ကြို့ပင်ကောက်မြို့နယ်၌ မိုးစပါး စိုက်ပျိုးစရိတ်ချေးငွေကျပ်သိန်းပေါင်း တစ်သောင်းကျော်ထုတ်ချေးမည်

Thu, 06/16/2016 - 04:07 -- admin_ygn

           ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်အတွင်းရှိ တောင်သူလယ်သမားများ မိုးစပါး အချိန်မီစိုက်ပျိုးနိုင်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ကြို့ပင်ကောက်မြို့နယ် မြန် မာ့ လယ်ယာဖွံ့ဖြိုး ရေးဘဏ်ခွဲမှ မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ပေးလျက်ရှိရာ ဇွန် ၇ ရက်အထိ ကျေးရွာအုပ်စု ခြောက်အုပ်စုမှ တောင်သူ ၄၉၃ ဦးရဲ့ မိုးစပါးစိုက်ဧက ၃၀၉၉ ဧကအတွက်ငွေကျပ် ၄၆၄၈၅၀၀၀၀ ကို ထုတ်ေ ပး နိုင်ခဲ့ကြောင်း သိရပါတယ်။
           ကြို့ပင်ကောက်မြို့နယ်ရှိ ကျေးရွာအုပ်စု ၅၂ အုပ်စုမှ မိုးစပါးဧက ၇၇၇၅၂ အတွက် တစ်ဧကလျှင် ငွေကျပ် တစ်သိန်း ခွဲနှုန်းကို အတိုးနှုန်းရှစ်ရာခိုင်နှုန်းဖြင့် စိုက်ပျိုးစရိတ်ချေးငွေကျပ်သိန်းပေါင်း  ၁၁၆၆၂၈ ကို  ထုတ်ချေး သွားမှာဖြစ်ပါတယ်။ စိုက်ပျိုးစရိတ်ချေးငွေကို ဇွန်လမှစ၍ သြဂုတ်လအထိ ထုတ်ချေးသွားမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မှ သိရပါတယ်။

 

ခင်ခင်ထိုက်-လက်ပံတန်း

Local Trade News

Pages