ကင်ညာနိုင်ငံ၏ ၂၀၁၃-၂၀၁၄ ဆန်တင်သွင်းမှု ၁၄ % တိုးတက်မည်ဟု ခန့်မှန်း

Tue, 05/07/2013 - 08:39 -- admin

ကင်ညာနိုင်ငံဟာ ၂၀၁၃-၂၀၁၄ ဈေးကွက်နှစ် (အောက်တိုဘာလမှ စက်တင်ဘာလအထိ) ကာလအတွင်း ဆန်တန်ချိန်ပေါင်း ၄၀၀ယ၀၀၀ ဝန်းကျင် တင်သွင်းမယ်လို့ ခန့်မှန်းထားတယ်။ ၂၀၁၂-၂၀၁၃ ဈေးကွက်နှစ်အတွင်း  ဆန်တန်ချိန် ၃၅၀၀၀၀ သာ တင်သွင်းရမယ်လို့ ခန့်မှန်းထားရာ ပမာဏထက် ၁၄  ရာခိုင်နှုန်းပိုမိုပြီး တိုးတက် တင်သွင်းရမှာဖြစ်ကြောင်း အမေရိကန်လယ်ယာစိုက်ပျိုးရေးဌာန USDA ကပြောကြားတယ်။ ကင်ညာနိုင်ငံမှာ လူဦးရေတိုးတက်လာခြင်း၊ မြို့ပြဖွံ့ဖြိုးမှု တိုးတက်လာခြင်းနဲ့ စားသောက်ကုန် ဝန်ဆောင်မှု လုပ်ငန်းကဏ္ဍဖွံ့ဖြိုးလာခြင်းတို့ကြောင့် ဆန်စားသုံးမှုလည်း တိုးတက်မြင့်မားလာတယ်လိ့ု USDA က ဆိုပါတယ်။ ၂၀၁၃-၂၀၁၄ မှာ ဆန်စားသုံးမှုဟာ ယခင်နှစ်က ခန့်မှန်းထားတဲ့ တန်ချိန် ၄၆၀ယ၀၀၀ ထက် ၄ ရာခိုင်နှုန်းပိုမိုပြီး တန်ချိန် ၄၈၀ယ၀၀၀ ထိ ရောက်ရှိမယ်လို့ ပြောင်းလဲခန့်မှန်းထားတယ်။ ကင်ညာနိုင်ငံရဲ့ ဆန်စပါးစိုက်ပျိုးထုတ်လုပ်နိုင်မှု စုစုပေါင်းဟာ စားသုံးမှု စုစုပေါင်းရဲ့ ၈ ပုံ၁ ပုံခန့်သာရှိပြီး ၂၀၁၃-၂၀၁၄ ကာလအတွင်းမှာ ထုတ်လုပ်မှု ဆန်တန်ချိန် ၅၀၀၀ ခန့် သာရှိမယ်လို့ ခန့်မှန်းထားတယ်။ ကင်ညာနိုင်ငံ မှာ ဆန်စားသုံးမှု ခေတ်စားပြီး တိုးတက်နေတယ်။ တစ်ဦးချင်း စားသုံးမှုမှာ နောင် (၂)နှစ်တာ ကာလအတွင်း ၅၇ ရာခိုင်နှုန်းခန့်ထိ တိုးတက်လာမယ်လို့ တွက်ချက်ရရှိကြောင်း၊ လက်ရှိတစ်ဦးချင်းစားသုံးမှုမှာ တစ်နှစ်ကို ဆန်(၇)ကီလိုဂရမ်မှ ၂၀၁၅ ခုနှစ်မှာ (၁၁)ကီလိုဂရမ်ထိ တိုးတက်လာမှာဖြစ်ကြောင်း USDA ပြောကြားတယ်။ လူတစ်ဦးချင်း စားသုံးမှုမှာ ဂျုံ ၄ ရာခိုင်နှုန်း ၊ပြောင်း ၁ ရာခိုင်နှုန်း ပိုမိုလာမယ်လို့ ခန့်မှန်းထားတယ်။ မြို့ပြဒေသလူဦးရေ တိုးတက်နေတာနဲ့ အမျှ ဆန်စားသုံးမှုကလည်း တိုးတက်ပြီး ဆန်ကို ၁၂ ရာခိုင်နှုန်းထိ တိုးတက်စားသုံးလာမယ်လို့ ကင်ညာနိုင်ငံ လယ်ယာစိုက်ပျိုးရေး ဝန်ကြီးဌာနက ပြောကြားတယ်။ အိန္ဒိယ၊ ထိုင်း၊ ဗီယက်နမ်နဲ့ ပါကစ္စတန်တို့က ကင်ညာနိုင်ငံကို အဓိက ဆန်ရောင်းချသူများဖြစ်ကြတယ်။
Source : oryza.com
စန္ဒာပျို