မြဝတီကုန်သွယ်ရေးဇုန်မှတစ်ဖက်နိုင်ငံသို့ ပို့ကုန်တင်ပို့မှုအနေဖြင့် (၂၃-၄-၂၀၂၃)ရက်နေ့မှ(၂၄-၄-၂၀၂၃) ရက်နေ့ထိ လယ်ယာထွက်ကုန်ပစ္စည်းများနှင့် CMP ပစ္စည်းများ တင်ပို့မှုရှိသည်။
ဘင်္ဂလားဒေ့်ရှ်နိုင်ငံ၊ စိုက်ပျိုးရေးဝန်ကြီး ဒေါက်တာAbdurRazzaque က ဂျာမန်စီးပွားရေးလုပ်ငန်းရှင်များသည် စိုက်ပျိုးထုတ်လုပ်မှုမြှင့်တင်ရန် ဂြိုလ်တုနည်းပညာဖြင့် မြေဆီလွှာအရည်အသွေးစစ်ဆေးပြုပြင်ခြင်းပြုလုပ်နိုင်ရေးဘင်္ဂလားဒေ့ရှ်ကိုကူညီပေးမည်ဖြစ်ကြောင်းပြောကြားထားသည်ကို Dhaka Tribuneသတင်းတွင် ရေးသားဖော်ပြထားသည်။
ဂျာမနီနိုင်ငံ၊ဘာလင်မြို့၌ စိုက်ပျိုးရေးမဟာမိတ်အဖွဲ့နှင့် ထိပ်တန်းစိုက်ပျိုးရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံပြီးနောက် စိုက်ပျိုးရေးဝန်ကြီးဒေါက်တာAbdurRazzaqueက ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
ဧပြီလ (၂၄)
ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ်၊ ဧပြီလ(၁၅) ရက်နေ့မှ (၂၁) ရက်နေ့အထိ လုပ်ငန်းဆောင်ရွက်မှုမှာ(၀.၄၇၈) ဒေါ်လာသန်း၊ သွင်းကုန်(၂.၈၄၄)ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ(၃.၃၂၂) ဒေါ်လာသန်းဖြစ်ပြီးယခင်နှစ်ကာလတူ၂၀၂၂ ခုနှစ်၊ ဧပြီလ(၁၅) ရက်နေ့မှ (၂၁)ရက်နေ့အထိလုပ်ငန်းဆောင်ရွက်မှုမှာပို့ကုန်(၀.၇၉၂) ဒေါ်လာသန်း၊ သွင်းကုန် (၀.၃၆၆) ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ(၁.၁၅၈)ဒေါ်လာသန်းဖြစ်၍ ယခင်နှစ်ကာလတူအပေါ် ပို့ကုန်(၀.၃၁၄)ဒေါ်လာသန်းလျော့နည်းခဲ့ သော်လည်းသွင်းကုန်တွင်(၂.၄၇၈)ဒေါ်လာသန်းပိုမိုဆောင်ရွက်နိုင်ခဲ့သည်။
ပို့ကုန်သွင်းကုန် လိုင်စင်လျှောက်ထားခြင်းများကိုTradenet 2.0 System တွင် Online ဖြင့် လျှောက်ထားနိုင်သည့်အပြင် ကုန်သွယ်ရေးစခန်းများတွင်လည်း လာရောက်လျှောက်ထားပါက ခွင့်ပြု ပေးလျက်ရှိသည်။ (၂၃-၄-၂၀၂၃)ရက်နေ့တွင် လာရောက်လျှောက်ထားမှုများမှ သွင်းကုန်လိုင်စင် (၄၀)စောင် (၁.၉၈၀)ယွမ်သန်းတန်ဖိုးရှိသည့် စက်နှင့် စက်ပစ္စည်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း၊ လိမ္မော်သီး၊ ပန်းသီးတို့ကိုခွင့်ပြုထုတ်ပေးခဲ့ပြီး၂၀၂၃ခုနှစ်၊ ဧပြီလ (၁)ရက်နေ့မှ (၂၃)ရက်နေ့ထိ ပို့ကုန် လိုင်စင်(-)စောင်နှင့် သွင်းကုန်လိုင်စင် (၈၅၈)စောင်ခွင့်ပြုထုတ်ပေးခဲ့ပါသည်။ (၂၃-၄-၂၀၂၃) ရက်နေ့ တ
