DotBorderdep

          တနင်္သာရီတိုင်းဒေသကြီး မြိတ်ဒေသရှိ စက်ရုံများမှ ငါးသေတ္တာဘူးခွံများထုတ်လုပ်လျက်ရှိရာ ငါးသေတ္တာဘူးခွံလိုအပ်ချက်မှာလဲ နေ့စဉ်မြင့်မားလာသည်။ အခြေခံအားဖြင့် မြန်မာနိုင်ငံမှထွက်ရှိသည့် ငါးသေတ္တာဘူးခွံများကို အသုံးပြုကြသော်လည်း Demand များလာသည့်အချိန်များတွင် ပြည်ပမှလည်း မှာယူတင်သွင်းကြသည်။

DotBorderdep

    မြန်မာနိုင်ငံ ရခိုင်ပြည်နယ် ၊ စစ်တွေမြို့တွင်တည်ရှိသော ကုလားတန်ဘက်စုံသယ်ယူပို့ ဆောင်ရေး စီမံကိန်းတွင်ပါဝင်သည့် စစ်တွေဆိပ်ကမ်းအား ၂၀၂၃ခုနှစ်၊ မေလ (၉)ရက်နေ့ နံနက် (၁၀) နာရီအချိန်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း နှင့်အိန္ဒိယသမ္မတနိုင်ငံ ဆိပ်ကမ်းများ၊ ကုန်စည်သယ်ယူပို့ဆောင်ရေးနှင့် ရေကြောင်းပို့ဆောင်ရေး ဝန်ကြီး ဌာနဝန်ကြီး H.E.

DotBorderdep

                   ကော့သောင်းကုန်သွယ်ရေးစခန်းသည် တစ်ဖက်ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများကို FOB စနစ်ဖြင့် အဓိကတင်ပို့နေသော ပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ အဓိက တင်ပို့နေသော ပစ္စည်းများမှာ ငါးမျိုးစုံ၊ ငါးစီဖောင်း၊ ပုစွန်၊ ငါးဆားနယ်၊ ကဏန်း၊ ကင်းမွန် (စို/ခြောက်)၊ ခရုနှင့် ငါးမှုန့်၊ သီဟိုဠ်စေ့၊ ဆီအုန်း ဖြစ်သည်။

DotBorderdep

   မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်အနေဖြင့် (၇-၅-၂၀၂၃) ရက်နေ့တွင် ပို့ကုန်တန်ဖိုးကန် ဒေါ်လာ(၀.၉၁၀)သန်း၊ သွင်းကုန်တန်ဖိုးကန်ဒေါ်လာ (၂.၅၁၂) သန်း၊ ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ (၃.၄၂၂) သန်း ဆောင်ရွက်နိုင်ခဲ့သည်။

DotBorderdep

          ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ်၊ ဧပြီလအတွက် ကုန်သွယ်မှုလျာထားချက်မှာ ပို့ကုန် (၁၄.၀၀၀) ဒေါ်လာသန်း၊ သွင်းကုန် (၁၁.၀၀၀) ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၂၅.၀၀၀) ဒေါ်လာသန်းဖြစ်ပြီး ပို့ကုန် (၁၀.၅၇၀) ဒေါ်လာသန်း၊ သွင်းကုန်(၃၈.၁၈၅) ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၄၈.၇၅၅) ဒေါ်လာသန်း ကုန်သွယ်မှုဆောင်ရွက်နိုင်ခဲ့သဖြင့် ကုန်သွယ်မှုလျာထားချက်အပေါ် (၁၉၅.၀၂၀%) ဆောင်ရွက်နိုင်ခဲ့သည်။

DotBorderdep

    မောတောင်ကုန်သွယ်ရေးစခန်းသည် ထိုင်းနိုင်ငံဘက်သို့ သွင်းကုန်ထက် ပို့ကုန်တင်ပို့မှု ပိုမိုလျက် ရှိသော ကုန်သွယ်ရေးစခန်းတစ်ခုဖြစ်သည်။

