စင်ကာပူနိုင်ငံတွင် လစာအမြင့်ဆုံးနေရာများ၌ ငွေကြေးဆိုင်ရာ ရာထူးများက လွှမ်းမိုးလျက်ရှိ

Thu, 06/29/2017 - 06:29 -- admin_ygn

        ဗြိတိသျှနိုင်ငံမှ စစ်တမ်းကောက် ယူရေး အဖွဲ့တစ်ဖွဲ့ဖြစ်သည့် အီကောနော်မစ်က နိုင်ငံပေါင်း ၁၃၀ ကျော်ကို ကောက်ယူထားသော  စစ်တမ်းအရ စင်ကာပူနိုင်ငံသည် နေထိုင်စရိတ် အကြီးမားဆုံးနိုင်ငံများတွင် ထိပ်ဆုံးက ပါဝင်နေဆဲဖြစ်ကြောင်း အက်စ်ဘီအာ အွန်လိုင်းသတင်းတွင် ဖော်ပြသည်။ ထိုကဲ့သို့ နေထိုင်စရိတ်ကြီးမား သော နိုင်ငံ တစ်နိုင်ငံအဖြစ် တည်ရှိနေသော်လည်း ကုန်စည်များအတွက် သုံးစွဲရာတွင် မြင့်တက်လျက်ရှိနေသော ကုန် ကျစရိတ်ကို  ရရှိနိုင်ရေးအတွက် အလုပ်အကိုင်  ရှာဖွေသူများသည် စင်ကာပူတွင်   လစာကောင်းကောင်း ရသော အလုပ်အကိုင်ကိုရရှိနိုင်စေရန် အသည်းအသန်  ကြိုးပမ်းဆောင်ရွက် လျက်ရှိသည်။
          စင်ကာပူနိုင်ငံတွင် လစာအမြင့်ဆုံးရရှိသော အလုပ်အကိုင်များမှာ ငွေကြေးကဏ္ဍတွင်ရှိသည်။ ဥပမာအားဖြင့် ငွေစာရင်းထိန်းသိမ်းကွပ်ကဲ မှုလုပ်ငန်းကို ဆောင်ရွက်သူ Finance Controller  ရာထူးများနှင့် ဘဏ္ဍာရေး ဆိုင်ရာ ဥပဒေမူဝါဒများကို ဆောင်ရွက်ရသော  Compliance Manager ရာထူးများသည် လစာကောင်းသော ရာထူးများဖြစ်ကြသည်။ စင်ကာပူနိုင်ငံ၏  စီးပွားရေးသည် A သုံးလုံး အဆင့်တွင် ဆက်လက်တည်ရှိနေဆဲဖြစ်ပြီး ထိုသို့တည်ရှိ နေသော အခြေအနေက ဘဏ္ဍာရေး ဆိုင်ရာလုပ်ငန်းများတွင် လုပ်ကိုင်နေသူတို့၏  လစာမြင့်တက်ရေးအတွက် အထောက်အကူပေးသော အကြောင်း တရားတစ်ခုဖြစ်ကြောင်း Cash Mart Singapore ၏ ချေးေ ငွ စိစစ်ရေးအရာရှိ ဝီလျံလီက ပြောသည်။
       "စင်ကာပူနိုင်ငံအတွင်းမှာ ဘဏ် ၂၀၀ ကျော်က ဌာနချုပ်ရုံးတွေ ဖွင့်လှစ်ထားပါတယ်။ သူတို့ရဲ့ စုစုပေါင်းအက်ဆက်ခန့်မှန်းခြေက အမေရိကန်ဒေါ်လာ အနည်းဆုံး နှစ်ထရီလီယံရှိပါတယ်။  ဒီအခြေအနေမျိုးကြောင့် စင်ကာ ပူနိုင်ငံကို ဘဏ္ဍာရေး ဗဟိုအချက်အချာအဖြစ်ကို ရောက်ရှိစေပြီး ကမ္ဘာ့ဘဏ္ဍာရေးစင်တာများ အညွှန်းကိန်းမှာ တတိယနေရာကို ရောက်ရှိစေခဲ့ပါတယ်"ဟု သူကပြော သည်။ ထို့ပြင် အာရှပစိဖိတ်ဒေသမှာ စင်ကာပူနိုင်ငံကို ဘ ဏ္ဍာရေးနည်း ပညာဗဟိုအချက်အချာ ဒေသတစ်ခု ဖြစ်လာအောင် စင်ကာပူအစိုးရက အားသွန်ခွန်စိုက် ကြိုးပမ်းလျက်ရှိရာ စင်ကာပူဗဟိုဘဏ်က ဘဏ္ဍာရေး နည်းပညာ (Fintech) လုပ်ငန်းရပ်များ ဖွံ့ဖြိုးတိုးတက်လာရေး အ တွက် အမေရိကန်ဒေါ်လာ သန်း ၂၀၀ ကျော်ကို ခွဲဝေလျာထားပေးထားသည်။ Fintech Developer အဖြစ်  ဆောင်ရွက်နေသူ များမှာလည်း လစာကောင်းကောင်း ရရှိသူများ ဖြစ်ကြသည်။ ဘဏ္ဍာရေး ပညာရှင်များအတွက် ဖြည့်ဆည်းရန် လိုအပ်ချက်များမှာ အများအပြား ရှိနေဦးမည်ဖြစ်သော် လည်း လျှောက်ထားသူဦးရေ နည်းပါးသဖြင့် ဤလုပ်ငန်းရာထူးများကို ဖြည့်ဆည်းပေးရန်အတွက်  စိန်ခေါ်မှုများ ရှိနေဦးမည်ဖြစ်ကြောင်း လီက  ပြောသည်။

 

ဉာဏ်တင်