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အဓိကစိုက်ပျိုးရေးထွက်ပို့ကုန်ပစ္စည်းများမှာ ဟင်းသီးဟင်းရွက်၊ လက်ဖက်၊ ပန်း၊ သစ်သီးဝလံ၊ ဟင်းခတ်အမွှေးအကြိုင်မျိုးစုံ၊ ဆေးရွက်ကြီး၊ စားသောက်ကုန် အခြောက်များစသည်တို့ဖြစ်ကြောင်း ပို့ကုန်ဖွံ့ဖြိုးတိုးတက်မှုဗျူရို၏ ပြောကြားချက်အရသိရှိရပါ ကြောင်း ရေးသားဖော်ပြထားသည်။ သို့သော် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် စားသောက်ကုန် အခြောက်များဖြစ်သည့် ဘီစကွတ်များ၊ သရေစာများ၊ ကိတ်မုန့်များ၊ အာလူးကြော်နှင့် အခွံ မာသီး များကဲ့သို့သောထုတ်ကုန်ပစ္စည်းများတင်ပို့မှုတွင် ပိုမိုတိုးမြှင့်တင်ပို့နိုင်ခဲ့ကြောင်း ဖော်ပြ ထားသည်။
ကော့သောင်းကုန်သွယ်ရေးစခန်းသည် တစ်ဖက်ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများကို FOB စနစ်ဖြင့် အဓိကတင်ပို့နေသော ပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ အဓိက တင်ပို့နေသော ပစ္စည်းများမှာ ငါးမျိုးစုံ၊ ငါးစီဖောင်း၊ ပုစွန်၊ ငါးဆားနယ်၊ ကဏန်း၊ ကင်းမွန် (စို/ခြောက်)၊ ခရုနှင့် ငါးမှုန့်၊ သီဟိုဠ်စေ့၊ ဆီအုန်း ဖြစ်သည်။
၁၇-၄-၂၀၂၃ရက်နေ့မှာလယ်ယာထွက်ကုန်အနေဖြင့်တစ်သျှူးငှက်ပျောကားစီးရေ (၃၆)စီး၊ တန်ချိန် (၅၇၆.၀၀၀)တန်၊ တန်ဖိုး (၀.၁၉၇)ဒေါ်လာသန်း၊ ဖရဲသီးကားစီးရေ (၁၆)စီး၊ (၂၇၂.၀၀၀)တန်၊ တန်ဖိုး (၀.၀၄၁)ဒေါ်လာသန်း၊ဆန်ကွဲကားစီးရေ(၁)စီး၊ (၃၄.၀၀၀)တန်၊ တန်ဖိုး (၀.၀၁၃) ဒေါ်လာသန်း၊ထောပတ်ပဲကားစီးရေ(၂)စီး၊ (၃၄.၀၀၀)တန်၊ တန်ဖိုး(၀.၀၃၆) ဒေါ်လာသန်း၊ မြေထောက်ပဲကားစီးရေ(၄)စီး၊ (၁၃၁.၀၀၀)တန်၊ တန်ဖိုး(၀.၁၈၅)ဒေါ်လာသန်း၊ စုစုပေါင်းတန်ဖိုး အမေရိကန်ဒေါ်လာ(၀.၄၇၂)သန်း တင်ပို့နိုင်ခဲ့သည်။ တစ်ဖက်နိုင်ငံမှ ဂျပ်ဖာကားစီးရေ(၃)စီး၊ တန်ချိန်(၉.၅၀၀)တန်၊ တန်ဖိုး(၀.၀၀၄)ဒေါ်လာသန်း၊ဂျပ်စက္ကူ ကားစီ
မြဝတီကုန်သွယ်ရေးဇုန်မှတစ်ဖက်နိုင်ငံသို့ ပို့ကုန်တင်ပို့မှုအနေဖြင့် (၁၁-၄-၂၀၂၃)ရက်နေ့မှ(၁၅-၄-၂၀၂၃) ရက်နေ့ထိ လယ်ယာထွက်ကုန်ပစ္စည်းများ နှင့် CMP ပစ္စည်းများ တင်ပို့မှုရှိသည်။
လယ်ယာထွက်ကုန်ပစ္စည်းများမှာ ကြက်သွန်နီ၊ ပီလောပီနံ၊ ငရုတ်နှင့် ပြောင်းတို့ဖြစ်ပါသည်။ သင်္ကြန် ကာလဖြစ်သဖြင့် ရေထွက်ကုန်ပစ္စည်း တင်ပို့မှုမရှိပါကြောင်းနှင့် CMP တင်ပို့မှုမှာ အမျိုးသား/အမျိုးသမီးဝတ် အထည်အလိပ်များ တင်ပို့လျက်ရှိသည်။
ကော့သောင်းကုန်သွယ်ရေးစခန်းသည် တစ်ဖက်ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများကို FOB စနစ်ဖြင့် အဓိကတင်ပို့နေသော ပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ အဓိက တင်ပို့နေသော ပစ္စည်းများမှာ ငါးမျိုးစုံ၊ ငါးစီဖောင်း၊ ပုစွန်၊ ငါးဆားနယ်၊ ကဏန်း၊ ကင်းမွန် (စို/ခြောက်)၊ ခရုနှင့် ငါးမှုန့်၊ သီဟိုဠ်စေ့၊ ဆီအုန်း ဖြစ်သည်။