မြန်မာနိုင်ငံ၏ ပဲမျိုးစုံတင်ပို့နိုင်မှုအခြေအနေ
မြန်မာနိုင်ငံတွင်အဓိကသီးနှံများအနေဖြင့် စပါး၊ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါ၊ ကြံ တို့အားစိုက်ပျိုးပြီး တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲအမျိုးမျိုးစိုက်ပျိုး ထုတ်လုပ်မှုသည် ဒုတိယအများဆုံးဖြစ်ပြီး ပဲမျိုးစုံအနေဖြင့်တစ်နိုင်ငံလုံး၏ လယ်ယာ ထွက်ပစ္စည်းထွက်ရှိမှု၏ (၃၃%) စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ မြန်မာနိုင်ငံ စိုက်ပျိုးမြေဧရိယာ၏ (၂၀%)ခန့်သည် ပဲမျိုးစုံ စိုက်ပျိုးနေပြီး ပဲမျိုးစုံ စိုက်ဧက၏ (၇၂%) သည်မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများလည်း စိုက်ပျိုးကြပါ သည်။ လက်ရှိတွင် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံမှ တင်ပို့သည့် ပို့ကုန်အများစုသည် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်ပြီး ပဲမျိုးစုံသည်လည်းအဓိက ပို့ကုန်တစ်မယ် ဖြစ်ပါသည်။
မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်စာရင်းများအရ ပင်လယ်ရေကြောင်းမှ (၁၆၄၀၇၇၇) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၂၆၁.၈၇၄) သန်း၊ နယ်စပ်မှ (၂၇၈၃၇၉) တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၂၀၈.၇၈၉)သန်း၊ စုစုပေါင်း (၁၉၁၉၁၅၆) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၄၇၀.၆၆၃) သန်း တင်ပို့နိုင်ခဲ့ပြီး ယခု (၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ် (၁-၄-၂၀၂၃ မှ ၁၅-၃-၂၀၂၄ ရက်နေ့ထိ) ကာလအတွင်း ပင်လယ်ရေကြောင်းမှ (၁၄၅၁၄၃၄.၄၀၀)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၁၂၂၀.၄၇၃)သန်း၊ နယ်စပ်မှ (၁၄၉၀၁၈.၄၅၄) တန်၊တန်ဖိုး အမေရိကန်ဒေါ်လာ (၁၃၂.၁၀၁) သန်း၊ စုစုပေါင်း (၁၆၀၀၄၅၂.၈၅၄) တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ(၁၃၅၂.၈၇၄)သန်း တင်ပို့ နိုင်ခဲ့ပါသည်။
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် (၁-၄-၂၀၂၃ မှ ၁၅-၃-၂၀၂၄ ရက်နေ့ထိ)ကာလအတွင်း ပဲအမျိုးအစားအလိုက် တင်ပို့နိုင်မှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
| အမေရိကန်ဒေါ်လာသန်း | ||||||
| ကီလို-ထောင်ပေါင်း | ||||||
| စဉ် | အကြောင်းအရာ | ရေတွက် ပုံ |
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ( ၁၅-၃-၂၀၂၄) ထိ |
|||
| ပင်လယ် ရေကြောင်း |
နယ်စပ် | ပေါင်း | ||||
