တရုတ်နှင့်အမေရိကန်တို့ ပထမအကြိမ် ထိပ်သီးအစည်းအဝေးပြုလုပ်ရန် တရုတ်နိုင်ငံ မျှော်လင့်

Wed, 04/05/2017 - 08:38 -- admin_ygn

        လာမည့် ဧပြီလ၌ တရုတ်နှင့် အမေရိကန်တို့သည် ပထမအကြိမ် ထိပ်သီးအစည်းအဝေးကျင်းပရန် ရည်မှန်းထားပြီး အသေးစိတ်အစီအစဉ်ကို ဆက်လက် အတည်ပြုမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ဖော်ပြောကြားချက်အရ သိရှိရပါသည်။  နိုင်ငံခြားရေး ဝန်ကြီးဝမ်ရီက နှစ်နိုင်ငံအကြား ဆက်ဆံရေးမှာ အပြုသဘော ဆောင်သည့်ဘက်သို့ ရောက်ရှိလာပြီး ပဋိပက္ခနှင့်ထိပ်တိုက်ရင်ဆိုင်တွေ့မှုကို ရှောင်ရှားခြင်း၊ အပြန်အ လှန် နားလည်မှုနှင့် လေးစားမှုကိုအခြေခံ၍ ဆက်ဆံသွားမည်ဖြစ်ကြောင်း ရှင်းလင်းထားပါသည်။
       အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson သည် ၎င်း၏ ပထမဆုံးအာရှခရီးစဉ်အဖြစ် ဂျပန်၊ တောင်ကိုရီးယားနှင့် တရုတ်နိုင်ငံသို့ သွားရောက်မည်ဖြစ်ပြီး တရုတ်နိုင်ငံသို့ မေလ  ၁၈ ရက်နေ့တွင် ရောက်ရှိမည်ဖြစ်ရာ သမ္မတရှီကျင့် ဖျင့်၊ ဝန်ကြီးချုပ်လီခချန်း၊ နိုင်ငံတော်ကောင်စီဝင် ယန်ကျန်းချိ၊ နိုင်ငံခြားရေးဝန်ကြီး ဝန်ယီတို့နှင့်တွေ့ဆုံမည်ဖြစ်သည်။အဆိုပါ တွေ့ဆုံပွဲတွင် ထရမ့်အစိုးရလက်ထက် တရုတ် နှင့် နှစ်နိုင်ငံဆက်ဆံရေး လုပ်ငန်း အစီ အစဉ်များကို ဆွေးနွေး မည်ဖြစ်ကြောင်းသိရပါသည်။

 

သန္တာခိုင်၊ စီးပွားရေးသံမှူး မြန်မာသံရုံး၊ ပေကျင်းမြို့