စင်ကာပူရှိ ပုဂ္ဂလိကပိုင်းနှင့် ဘဏ်လုပ်ငန်းများက Covid-19 ရောဂါပိုးကြောင့် ထိခိုက်မှုရှိသော စီးပွားရေး လုပ်ငန်းများအား ကူညီပံ့ပိုးပေး

Wed, 03/04/2020 - 09:46 -- admin_ygn

          စင်ကာပူရှိ ပုဂ္ဂလိကကဏ္ဍနှင့် ဘဏ်များကလည်း Covid-19 ရောဂါ ပိုးကူးစက်မှု ဖြစ်ပေါ်ခြင်းကြောင့် ထိခိုက်မှုရှိသော စီးပွားရေးလုပ်ငန်းများကို ထောက်ပံ့ကူညီပေးနိုင်မည့် သက်သာချောင်ချိရေးအစီအမံများကို ပြုလုပ်ပေးလျက်ရှိကြောင်း သိရှိရသည်။ United Overseas Bank (UOB) ဘဏ်သည် ရောဂါဖြစ်ပွားမှုကြောင့် အကျိုးစီးပွားထိခိုက်မှုရှိသော စင်ကာပူ ရှိ ၎င်း၏ ဖောက်သည်ကုမ္ပဏီများကို အထောက်အကူပြုပေး နိုင်ရန် အတွက် စင်ကာပူဒေါ်လာ ၃ ဘီလီယံအား သီးသန့်ခွဲဝေထားပြီး လုပ်ငန်းလည်ပတ်နိုင်ရန် ရင်းနှီးငွေကို စင်ကာပူဒေါ်လာ ငါးသန်းအထိလည်းကောင်း၊ အပေါင်စာချုပ်ဖြင့် ငွေချေးယူခြင်း၊ ချေးငွေအရင်းနှင့် အတိုးနှုန်းများအား ပြန်လည် ပေးဆပ်ရမည့်ကာလတို့ကို ပြင်ဆင်ပေး ခြင်းစသည့် အစီအမံများဖြင့် ပံ့ပိုးပေး သွားမည်ဖြစ်သည်။ ဆက်သွယ်ရေး ဝန်ဆောင်မှု ကုမ္ပဏီဖြစ်သော StarHub ကလည်း ၎င်း၏ဖောက်သည်လုပ်ငန်းများ အထူးသဖြင့် SMEs များ၏ ရုံးဝန်ထမ်းများ အနေဖြင့် ရောဂါဖြစ်ပွားသည့် ကာလအတွင်း ရုံးတက်ရန်မလိုဘဲ လုပ်ငန်း များကို ဆက်လက် ဆောင်ရွက်သွားနိုင် ရန် အကူအညီပေးနိုင်သော SmartUC Mobile အပလီကေးရှင်းအား စက်တင် ဘာ ၁ ရက်အထိ အခမဲ့မှတ်ပုံတင်၍ အသုံးပြုဆောင်ရွက်သွားနိုင်ရန် ဆောင် ရွက်ပေးမည်ဖြစ်ပါသည်။

     ARA Asset Management ၊ The Straits Trading Company  နှင့် အိမ်ခြံ မြေလုပ်ငန်း JL Family Office တို့ကလည်း စင်ကာပူဒေါ်လာငါးသန်းဖြင့် ရန်ပုံငွေထူထောင်၍ SMEs များအတွက် လုပ်ငန်းလည်ပတ်ရန် အရင်းအနှီးအဖြစ် ခြောက်လချေ းငွေ စင်ကာပူ ဒေါ်လာ ၅ သောင်းအထိ၊  တစ်လ အတိုး နှုန်း သုည ဒသမ ၅ ရာခိုင်နှုန်းဖြင့် ရယူ နိုင်ရန် ကူညီပေးမည်ဖြစ်သည်။ OCBC ဘဏ်ကလည်း စင်ကာပူ၊ မလေးရှား၊ တရုတ်၊ ဟောင်ကောင်နှင့် မကာအို ဈေးကွက်များမှ ၎င်း၏ ဖောက်သည်လုပ်ငန်းများကို ချေးငွေ ပြန်လည်ပြင်ဆင်ပေးခြင်း၊ ချေးငွေအရင်းပြန်လည်ပေးဆပ်မှုကို ဆိုင်းငံ့ပေး ခြင်း၊ ကုန်သွယ်မှုအတွက် ဘဏ်ဝန် ဆောင်မှုများအပေါ် ငွေတောင်းခံသည့် ကာလများကိုလည်း နောက်ဆုတ်ပေး ခြင်း၊ လုပ်ငန်းအတွက် ရင်းနှီငွေထုတ်ချေးပေးခြင်းတို့ဖြင့် ကူညီပံ့ပိုးပေးသွား မည်ဖြစ်သည်။ Standard Chartered ဘဏ်သည် ချေးငွေကာလကို တိုးမြှင့်ပေးခြင်း၊ အရင်းငွေ ပြန်လည် ပေးဆပ်ရမည့် ကာလကို တစ်နှစ်အထိ ဆိုင်းငံ့ပေးခြင်း၊ ကုန်သွယ်မှုအတွက် ဘဏ်ဝန်ဆောင်မှု များအပေါ် ငွေတောင်းခံသည့်ကာလကို လည်း ထပ်တိုးပေးခြင်း၊ နောက်ကျ ကြေးနှင့် အခြားအခကြေးငွေများကို လည်း  ကင်းလွတ်ခွင့်နှင့်  အပေါင်ခံ ပစ္စည်းထက် ပိုမိုသောချေးငွေများ ရယူ နိုင်ခြင်းနှင့် ဘဏ်စာရင်းငွေထက်ပို ထုတ်ယူနိုင်ခြင်း စသည့်အစီအစဉ်များ ဖြင့် ပံ့ပိုးပေးသွားမည်ဖြစ်သည်။

     မလေးရှားဘဏ်ဖြစ်သော CIMB ၏ စင်ကာပူဘဏ်ခွဲကလည်း လုပ်ငန်း များ၏ ငွေသားစီးဆင်းမှုလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ငွေချေး သူများထံမှ ကာလရှည် ချေးငွေများ ရရှိ နိုင်စေရန် ကူညီပေးသွားမည်ဖြစ်သည်။ စင်ကာပူအစိုးရ၏ DBS ဘဏ် သည် SMEs ချေးငွေများအတွက် ခြောက်လအထိ ချေးငွေအရင်း ပြန်ပေး ဆပ်မှုကို ဆိုင်းငံ့ပေးခြင်း၊ သွင်းကုန် အတွက် ဘဏ်ဝန်ဆောင်မှုနှင့် ပတ် သက်၍ ငွေတောင်းခံမှုကို နှစ်လအထိ ထပ်တိုးပေးခြင်း၊ တက္ကစီယာဉ်မောင်း များနှင့် စီးနှင်းသူများအကြား ထိတွေ့မှု များကို ရှောင်ရှားနိုင်စေရန်အတွက် တက္ကစီဝန်ဆောင်မှု ကုမ္ပဏီဖြစ်သော ComfortDelGro နှင့် ပူးပေါင်း၍ ခရီး သည်များအား DBS ဘဏ်၏ Debit နှင့်  Credit ကတ်များကို အသုံးပြု၍ စီးနင်း ကြရန် တိုက်တွန်းထားသည်။

 

Source : The Business Times

မြတ်နိုး၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ စင်ကာပူမြို့