| ၁ | မတ်ပဲ | US$ | ၆၇၃.၁၂၉ | ၂.၈၃၈ | ၆၇၅.၉၆၇ | |
| ကီလို | ၇၃၀၅၇၃.၄၇၉ | ၂၅၆၀.၈၂၅ | ၇၃၃၁၃၄.၃၀၄ | |||
| ၂ | ပဲတီစိမ်း | US$ | ၂၆၂.၄၁၆ | ၃၈.၈၅၂ | ၃၀၁.၂၆၈ | |
| ကီလို | ၃၉၃၀၄၉.၁၆၃ | ၅၇၀၉၀.၉၀၆ | ၄၅၀၁၄၀.၀၆၉ | |||
| ၃ | ပဲစဉ်းငုံ | US$ | ၁၈၀.၁၀၄ | ၀.၀၀၀ | ၁၈၀.၁၀၄ | |
| ကီလို | ၁၈၉၆၃၉.၄၀၉ | ၀.၀၀၀ | ၁၈၉၆၃၉.၄၀၉ | |||
| ၄ | ကုလားပဲ | US$ | ၃.၇၄၄ | ၀.၀၀၀ | ၃.၇၄၄ | |
| ကီလို | ၃၇၅၄.၅၅၅ | ၀.၀၀၀ | ၃၇၅၄.၅၅၅ | |||
| ၅ | ပဲလွန်းဖြူ | US$ | ၂၉.၁၄၇ | ၃.၂၈၆ | ၃၂.၄၃၃ | |
| ကီလို | ၄၄၉၀၃.၇၂၆ | ၅၃၅၉.၄၁၈ | ၅၀၂၆၃.၁၄၄ | |||
| ၆ | မြေထောက်ပဲ | US$ | ၁၈.၈၀၂ | ၂၄.၆၁၇ | ၄၃.၄၁၉ | |
| ကီလို | ၁၈၄၈၇.၄၆၇ | ၁၇၅၀၁.၄၆၁ | ၃၅၉၈၈.၉၂၈ | |||
| ၇ | ထောပတ်ပဲ | US$ | ၁၃.၉၉၇ | ၇.၃၂၆ | ၂၁.၃၂၃ | |
| ကီလို | ၁၃၈၅၀.၆၁၇ | ၆၇၀၉.၅၈၁ | ၂၀၅၆၀.၁၉၈ | |||
| ၈ | ပဲယင်း | US$ | ၂၃.၃၉၈ | ၂၄.၉၆၇ | ၄၈.၃၆၅ | |
| ကီလို | ၃၅၈၉၈.၆၆၉ | ၃၀၈၈၅.၁၁၅ | ၆၆၇၈၃.၇၈၄ | |||
| ၉ | ပဲကြီး | US$ | ၂.၆၆၇ | ၁.၂၈၉ | ၃.၉၅၆ | |
| ကီလို | ၂၆၀၅.၂၃၂ | ၁၂၈၇.၀၀၀ | ၃၈၉၂.၂၃၂ | |||
| ၁၀ | ပဲကတ္တီပါ(စွန်တာနီ) | US$ | ၃.၂၈၂ | ၃.၂၈၂ | ||
| ကီလို | ၅၂၅၇.၅၀၈ | ၅၂၅၇.၅၀၈ | ||||
| ၁၁ | စွန်တာပြာ | US$ | ၀.၇၇၆ | ၀.၀၀၀ | ၀.၇၇၆ | |
| ကီလို | ၁၁၈၉.၆၈၀ | ၀.၀၀၀ | ၁၁၈၉.၆၈၀ | |||
| ၁၂ | ပဲကတ္တီပါ(စွန်တာနီ/ပြာ) | US$ | ၃.၁၄၁ | ၃.၁၄၁ | ||
| ကီလို | ၅၂၃၈.၅၃၄ | ၅၂၃၈.၅၃၄ | ||||
| ၁၃ | ပဲဖြူလေး | US$ | ၀.၀၀၀ | ၀.၀၀၀ | ၀.၀၀၀ | |
| ကီလို | ၀.၀၀၀ | ၀.၀၀၀ | ၀.၀၀၀ | |||
| ၁၄ | ဘိုကိတ်ပဲ | US$ | ၇.၄၈၇ | ၀.၀၀၀ | ၇.၄၈၇ | |
| ကီလို | ၁၀၉၈၃.၉၁၃ | ၀.၀၀၀ | ၁၀၉၈၃.၉၁၃ | |||
| ၁၅ | ပဲပုတ်စေ့ | US$ | ၀.၂၀၀ | ၀.၀၀၀ | ၀.၂၀၀ | |
| ကီလို | ၂၂၈.၇၃၀ | ၀.၀၀၀ | ၂၂၈.၇၃၀ | |||
| ၁၆ | ပဲနီကြား | US$ | ၁.၈၂၅ | ၁.၈၂၅ | ||
| ကီလို | ၃၅၅၇.၀၁၄ | ၃၅၅၇.၀၁၄ | ||||
| ၁၇ | နိုင်လွန်ပဲ | US$ | ၁.၁၁၉ | ၁.၁၁၉ | ||
| ကီလို | ၁၅၉၆.၅၀၀ | ၁၅၉၆.၅၀၀ | ||||
| ၁၈ | မြေပဲဆံ | US$ | ၁.၂၉၀ | ၂၁.၇၂၀ | ၂၃.၀၁၀ | |
| ကီလို | ၉၈၀.၈၂၅ | ၁၅၃၇၈.၀၀၀ | ၁၆၃၅၈.၈၂၅ | |||
| ၁၉ | အခြားပဲ | US$ | ၀.၀၃၄ | ၁.၁၂၁ | ၁.၁၅၅ | |
| ကီလို | ၃၁.၄၂၇ | ၁၈၅၄.၁၀၀ | ၁၈၈၅.၅၂၇ | |||
| ပဲတင်ပို့မှုစုစုပေါင်း | US$ | ၁၂၂၀.၄၇၃ | ၁၃၂.၁၀၁ | ၁၃၅၂.၅၇၄ | ||
| ကီလို | ၁၄၅၁၄၃၄.၄၀၀ | ၁၄၉၀၁၈.၄၅၄ | ၁၆၀၀၄၅၂.၈၅၄ | |||
