DotBorderdep

လွယ်ဂျယ်ကုန်သွယ်ရေးစခန်းအနေဖြင့်ဇွန် ၁၄ မှ ၁၈ ရက်နေ့အတွင်း ကုန်သွယ်မှု ဆောင်ရွက်ရာ၌ ပို့ကုန်ပိုင်းတွင်  မြေထောက်ပဲတန်ချိန် (၆၆.၀၀)တန်၊ တန်ဖိုး (၀.၀၉၈) ဒေါ်လာ သန်း၊ ဆန်ကွဲတန်ချိန် (၁၇၀.၂၅)တန်၊ တန်ဖိုး (၀.၀၇၀)ဒေါ်လာသန်း၊ ထောပတ်ပဲတန်ချိန် (၃၃.၀၀)တန်၊ တန်ဖိုး (၀.၀၃၅)ဒေါ်လာသန်း၊တစ်သျှူးငှက်ပျော တန်ချိန် (၉၆.၀၀)တန်၊ တန်ဖိုး (၀.၀၃၂)ဒေါ်လာသန်း၊ ဆန်တန်ချိန် (၆၃.၀၀)တန်၊တန်ဖိုး (၀.၀၂၉)ဒေါ်လာသန်းနှင့် ပြောင်း တန်ချိန် (၆၀.၀၀)တန်၊တန်ဖိုး (၀.၀၁၈)ဒေါ်လာသန်းတို့ အများဆုံးတင်ပို့နိုင်ခဲ့ပါသည်။ ပို့ကုန် ပစ္စည်းဈေးနှုန်းများအနေဖြင့်မြေထောက်ပဲတစ်တန်လျှင် (၁၄၈၇)ဒေါ်လာ၊ဆန်ကွဲတစ်တန်လျှင် (၄၀၉)ဒေါ်လာ၊ ထောပတ်ပ

DotBorderdep

မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်အနေဖြင့် (18-6-2023) ရက်နေ့တွင် ပို့ကုန်တန်ဖိုးကန် ဒေါ်လာ (6.695) သန်း၊ သွင်းကုန်တန်ဖိုးကန်ဒေါ်လာ (1.880) သန်း၊ ကုန်သွယ်မှုပမာဏကန်ဒေါ်လာ (8.575) သန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။

DotBorderdep

တမူးကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၃ ခုနှစ် ၊ ‌ဇွန်လ (၁)ရက်နေ့မှ (၁၃)ရက်နေ့ထိ ကုန်သွယ်မှုအခြေအနေမှာ ပို့ကုန်ပိုင်းတွင် နန့်ဖာလုံကုန်စုံ ၀.၀၅၆ ဒေါ်လာသန်း၊ စီးကရက် ၀.၂၁၁ ဒေါ်လာသန်းသွင်းကုန်ပိုင်းတွင် ဆောင်ရွက်နိုင်ခြင်းမရှိပါ။ ကုန်သွယ်မှုပမာဏစုစုပေါင်းတန်ဖိုး (၀.၂၆၇) ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။

ဇွန်လ (၁၄)ရက် ပြင်ပငွေလဲနှုန်းမှာ ၁ဒေါ်လာ (၂၈၃၀) ကျပ်၊ ၁ဒေါ်လာ (၈၈.၄၅) ရူပီး၊ ၁ရူပီး (၃၂) ကျပ်၊ ၁၀၀ ကျပ်(၃.၁၃) ရူပီး ဖြစ်ပေါ်လျက်ရှိကြောင်းသိရှိရပါသည်။

