လွယ်ဂျယ်ကုန်သွယ်ရေးစခန်းအနေဖြင့်ဇွန် ၁၂ မှ ၁၃ ရက်နေ့အတွင်း ကုန်သွယ်မှု ဆောင်ရွက် ရာ၌ ပို့ကုန်ပိုင်းတွင် ALUMINIUMINGOTတန်ချိန် (၆၉.၀၀)တန်၊ တန်ဖိုး (၀.၁၂၁)ဒေါ်လာသန်း၊ ဆန်ကွဲတန်ချိန် (၁၂၆.၀၀)တန်၊ တန်ဖိုး (၀.၀၅၁)ဒေါ်လာသန်း၊ တစ်သျှူးငှက်ပျော တန်ချိန် (၈၀.၀၀)တန်၊ တန်ဖိုး (၀.၀၂၇)ဒေါ်လာသန်းနှင့် ဆန်တန်ချိန် (၃၂.၀၀)တန်၊ တန်ဖိုး (၀.၀၁၅) ဒေါ်လာသန်းတို့ အများဆုံးတင်ပို့နိုင်ခဲ့ပါသည်။ ALUMINIUMINGOT တစ်ချောင်းလျှင် (၈)ကီလိုဂရမ် အလေးချိန်ရှိပြီး (၁)ပါကင်လျှင် (၇၉)ချောင်းရှိပါသည်။ ပို့ကုန်ပစ္စည်းဈေးနှုန်းများ အနေဖြင့် ALUMINIUM INGOT တစ်တန်လျှင် (၁၇၅၂)ဒေါ်လာ၊ ဆန်ကွဲတစ်တန်လျှင် (၄၁၂)ဒေါ်လာ၊ တစ်သျှူး
မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်အနေဖြင့် (13-6-2023) ရက်နေ့တွင် ပို့ကုန်တန်ဖိုးကန် ဒေါ်လာ (၁.၂၈၈) သန်း၊ သွင်းကုန်တန်ဖိုးကန်ဒေါ်လာ (1.483) သန်း၊ ကုန်သွယ်မှုပမာဏကန်ဒေါ်လာ (၂.၇၇၁) သန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။
၂၀၂၃ ခုနှစ်၊ မေလ၃၁ရက်နေ့
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ မေလ လျာထားချက်မှာ ပို့ကုန် (၁.၅၀၀) ဒေါ်လာသန်း၊ သွင်းကုန် (၀.၀၄၀) ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၁.၅၄၀) ဒေါ်လာသန်း ဖြစ်ပြီး မေလ (၁-၅-၂၀၂၃ မှ ၃၀-၅-၂၀၂၃ ထိ)တွင် ပို့ကုန် (၀.၅၅၀) ဒေါ်လာသန်း၊ သွင်းကုန် (၀.၀၀၁) ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၀.၅၅၁) ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပြီး လျာထားချက်အပေါ် (၃၆%) ဆောင်ရွက်နိုင်ခဲ့သည်။
၂၀၂၃ ခုနှစ် ၊ မေလ( ၃၁) ရက်
တမူးကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၃ ခုနှစ် ၊ မေလ (၂၀) ရက်နေ့မှ (၃၁)ရက်နေ့ထိ ကုန်သွယ်မှုအခြေအနေမှာ ပို့ကုန်ပိုင်းတွင် နန့်ဖာလုံကုန်စုံ ၀.၀၄၉ဒေါ်လာသန်း၊ သွင်းကုန်ပိုင်း တွင် ဆံပင်၀.၀၁၆ ဒေါ်လာသန်းဆောင်ရွက်နိုင်ခဲ့ပြီး ကုန်သွယ်မှုပမာဏ စုစုပေါင်းတန်ဖိုး (၀.၀၆၅) ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့သည်။
မေလ (၃၁)ရက် ပြင်ပငွေလဲနှုန်းမှာ ၁ဒေါ်လာ (၂၇၉၄) ကျပ်၊ ၁ဒေါ်လာ (၈၇.၃၁) ရူပီး၊ ၁ရူပီး (၃၂) ကျပ်၊ ၁၀၀ ကျပ်(၃.၁၃) ရူပီး ဖြစ်ပေါ်လျက်ရှိကြောင်းသိရှိရသည်။
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ဒေသအတွက် သစ်သီးများကို မြိတ်မြို့နှင့်မိုင်(၁၂၀)ကွာဝေးသည့် မြန်မာ-ထိုင်း နယ်စပ် မောတောင်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် တင်သွင်းလျက်ရှိသည်။ သစ်သီးများကို မောတောင်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် မြိတ်မြို့သို့ ကုန်းလမ်းဖြင့်တင်သွင်းပါက လမ်းခရီးကြာချိန်(၃) နာရီခန့်သာ ကြာမြင့်သည့်အတွက် စားသုံးသူများအနေဖြင့် သစ်သီးများကို လတ်လတ်ဆတ်ဆတ် ဝယ်ယူ စားသုံးနိုင်ကြသည်။
ကော့သောင်းကုန်သွယ်ရေးစခန်းသည် တစ်ဖက်ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများကို FOB စနစ်ဖြင့် အဓိကတင်ပို့နေသော ပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ အဓိက တင်ပို့နေသော ပစ္စည်းများမှာ ငါးမျိုးစုံ၊ ငါးစီဖောင်း၊ ပုစွန်၊ ငါးဆားနယ်၊ ကဏန်း၊ ကင်းမွန် (စို/ခြောက်)၊ ခရုနှင့် ငါးမှုန့်၊ သီဟိုဠ်စေ့၊ ဆီအုန်း ဖြစ်သည်။
မြဝတီကုန်သွယ်ရေးဇုန်မှတစ်ဖက်နိုင်ငံသို့ ပို့ကုန်တင်ပို့မှုအနေဖြင့် (၂၇-၅-၂၀၂၃)ရက်နေ့မှ (၂၉-၅-၂၀၂၃) ရက်နေ့ထိ လယ်ယာထွက်ကုန်ပစ္စည်းများနှင့် CMP ပစ္စည်းများ တင်ပို့မှုရှိသည်။
ကံပိုင်တည်ကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ်၊ မေလ (၃၀) ရက်နေ့ထိ ပို့ကုန်ပိုင်းတွင် အဓိကပို့ကုန်ဖြစ်သည့် တစ်သျှူးငှက်ပျော ဈေးနှုန်းတစ်တန်လျှင် (၂၄၅၀) ယွမ်ဖြင့် တန်ချိန်(၃၉၄၀၀) တန်၊ Iron Concentrate ဈေးနှုန်းတစ်တန်လျှင် (၁၃၂.၅) ဒေါ်လာဖြင့် (၁၃၆၆) တန်၊ ဖရဲဈေးနှုန်း တစ်တန်လျှင် (၁၅၀) ဒေါ်လာဖြင့် (၂၅) တန်နှင့် Rice Husk Charcoal ဈေးနှုန်း တစ်တန်လျှင် (၂၃၀) ဒေါ်လာဖြင့် (၃၄) တန်တင်ပို့နိုင်ခဲ့သည်။
ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ်၊ မေလ (၂၀) ရက်နေ့မှ (၂၆) ရက်နေ့အထိ တစ်ပတ် အတွင်း အများဆုံတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်း (၁၀)မျိုးမှာ မြေပဲဆံ (၉၀၁.၅၀၀) တန်၊ တန်ဖိုး (၁.၄၀၄) ဒေါ်လာသန်း၊ ပဲတီစိမ်း (၁၅၅၄.၀၀၀) တန်၊ တန်ဖိုး (၀.၉၂၉) ဒေါ်လာသန်း၊ ဆန်ကွဲ (၁၃၉၈.၀၀၀) တန်၊ တန်ဖိုး (၀.၅၃၀) ဒေါ်လာသန်း၊ ရာဘာ (၃၃၇.၀၀၀) တန်၊ တန်ဖိုး (၀.၃၈၃) ဒေါ်လာသန်း၊ ဝဥခြောက် (၁၁၈.၄၃၅) တန်၊ တန်ဖိုး (၀.၂၁၃) ဒေါ်လာသန်း၊ ပဲယင်း (၂၆၈.၅၀၀)တန်၊ (၀.၂၁၁) ဒေါ်လာသန်း၊ နှမ်းညို (၉၆.၀၀၄)တန်၊ (၀.၁၅၆) ဒေါ်လာသန်း၊ နှမ်းနက် (၉၈.၂၅၀) တန်၊ တန်ဖိုး (၀.၁၅၂) ဒေါ်လာသန်း၊ မြေထောက်ပ
မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်အနေဖြင့် (30-5-2023) ရက်နေ့တွင် ပို့ကုန်တန်ဖိုးကန် ဒေါ်လာ (၀.၈၂၄) သန်း၊ သွင်းကုန်တန်ဖိုးကန်ဒေါ်လာ (၃.၀၅၃) သန်း၊ ကုန်သွယ်မှုပမာဏကန်ဒေါ်လာ (၃.၈၇၇) သန်း ဆောင်ရွက်နိုင်ခဲ့သည်။