တရုတ်နိုင်ငံ၏ လယ်ယာထွက် စားသောက်ကုန်ပစ္စည်းများ ဈေးကွက်နှင့် ကုန်ထုတ်လုပ်မှုဈေးကွက် ဈေးနှုန်းများကျဆင်းလာ

Wed, 06/28/2017 - 06:56 -- admin_ygn

          စောင့်ကြည့်လေ့လာရေးအဖွဲ့၏ အစီရင်ခံစာအရ အမျိုးသားလယ်ယာထွက် စားသောက်ကုန်ပစ္စည်းများ၏ဈေးကွက်ညွှန်းကိန်းသည် သုည ဒသမ ၈ ရာခိုင် နှုန်း ကျဆင်းခဲ့ပြီး၊ ပြီးခဲ့သည့်ရက်သတ္တပတ် မေ ၂၉ မှ ဇွန် ၄ ရက်အထိနှင့် ယခု တစ်ပတ်အား နှိုင်းယှဉ်လျှင် ကုန်ထုတ်လုပ်မှုဈေးကွက်မှာ သုည ဒသမ၂ ရာခိုင် နှုန်းခန့်ကျဆင်းခဲ့ကြောင်း ဖော်ပြပါရှိပါသည်။ လယ်ယာထွက် စားသောက်ကုန်ပစ္စည်းများ၏ ဈေးကွက်တွင် သီးနှံ အမျိုး အစား ၃၀ ၏ ပျမ်းမျှဈေးနှုန်းသည် ယခင်တစ်ပတ်နှင့်နှိုင်းယှဉ်လျှင် ၁ ဒသမ၇ ရာခိုင်နှုန်း ကျဆင်းခဲ့သည်ကိုတွေ့ရှိခဲ့ရပြီး ကြက်သွန်ဖြူမှာ ၁၃ ဒသမ ၈  ရာခိုင် နှုန်း၊ ကြက်သွန်နီမှာ ၇ ဒသမ ၄ရာခိုင်နှုန်း၊ ပဲပိစပ် ၅ ဒသမ ၈ ရာခိုင်နှုန်း အသီး သီး ကျဆင်းခဲ့ပါသည်။ ထို့အပြင် မွေးမြူရေးကြက်ဥများ၏ ဈေးနှုန်းမှာလည်း တစ်ရာခိုင်နှုန်း၊ မွေးမြူရေး ကြက်သား၏ဈေးနှုန်း သုည ဒသမ ၆ ရာခိုင်နှုန်း အသီးသီး ကျဆင်းခဲ့ကြောင်း၊ ဘဲသားနှင့် သိုးသားဈေးနှုန်းတို့မှာမူ ယခင်တစ်ပတ် ဈေးနှုန်းအတိုင်း ဆက်လက်တည်ရှိနေသည်ကို တွေ့ရှိရပါသည်။ အသားဈေးနှုန်းမှာလည်း မတည်ငြိမ်ဘဲ အတက်အကျ ဖြစ်လျက်ရှိကာ ဝက်သားဈေးနှုန်းသည် ၁ဒသမ၆ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး အမဲသားဈေးနှုန်း မှာ သုည ဒသမ ၁ ရာခိုင်နှုန်း တက်လာသည်ကို တွေ့ရှိရပါသည်။
           ဂျုံ၊ စပါး စသည့် အစေ့အဆန်မှ ထုတ်လုပ်ရရှိသောအစားအစာများ၏ ဈေးနှုန်းသည် အနည်းငယ်ကျဆင်းခဲ့ကာ၊ ဆန်ဈေးနှုန်းမှာ ယခင်တစ်ပတ် ဈေး နှုန်းအတိုင်း တည်ငြိမ်လျက်ရှိပြီး၊  စားသုံးဆီဈေးသည် မတည်ငြိမ်ဘဲ အတက် အကျ ဖြစ်လျက်ရှိကာ၊ ပဲပိစပ်ဆီနှင့် မြေပဲဆီတို့သည် ၁ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းခဲ့ပါသည်။ မုန်ညင်းဆီဈေးနှုန်းမှာလည်း သုည ဒသမ ၁ ရာခိုင်နှုန်း တက်လာသည်ကို တွေ့ရှိရပါသည်။ ရေထွက်ကုန်ပစ္စည်းများ၏ ပျမ်းမျှဈေးနှုန်းသည် သုည ဒသမ၂ ရာခိုင်နှုန်း ခန့် မြင့်တက်လာသည်ကို တွေ့ရှိရပြီး၊ ငါးပုတ်သင်နှစ်ရာခိုင်နှုန်း၊  မြက်ငါးကြင်း ၁ ဒသမ ၃ ရာခိုင်နှုန်း၊ ငါးကြင်းရွှေဝါငါး ၁ ဒသမ ၅ ရာခိုင်နှုန်းအသီးသီး ဈေးနှုန်း တက်လာခဲ့သည် ကို တွေ့ရှိရပါသည်။ ကုန်ထုတ်လုပ်မှုဈေးကွက်တွင်မူ ရော်ဘာဈေးနှုန်းသည် ၁ ဒသမ ၁ ရာခိုင် နှုန်းကျဆင်းခဲ့ကာ သဘာဝရော်ဘာကြမ်းသည် ၁ ဒသမ ၈ရာခိုင်နှုန်း၊ ပြုပြင်ပြီး ရော်ဘာသည် သုည ဒသမ ၃ရာခိုင်နှုန်း အသီးသီး ကျဆင်းခဲ့ကြကြောင်း၊ သတ္တု ဈေးကွက်တွင်မူ သံမှအပဖြစ်သော သတ္တုဈေးနှုန်းသည် တစ်ရာခိုင်နှုန်းကျဆင်း ခဲ့ကာ နီကယ် ၃ ဒသမ ၆ ရာခိုင်နှုန်း၊ ဇင့် နှစ်ရာခိုင်နှုန်း၊ ကြေးနီ သုည ဒသမ ၉ ရာခိုင်နှုန်း၊ အလူမီနီယမ် သုည ဒသ မ ၉ ရာခိုင်နှုန်း၊ သံဖြူဒြပ်စင်  သုည ဒသမ ၃ ရာခိုင်နှုန်း အသီးသီးကျဆင်းခဲ့ကာ ခဲသည် ၁ ဒသမ ၁ ရာခိုင်နှုန်းတက်လာ ခဲ့ကြောင်း၊ ကျောက် မီးသွေးဈေးနှုန်းသည် သုည ဒသမ  ၃ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး၊ Steam coal က သုညဒသမ ၅ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း Coking coal သုည ဒသမ ၁ ရာခိုင်နှုန်း တက်လာခဲ့ကြောင်း၊ Blind coal သည် ယခင်တစ်ပတ်ဈေးနှုန်းအတိုင်း ဆက်လက်တည်ရှိနေကြောင်း၊ သံမဏိဈေးနှုန်းသည်လည်း တည် ငြိမ်လျက်ရှိကြောင်း၊ သွပ်ပြားဈေးနှုန်း သုညဒသမ ၃ ရာခိုင်နှုန်း  ကျဆင်းကြောင်း၊ အဆင့်မြင့်ကြေးနန်း ဝါယာကြိုးခွေဈေးနှုန်း သုည ဒသမ၂ ရာခိုင်နှုန်းကျဆင်းခဲ့ကာ၊ သံမဏိသံချောင်း ဈေးနှုန်းသည် သုည ဒသမ ၁ ရာခိုင်နှုန်း အသီးသီး ကျဆင်း ခဲ့ပါသည်။ Hot Rolled strip ဈေးနှုန်းသည် သုည ဒသမ ၅ ရာခိုင်နှုန်းတက်လာကာ၊ Hot Rolled common sheet အဈေးနှုန်းသည် သုည ဒသမ ၄ ရာခိုင်နှုန်းအသီးသီး တက်လာခဲ့ကြောင်း၊ ဓာတုဓာ တ်မြေသြဇာ ဈေးနှုန်းအနေဖြင့် သုည ဒသမ ၁ ရာခိုင်နှုန်းတက်လာသည်ကို တွေ့ရှိရပြီး၊  ပုလဲဓာတ်မြေသြဇာ သုညဒသမ ၃ ရာခိုင်နှုန်းတက်လာကြောင်း၊ KCL နှင့် NPK သုည ဒသမ၁ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး၊ DAP ၏ ဈေးနှု န်းသည် တည်ငြိမ်လျက်ရှိသည်ကို တွေ့ရှိရကြောင်း ဖော်ပြပါရှိပါသည်။ ဓာတုကုန်ကြမ်းများ၏ အခြေခံဈေးနှုန်းသည် သုည ဒသမ ၄ ရာခိုင်နှုန်း တက်လာသည်ကို တွေ့ရှိရပြီး၊ သန့်စင်ပြီးဘန်ဇိုင်း ၁ ဒသမ ၁ ရာခိုင်နှုန်း၊  မီသိုင်း အယ်ကိုလ်ဟော သုည ဒသမ ၆ရာခိုင်နှုန်း၊ ဆာလဖျူရစ်အက်ဆစ် သုည ဒသမ၅ ရာခိုင်နှုန်း၊ ကော့စတစ်ဆိုဒါ သုည ဒသမ ၅ ရာခိုင်နှုန်းအသီးသီး တက်လာခဲ့ကြောင်း၊ ဆိုဒီယမ်ကာဘွန်နိတ်သည် သုည ဒသမ၇ ရာခိုင်နှုန်း ကျဆင်း ခဲ့ကြောင်း ဖော်ပြပါရှိပါသည်။

 

 

Source:  တရုတ်နိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ သတင်း

website : http://english.mofcom.gov.cn/article/newsrelease/significantnews/201706/...

ဝင်းပပသူ