DotBorderdep

တနင်္သာရီတိုင်းဒေသကြီးမှ ထွက်ရှိသည့် ကဏန်းများအား မောတောင်ကုန်သွယ်ရေးစခန်းမှ ထိုင်း နိုင်ငံဘက်သို့ ပုံမှန်တင်ပို့လျက်ရှိသည်။ ပုံမှန်အားဖြင့် ကဏန်းဖမ်းဆီးမှုအား (၁)ပတ်ဖမ်း၊ (၁)ပတ်နားစနစ် ဖြင့် ဖမ်းယူကြပြီး ဖမ်းဆီးရမိသည့် ကဏန်းများအား နေ့ချင်းတင်ပို့မှုများရှိသကဲ့သို့ ရက်ပိုင်းခေတ္တထိန်းသိမ်း ထားပြီးမှ တင်ပို့မှုများလည်းရှိသည်။

DotBorderdep

ကော့သောင်းကုန်သွယ်ရေးစခန်းသည် တစ်ဖက်ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများကို FOB စနစ်ဖြင့် အဓိကတင်ပို့နေသော ပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ အဓိက တင်ပို့နေသော ပစ္စည်းများမှာ ငါးမျိုးစုံ၊ ငါးစီဖောင်း၊ ပုစွန်၊ ငါးဆားနယ်၊ ကဏန်း၊ ကင်းမွန် (စို/ခြောက်)၊ ခရုနှင့် ငါးမှုန့်၊ သီဟိုဠ်စေ့၊ ဆီအုန်း ဖြစ်သည်။

DotBorderdep

မြိတ်ကုန်သွယ်ရေးစခန်းမှ ၂၀၂၃ ခုနှစ်၊ဇွန်လ (၁၂) ရက်နေ့မှ (၁၄) ရက်နေ့အတွင်း ငါးကြိတ်သား (၁၄.၄၀) တန် ၊ တန်ဖိုး (၀.၀၂၆) ဒေါ်လာသန်းအား အကောက်ခွန် သက်သာ ခွင့်ဆိုင်ရာ ပင်းရင်းနိုင်ငံသက်သေခံ လက်မှတ် Form D အကျိုးခံစားခွင့် လျှောက်ထား ရယူ၍ ထိုင်းနိုင်ငံသို့ ကားလမ်းကြောင်းဖြင့် မောတောင်ကုန်သွယ်ရေး စခန်းမှတစ်ဆင့် ပရာကျွတ်ကရီခမ်ခရိုင်သို့တင်ပို့လျက်ရှိပါသည်။ မြိတ်ကုန်သွယ်ရေး စခန်းမှမောတောင် ကုန်သွယ်ရေးစခန်းအထိ ကုန် (၁) တန်လျှင်ကားခ (ကုန်ကျစ်) ၁၀၀၀၀ဝိ/-(ကျပ်တစ် သိန်း) ရှိကြောင်းသိရှိရပါသည်။

DotBorderdep

တာချီလိတ်ကုန်သွယ်ရေးစခန်းအနေဖြင့် အများဆုံးပို့ကုန်ပစ္စည်း(၁၀)မျိုးမှာပြောင်း၊ ကြက်သွန် ဖြူ၊ လက်ဖက်ခြောက်၊ ကတ္ထူစက္ကူ၊ ပလပ်စတစ်ဗူးခွံဟောင်း၊ဆေးရွက်ကြီးနှင့် ပုဇွန်ဖွဲတို့ တင်ပို့ လျက်ရှိပါသည်။ ဈေးနှုန်းအနေဖြင့် ပြောင်းတစ်တန်လျှင် (၃၁၂)ဒေါ်လာ၊ ကြက်သွန်ဖြူ တစ်တန် လျှင် (၁၄၅၃)ဒေါ်လာ၊ လက်ဖက်ခြောက် တစ်တန်လျှင် (၅၈၀)ဒေါ်လာ၊ ကတ္ထူစက္ကူတစ်တန်လျှင် (၁၁၆)ဒေါ်လာ၊ ပလပ်စတစ်ဗူးခွံဟောင်းတစ်တန်လျှင် (၁၁၆)ဒေါ်လာ၊ ဆေးရွက်ကြီး တစ်တန်လျှင် (၄၈၇)ဒေါ်လာနှင့် ပုစွန်ဖွဲတစ်တန်လျှင် (၄၈၀)ဒေါ်လာဖြစ်ပါသည်။ သယ်ယူစရိတ်အနေဖြင့် တောင်ကြီး- တာချီလိတ် ကုန်ကျစ်တစ်တန်လျှင် (၁၅၀၀၀၀)ကျပ်၊ ကုန်ပွ(၁၇၀၀၀၀)ကျပ်နှင့်ကျိုင်းတုံ-တာချီ

