မြန်မာနိုင်ငံ၏ ပဲမျိုးစုံတင်ပို့နိုင်မှုအခြေအနေ
မြန်မာနိုင်ငံတွင်အဓိကသီးနှံများအနေဖြင့် စပါး၊ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါ၊ ကြံ တို့အားစိုက်ပျိုးပြီး တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲအမျိုးမျိုးစိုက်ပျိုး ထုတ်လုပ်မှုသည် ဒုတိယအများဆုံးဖြစ်ပြီး ပဲမျိုးစုံအနေဖြင့်တစ်နိုင်ငံလုံး၏ လယ်ယာ ထွက်ပစ္စည်းထွက်ရှိမှု၏ (၃၃%) စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ မြန်မာနိုင်ငံ စိုက်ပျိုးမြေဧရိယာ၏ (၂၀%)ခန့်သည် ပဲမျိုးစုံ စိုက်ပျိုးနေပြီး ပဲမျိုးစုံ စိုက်ဧက၏ (၇၂%) သည်မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများလည်း စိုက်ပျိုးကြပါ သည်။ လက်ရှိတွင် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံမှ တင်ပို့သည့် ပို့ကုန်အများစုသည် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်ပြီး ပဲမျိုးစုံသည်လည်းအဓိက ပို့ကုန်တစ်မယ် ဖြစ်ပါသည်။
မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်စာရင်းများအရ ပင်လယ်ရေကြောင်းမှ (၁၆၄၀၇၇၇) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၂၆၁.၈၇၄) သန်း၊ နယ်စပ်မှ (၂၇၈၃၇၉) တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၂၀၈.၇၈၉)သန်း၊ စုစုပေါင်း (၁၉၁၉၁၅၆) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၄၇၀.၆၆၃) သန်း တင်ပို့နိုင်ခဲ့ပြီး ယခု (၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ် (၁-၄-၂၀၂၃ မှ ၂၂-၃-၂၀၂၄ ရက်နေ့ထိ) ကာလအတွင်း ပင်လယ်ရေကြောင်းမှ (၁၅၂၃၂၀၃.၃၇၉)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၁၂၇၇.၉၉၇)သန်း၊ နယ်စပ်မှ (၁၅၂၆၇၈.၉၄၄) တန်၊တန်ဖိုး အမေရိကန်ဒေါ်လာ (၁၃၆.၀၁၄) သန်း၊ စုစုပေါင်း (၁၆၇၅၈၈၂.၃၂၃) တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ(၁၄၁၄.၀၁၁)သန်း တင်ပို့ နိုင်ခဲ့ပါသည်။
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် (၁-၄-၂၀၂၃ မှ ၂၂-၃-၂၀၂၄ ရက်နေ့ထိ)ကာလအတွင်း ပဲအမျိုးအစားအလိုက် တင်ပို့နိုင်မှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
| အမေရိကန်ဒေါ်လာသန်း |
||||||
| ကီလို-ထောင်ပေါင်း | ||||||
| စဉ် | အကြောင်းအရာ | ရေတွက် ပုံ |
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ( ၂၂-၃-၂၀၂၄) ထိ |
|||
| ပင်လယ် ရေကြောင်း |
နယ်စပ် | ပေါင်း | ||||
