်ပို့တဲ့ ပျမ်းမျှဆန်ဈေးဟာ ယမန်နှစ်ကာလတူထက် ၂၀  ရာခိုင်နှုန်း လျော့နည်းခဲ့ပါ တယ်။ စက်မှုနဲ့ ကုန်သွယ်ရေးဝန်ကြီးဌာနမှ အာဖရိက အနောက်နဲ့ တောင်အာရှဒေသခွဲ တာဝန်ခံ Hoang Due Nhuan က ၂၀၁၃ ခုနှစ်ဟာ ဗီယက်နမ်နိုင်ငံအနေနဲ့ ဆန်တင်ပို့ရန်ခက်ခဲတဲ့နှစ် တစ်ခုဖြစ်တယ်။ အခြားကမ္ဘာ့ဆန် တင်ပို့တဲ့နိုင်ငံများဖြစ်တဲ့ ထိုင်းနဲ့ အိန္ဒိယနိုင်ငံတို့နဲ့ယှဉ်ပြိုင်ပို့ရ တဲ့ အတွက် ဖြစ်တယ်လို့ ပြောကြားခဲ့တယ်လို့သိရပါတယ်။
Source:VOV
CMK