DotBorderdep

မြဝတီကုန်သွယ်ရေးဇုန်မှ တစ်ဖက်နိုင်ငံသို့ ပို့ကုန်တင်ပို့မှုအနေဖြင့် (၁၀-၆-၂၀၂၃)ရက်နေ့မှ (၁၂-၆-၂၀၂၃) ရက်နေ့ထိ လယ်ယာထွက်ကုန်ပစ္စည်းများနှင့် CMP ပစ္စည်းများ တင်ပို့မှုရှိသည်။

          လယ်ယာထွက်ကုန်ပစ္စည်းများ တင်ပို့မှုမှာ ဂေါ်ဖီထုပ်၊ ငရုတ်၊ ကြက်သွန်နီ၊ ပြောင်းနှင့် ကွမ်းသီးတို့ဖြစ် သည်။ ရေထွက်ကုန်ပစ္စည်းများမှာ ဂုံး၊ ခရု၊ ပုဇွန်၊ ငါးမွှေတိုး၊ ငါးခွေးလျှာ၊ သဲကဏန်း၊ ဝသုံးလုံးကဏန်းနှင့် ငါးဓားလွယ်တို့ဖြစ်ပြီး CMP တင်ပို့မှုမှာ အမျိုးသား/ အမျိုးသမီး ဝတ်အထည်အလိပ်များ တင်ပို့လျက်ရှိသည်။  

DotBorderdep

ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းအနေဖြင့် ယခုတစ်ပတ် ၂၀၂၃ ခုနှစ်၊ ဇွန်လ (၃)ရက်နေ့မှ ဇွန်လ(၇)ရက်နေ့အတွင်းလုပ်ငန်းဆောင်ရွက်မှုမှာပို့ကုန်ဆောင်ရွက်မှုပို့ကုန်(၅.၁၄၆)ဒေါ်လာသန်းနှင့် သွင်းကုန် ဆောင်ရွက်မှု(၁၇.၈၃၆)ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏအနေဖြင့် (၂၂.၉၈၂)ဒေါ်လာသန်းဆောင်ရွက်နိုင်ခဲ့ပြီး ယာဉ်စီးရေအနေဖြင့် ပို့ကုန် (၃၈၄)စီး၊ သွင်းကုန် (၁၃၅၃)စီးဆောင်ရွက်နိုင်ခဲ့သည်။

DotBorderdep

ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ၂၀၂၃ ခုနှစ်၊ ဇွန်လကုန်သွယ်မှုလျာထားချက်မှာ ပို့ကုန် (၁၆.၀၀၀) ဒေါ်လာသန်းနှင့် သွင်းကုန် (၁.၃၀၀) ဒေါ်လာသန်းဖြင့် စုစုပေါင်း (၁၇.၃၀၀) ဒေါ်လာသန်းဖြစ်သည်။

ဇွန်လ (၆) ရက်နေ့အထိ အမှန်ကုန်သွယ်မှုမှာ ပို့ကုန် (၄.၂၅၉) ဒေါ်လာသန်း၊ သွင်းကုန် (၀.၇၅၉) ဒေါ်လာသန်းဖြင့် စုစုပေါင်း (၅.၀၁၈) ဒေါ်လာသန်းဖြစ်သဖြင့် ကုန်သွယ်မှုလျာထားချက် အပေါ် (၂၉%) ဆောင်ရွက်နိုင်ခဲ့သည်။