| ၁ | မတ်ပဲ | US$ | ၆၉၁.၈၀၃ | ၂.၈၃၈ | ၆၉၄.၆၄၁ | |
| ကီလို | ၇၄၉၇၉၈.၆၁၉ | ၂၅၆၀.၈၂၅ | ၇၅၂၃၅၉.၄၄၄ | |||
| ၂ | ပဲတီစိမ်း | US$ | ၂၈၀.၇၇၀ | ၃၈.၉၄၀ | ၃၁၉.၇၁၀ | |
| ကီလို | ၄၂၀၇၈၉.၂၉၅ | ၅၇၁၈၈.၉၀၆ | ၄၇၇၉၇၈.၂၀၁ | |||
| ၃ | ပဲစဉ်းငုံ | US$ | ၁၉၁.၀၉၆ | ၀.၀၀၀ | ၁၉၁.၀၉၆ | |
| ကီလို | ၂၀၀၂၉၂.၉၀၉ | ၀.၀၀၀ | ၂၀၀၂၉၂.၉၀၉ | |||
| ၄ | ကုလားပဲ | US$ | ၄.၁၅၉ | ၀.၀၀၀ | ၄.၁၅၉ | |
| ကီလို | ၄၂၁၇.၈၅၅ | ၀.၀၀၀ | ၄၂၁၇.၈၅၅ | |||
| ၅ | ပဲလွန်းဖြူ | US$ | ၃၁.၀၀၁ | ၃.၃၆၈ | ၃၄.၃၆၉ | |
| ကီလို | ၄၇၇၁၈.၅၂၀ | ၅၄၉၀.၄၁၈ | ၅၃၂၀၈.၉၃၈ | |||
| ၆ | မြေထောက်ပဲ | US$ | ၂၀.၃၁၈ | ၂၆.၀၁၀ | ၄၆.၃၂၈ | |
| ကီလို | ၂၀၀၇၄.၄၆၇ | ၁၈၅၄၆.၄၆၁ | ၃၈၆၂၀.၉၂၈ | |||
| ၇ | ထောပတ်ပဲ | US$ | ၁၄.၂၅၈ | ၇.၇၃၈ | ၂၁.၉၉၆ | |
| ကီလို | ၁၄၀၆၃.၆၁၇ | ၇၀၂၉.၅၈၁ | ၂၁၀၉၃.၁၉၈ | |||
| ၈ | ပဲယင်း | US$ | ၂၇.၈၀၁ | ၂၅.၅၄၄ | ၅၃.၃၄၅ | |
| ကီလို | ၄၃၄၃၄.၈၈၂ | ၃၁၇၃၇.၆၁၅ | ၇၅၁၇၂.၄၉၇ | |||
| ၉ | ပဲကြီး | US$ | ၂.၆၇၄ | ၁.၄၂၁ | ၄.၀၉၅ | |
| ကီလို | ၂၆၁၂.၂၃၁ | ၁၄၁၉.၀၀၀ | ၄၀၃၁.၂၃၁ | |||
| ၁၀ | ပဲကတ္တီပါ(စွန်တာနီ) | US$ | ၃.၃၆၃ | ၃.၃၆၃ | ||
| ကီလို | ၅၃၆၉.၅၀၈ | ၅၃၆၉.၅၀၈ | ||||
| ၁၁ | စွန်တာပြာ | US$ | ၀.၇၇၆ | ၀.၀၀၀ | ၀.၇၇၆ | |
| ကီလို | ၁၁၈၉.၆၈၀ | ၀.၀၀၀ | ၁၁၈၉.၆၈၀ | |||
| ၁၂ | ပဲကတ္တီပါ(စွန်တာနီ/ပြာ) | US$ | ၃.၁၄၁ | ၃.၁၄၁ | ||
| ကီလို | ၅၂၃၈.၅၃၄ | ၅၂၃၈.၅၃၄ | ||||
| ၁၃ | ပဲဖြူလေး | US$ | ၀.၀၀၀ | ၀.၀၀၀ | ၀.၀၀၀ | |
| ကီလို | ၀.၀၀၀ | ၀.၀၀၀ | ၀.၀၀၀ | |||
| ၁၄ | ဘိုကိတ်ပဲ | US$ | ၈.၄၀၃ | ၀.၀၀၀ | ၈.၄၀၃ | |
| ကီလို | ၁၂၃၅၉.၈၁၃ | ၀.၀၀၀ | ၁၂၃၅၉.၈၁၃ | |||
| ၁၅ | ပဲပုတ်စေ့ | US$ | ၀.၂၀၀ | ၀.၀၀၀ | ၀.၂၀၀ | |
| ကီလို | ၂၂၈.၇၃၀ | ၀.၀၀၀ | ၂၂၈.၇၃၀ | |||
| ၁၆ | ပဲနီကြား | US$ | ၁.၈၆၅ | ၁.၈၆၅ | ||
| ကီလို | ၃၆၂၃.၀၁၄ | ၃၆၂၃.၀၁၄ | ||||
| ၁၇ | နိုင်လွန်ပဲ | US$ | ၁.၁၈၅ | ၁.၁၈၅ | ||
| ကီလို | ၁၆၉၈.၅၀၀ | ၁၆၉၈.၅၀၀ | ||||
| ၁၈ | မြေပဲဆံ | US$ | ၁.၃၄၁ | ၂၂.၇၉၅ | ၂၄.၁၃၆ | |
| ကီလို | ၁၀၂၁.၈၂၆ | ၁၆၂၂၃.၉၉၀ | ၁၇၂၄၅.၈၁၆ | |||
| ၁၉ | အခြားပဲ | US$ | ၀.၀၃၄ | ၁.၁၆၉ | ၁.၂၀၃ | |
| ကီလို | ၃၁.၄၂၇ | ၁၉၂၂.၁၀၀ | ၁၉၅၃.၅၂၇ | |||
| ပဲတင်ပို့မှုစုစုပေါင်း | US$ | ၁၂၇၇.၉၉၇ | ၁၃၆.၀၁၄ | ၁၄၁၄.၀၁၁ | ||
| ကီလို | ၁၅၂၃၂၀၃.၃၇၉ | ၁၅၂၆၇၈.၉၄၄ | ၁၆၇၅၈၈၂.၃၂၃ | |||
| Source: Customs | ||||||