   မောတောင်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၃ ခုနှစ်၊ မေလ( ၁ )ရက်နေ့မှ( ၇ ) ရက်နေ့ အထိ ပထမအပတ်ကာလအတွင်း ပို့ကုန် တန်ဖိုး အမေရိကန်ဒေါ်လာ(၀.၁၇၂) ဒေါ်လာသန်း၊ သွင်းကုန် တန်ဖိုး အမေရိကန်ဒေါ်လာ(၀.၀၁၇)ဒေါ်လာသန်း၊ စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ(၀.၁၈၉) ဒေါ်လာ သန်း ကုန်သွယ်မှုဆောင်ရွက်နိုင်ခဲ့သည်။

DotBorderdep

၂၀၂၃ခုနှစ်၊ မေလ ၃ရက်နေ့ထုတ်Tribune Desk သတင်းတွင် ဘင်္ဂလားဒေ့်ရှ်နိုင်ငံအစိုးရသည် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံအဆင့်မှ တိုးမြှင့်နိုင်ရန်အတွက် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင်အခြားနိုင်ငံများနှင့်ကုန်သွယ်မှုဆိုင်ရာသဘောတူညီချက်များကိုညှိနှိုင်းဆောင်ရွက်လျှက်ရှိကြောင်းရေးသားဖော်ပြထားသည်။

၎င်းတို့အနေဖြင့် LDC graduation ရပြီးနောက် ကုန်သွယ်ရေးဆိုင်ရာစိန်ခေါ်မှုများကိုအောင်မြင်စွာရင်ဆိုင်နိုင်လာမည်ဖြစ်ပြီးနိုင်ငံ၏ ကုန်သွယ်မှုဆိုင်ရာစေ့စပ်ညှိနှိုင်းရေးစွမ်းရည်ကိုလည်းအားကောင်းစေလာမည်ဟုတာဝန်ရှိသူများကပြောကြားခဲ့ကြောင်းရေးသားဖော်ပြထားသည်။

DotBorderdep

        ရခိုင်ငှက်ပျောကို မောတောင်မြို့ဒေသဝန်းကျင်တွင် အများအပြားစိုက်ပျိုးကြပြီး ယခုရာသီသည် ရခိုင်ငှက်ပျော လှိုင်လှိုင်ထွက်ရှိသောကာလဖြစ်သည်။

       ၂၀၂၃ ခုနှစ်၊ မေလ(၁)ရက်နေ့မှ(၃)ရက်နေ့အထိ မောတောင်ကုန်သွယ်ရေးစခန်းမှ ထိုင်းနိုင်ငံ ဘက်သို့ ရခိုင်ငှက်ပျောတန်(၅၅) ဝန်းကျင်ခန့် တင်ပို့နိုင်ခဲ့သည်။

       လက်ရှိပေါက်​ဈေးအနေဖြင့် ရခိုင်ငှက်ပျော (1 KG) လျှင် (၆)ဘတ် ဈေးရရှိပြီး တင်ပို့သူများအနေဖြင့် အကောက်ခွန်သက်သာခွင့်အကျိုးခံစားခွင့်(Form-D) ဖြင့်တင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိရသည်။

DotBorderdep

          ဘင်္ဂလားဒေ့်ရှ်နိုင်ငံ၊ ဗဟိုဘဏ်၏ကန့်သတ်ချက်များကြောင့် ပို့ကုန်အမှာစာများ ကျဆင်းလျက် ရှိပြီးလက်ရှိဘဏ္ဍာနှစ်၏ပထမရှစ်လတွင်သွင်းကုန်အကြွေး (LC) သည်ကန်ဒေါ်လာ၁၄ဘီလီယံ ခန့်သို့မဟုတ်တစ်နှစ်ထက်တစ်နှစ်၂၃ဒသမ၄၅ရာခိုင်နှုန်းကျဆင်းမည်ဟုခန့်မှန်းထားရှိသည်။

ဘင်္ဂလားဒေ့ရှ်ဘဏ်၏အချက်အလက်များအရ အဆိုပါကာလအတွင်း ဒေါ်လာ ၄၅.၅၂ဘီလီယံ တန်ဖိုးရှိ LC များကိုဖွင့်လှစ်ခဲ့ပြီး လွန်ခဲ့သည့်တစ်နှစ်လျှင် ဒေါ်လာ၅၉.၄၆ဘီလီယံ ဖွင့်လှစ်ခဲ့ ကြောင်းသိရှိရသည်။