မြန်မာနိုင်ငံ၏ ပဲမျိုးစုံတင်ပို့နိုင်မှုအခြေအနေ
မြန်မာနိုင်ငံတွင်အဓိကသီးနှံများအနေဖြင့် စပါး၊ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါ၊ ကြံ တို့အားစိုက်ပျိုးပြီး တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲအမျိုးမျိုးစိုက်ပျိုး ထုတ်လုပ်မှုသည် ဒုတိယအများဆုံးဖြစ်ပြီး ပဲမျိုးစုံအနေဖြင့်တစ်နိုင်ငံလုံး၏ လယ်ယာထွက်ပစ္စည်းထွက်ရှိမှု၏ (၃၃%) စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ မြန်မာနိုင်ငံ စိုက်ပျိုးမြေဧရိယာ၏ (၂၀%)ခန့်သည် ပဲမျိုးစုံ စိုက်ပျိုးနေပြီး ပဲမျိုးစုံ စိုက်ဧက၏ (၇၂%) သည် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများလည်း စိုက်ပျိုးကြ ပါသည်။ လက်ရှိတွင် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံမှ တင်ပို့သည့် ပို့ကုန်အများစုသည် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်ပြီး ပဲမျိုးစုံသည်လည်းအဓိက ပို့ကုန်တစ်မယ် ဖြစ်ပါသည်။
မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်စာရင်းများအရ ပင်လယ်ရေကြောင်းမှ (၁၆၄၀၇၇၇)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၂၆၁.၈၇၄)သန်း၊ နယ်စပ်မှ (၂၇၈၃၇၉)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၂၀၈.၇၈၉)သန်း၊ စုစုပေါင်း (၁၉၁၉၁၅၆) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၄၇၀.၆၆၃)သန်း တင်ပို့နိုင်ခဲ့ပြီး ယခု (၂၀၂၄-၂၀၂၅) ဘဏ္ဍာနှစ် (၁-၄-၂၀၂၄ မှ ၁၉-၄-၂၀၂၄ ရက်နေ့ထိ) ကာလအတွင်း ပင်လယ်ရေကြောင်းမှ (၁၃၆၂၁၈.၃၀၂)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၁၁၃.၂၄၇)သန်း၊ နယ်စပ်မှ (၃၇၃၈.၁၇)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၃.၃၈၀)သန်း၊ စုစုပေါင်း (၁၃၉၉၅၆.၄၇၂) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၅၆.၈၆၀)သန်း တင်ပို့ နိုင်ခဲ့ပါသည်။
၂၀၂၄-၂၀၂၅ဘဏ္ဍာနှစ် (၁-၄-၂၀၂၄ မှ ၁၉-၄-၂၀၂၄ ရက်နေ့ထိ)ကာလအတွင်း ပဲအမျိုးအစားအလိုက် တင်ပို့နိုင်မှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
| အမေရိကန်ဒေါ်လာသန်း | |||||
| ကီလို-ထောင်ပေါင်း | |||||
| စဉ် | အကြောင်းအရာ | ရေတွက် ပုံ |
၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် (၁၉-၄-၂၀၂၄) ထိ |
||
| ပင်လယ် ရေကြောင်း |
နယ်စပ် | ပေါင်း | |||
| ၁ | မတ်ပဲ | US$ | ၄၈.၄၅၄ | ၀.၀၆၂ | ၄၈.၅၁၆ |
| ကီလို | ၅၀၄၉၀.၃၀၅ | ၆၆.၀၀၀ | ၅၀၅၅၆.၃၀၅ | ||
| ၂ | ပဲတီစိမ်း | US$ | ၃၀.၁၃၄ | ၀.၀၃၄ | ၃၀.၁၆၈ |
| ကီလို | ၄၆၀၁၄.၄၉၄ | ၃၄.၀၀၀ | ၄၆၀၄၈.၄၉၄ | ||
| ၃ | ပဲစဉ်းငုံ | US$ | ၁၈.၁၄၃ | ၁၈.၁၄၃ | |
| ကီလို | ၁၇၂၄၄.၀၀၀ | ၁၇၂၄၄.၀၀၀ | |||
| ၄ | ကုလားပဲ | US$ | ၀.၃၉၉ | ၀.၃၉၉ | |
| ကီလို | ၄၄၅.၁၈၆ | ၄၄၅.၁၈၆ | |||
| ၅ | ပဲလွန်းဖြူ | US$ | ၂.၇၁၄ | ၂.၇၁၄ | |
| ကီလို | ၄၂၀၅.၁၉၃ | ၄၂၀၅.၁၉၃ | |||
| ၆ | မြေထောက်ပဲ | US$ | ၁.၈၀၈ | ၀.၄၄၄ | ၂.၂၅၂ |
| ကီလို | ၁၇၆၅.၆၅၈ | ၃၇၄.၀၀၀ | ၂၁၃၉.၆၅၈ | ||
| ၇ | ထောပတ်ပဲ | US$ | ၃.၀၉၆ | ၁.၁၂၂ | ၄.၂၁၈ |
| ကီလို | ၂၇၃၁.၂၀၀ | ၁၀၂၇.၀၀၀ | ၃၇၅၈.၂၀၀ | ||
| ၈ | ပဲယင်း | US$ | ၄.၃၃၀ | ၀.၂၈၂ | ၄.၆၁၂ |
| ကီလို | ၇၉၆၄.၃၄၉ | ၅၀၁.၉၉၀ | ၈၄၆၆.၃၃၉ | ||
| ၉ | ပဲကြီး | US$ | ၁.၆၃၄ | ၀.၆၁၇ | ၂.၂၅၁ |
| ကီလို | ၁၇၇၉.၆၉၀ | ၆၇၈.၀၀၀ | ၂၄၅၇.၆၉၀ | ||
| ၁၀ | ပဲကတ္တီပါ(စွန်တာနီ) | US$ | ၀.၃၃၈ | ၀.၃၃၈ | |
| ကီလို | ၅၆၂.၇၂၃ | ၅၆၂.၇၂၃ | |||
| ၁၁ | စွန်တာပြာ | US$ | ၀.၀၉၅ | ၀.၀၉၅ | |
| ကီလို | ၁၅၀.၀၀၀ | ၁၅၀.၀၀၀ | |||
| ၁၂ | ပဲကတ္တီပါ(စွန်တာနီ/ပြာ) | US$ | ၀.၀၂၀ | ၀.၀၂၀ | |
| ကီလို | ၃၃.၀၀၀ | ၃၃.၀၀၀ | |||
| ၁၃ | ပဲဖြူလေး | US$ | |||
| ကီလို | |||||
| ၁၄ | ဘိုကိတ်ပဲ | US$ | ၁.၉၀၂ | ၁.၉၀၂ | |
| ကီလို | ၂၇၀၇.၀၀၀ | ၂၇၀၇.၀၀၀ | |||
| ၁၅ | ပဲပုတ်စေ့ | US$ | |||
| ကီလို | |||||
| ၁၆ | ပဲနီကြား | US$ | ၀.၂၆၆ | ၀.၂၆၆ | |
| ကီလို | ၄၄၂.၀၀၀ | ၄၄၂.၀၀၀ | |||
| ၁၇ | နိုင်လွန်ပဲ | US$ | ၀.၁၇၈ | ၀.၁၇၈ | |
| ကီလို | ၂၇၂.၀၀၀ | ၂၇၂.၀၀၀ | |||
| ၁၈ | မြေပဲဆံ | US$ | ၀.၁၈၂ | ၀.၂၈၆ | ၀.၄၆၈ |
| ကီလို | ၁၃၉.၇၀၀ | ၂၀၄.၁၈၀ | ၃၄၃.၈၈၀ | ||
| ၁၉ | အခြားပဲ | US$ | ၀.၀၁၈ | ၀.၀၆၉ | ၀.၀၈၇ |
| ကီလို | ၁၈.၈၀၄ | ၁၀၆.၀၀၀ | ၁၂၄.၈၀၄ | ||
| ပဲတင်ပို့မှုစုစုပေါင်း | US$ | ၁၁၃.၂၄၇ | ၃.၃၈၀ | ၁၁၆.၆၂၇ | |
| ကီလို | ၁၃၆၂၁၈.၃၀၂ | ၃၇၃၈.၁၇၀ | ၁၃၉၉၅၆.၄၇၂ | ||
