admin_ygn

   မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန် စခန်းထုတ်နုတ်အင်အားဖြင့် ဒုတိယညွှန်ကြားရေးမှူးဦးစီးတဲ့  Mobile Team အဖွဲ့သည် မတ်လ ၁၆ ရက်နေ့တွင် နမ်တောင်း-ဖာဖိတ်-ပန်ကျုံ-ခိုခေးဘုန်းကြီးကျောင်း ရှောင်ကွင်းလမ်းပေါ်မှာ မောင်းနှင်လာတဲ့လိုက်ထရပ် 8G/ xxxx ယာဉ်ပေါ်မှ တရားမဝင်တင်ဆောင်လာတဲ့ အေးခဲကြက်သား ၃၀ အိတ်ကို သိမ်း ဆည်းရမိခဲ့ပါတယ်။ အဆိုပါ အေးခဲကြက်သားများရဲ့ ခန့်မှန်းတန်ဖိုးမှာ ကျပ်သိန်း ၆၀ ဖိုးခန့်ဖြစ်ပြီး မူဆယ်မြို့နယ်အကောက်ခွန်ဦးစီးဌာနသို့အဖွဲ့စုံဖြင့် လွှဲပြောင်းအပ်နှံပြီး အကောက်ခွန်အမှုတွဲဖွင့်လှစ်ပြီးဖြစ်တယ်လို့သိရပါတယ်။

DCCA

admin_ygn

   မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်စခန်းထုတ်နုတ်အင်အား Mobile Team အဖွဲ့သည် မတ်လ ၂၃ ရက်နေ့တွင် အေးရှားဝေါလ်တိုးဂိတ်အနီး ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ဒိုင်နာယာဉ်အမှတ် ၈ဆ/xxxx ပေါ်မှ တရားမဝင်တင်ဆောင်လာတဲ့ (1 x 40 kg) ပါ သစ်နီမှုန့်အိတ်များကို  စစ်ဆေးတွေ့ရှိတဲ့ အတွက်သိမ်းဆည်းခဲ့တယ်လို့သိရပါတယ်။ အဆိုပါ သိမ်းဆည်းရမိသစ်နီမှုန့်အိတ်များကို သက်ဆိုင်ရာသို့အဖွဲ့စုံဖြင့် လွှဲပြောင်းအပ်နှံပြီး လုပ်ထုံးလုပ်နည်းနဲ့အညီ ဆက်လက်ဆောင်ရွက်သွားမယ်လို့သတင်းရရှိပါတယ်။

DCCA

admin_ygn

   မတ်လ ၃၀ ရက် နံနက် ၀၄း၃၀ ချိန်မှာ နောင်ချို လရ-၁ အဖွဲ့သို့ ဝင်ရောက်စစ်ဆေးခံသော ၆ ဘီးယာဉ် ပေါ်မှ အကောက်ခွန်မဲ့တင်ဆောင်လာသော စပိုင်ဝိုင် ၂၅ ဖာအား ရှာဖွေတွေ့ရှိခဲ့သဖြင့် သိမ်းဆည်းခဲ့ပြီး  အကောက်ခွန်အမှုတွဲ ဖွင့်နိုင်ရေးဆောင် ရွက်နေတယ်လို့ ရှေ့ပြေးသတင်းရရှိခဲ့ပါတယ်။၂၀၁၂ ခုနှစ် ဒီဇင်ဘာလမှ ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ထိ အရက်ဘီယာဝိုင်သိမ်းဆည်းရမိမှု ၃၇၂ မှုရှိပြီး ခန့်မှန်းတန်ဖိုး ကျပ် ၅၂၆ သန်းဖိုး ရှိပြီလို့သိရပါတယ်။

DCCA

admin_ygn

   မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီကုန်သွယ်ရေးဇုန်၊ ကော့သောင်းနယ်စပ်ကုန်သွယ်ရေးစခန်းနဲ့ မြိတ်နယ်စပ် ကုန်သွယ်ရေး စခန်းများက မတ်လ၁၄ ရက်မှ ၂၀ ရက်တာကာလ အတွင်းတန်ဖိုးကန်ဒေါ်လာ ၃ ဒသမ ၇၆၄သန်း၊  တန်ချိန် ၂၈၁၇ တန် တင်ပို့နိုင်ခဲ့ပါတယ်။ စခန်းတစ်ခုချင်းအလိုက် လုပ်ငန်းဆောင်ရွက်နိုင်မှုများမှာ မြဝတီကုန်သွယ်ရေးဇုန်က ကန်ဒေါ်လာ သုည ဒသမ ၂၀၅ သန်းတန်ဖိုးရှိ ငါးမျိုးစုံ ၉၅ တန်နီးပါး၊ ကဏန်းတန် ၂၀ ကျော်၊ ပုစွန် ၄ တန်နီးပါးတင်ပို့နိုင်ခဲ့ပါတယ်။ ကော့သောင်း နယ်စပ်ကုန်သွယ်ရေးစခန်း က ကန်ဒေါ်လာ သုည ဒသမ ၄၄၅ သန်းတန်ဖိုးရှိ ငါးမျိုးစုံ ၅၃၁ တန်ကျော်၊ ကင်းမွန် ၂၉ တန်ကျော်၊ ပုစွန်  ၂ တန်ကျော်နဲ့ ရေဘဝဲအနည်းငယ

admin_ygn

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအစီအစဉ်ဖြင့် မြဝတီကုန်သွယ်ရေးဇုန်တွင် ၂၀၁၄ ခုနှစ် စက်တင်ဘာလကတည်ဆောက်ခဲ့သော Weigh Bridge မှာ ပြီးစီးပြီဖြစ်၍ ၂၀၁၅ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ စတင် ပြီး ချိန်တွယ်မှုလုပ်ငန်းများစတင်တော့မည်ဟုသတင်းရရှိသည်။

admin_ygn

   မတ်လအတွက် ကုန်သွယ်မှုမြှင့်တင်ရေးအစည်း အဝေးကို မတ်လ ၂၂ ရက် က တမူးကူးသန်းရောင်းဝယ်ရေးရုံးအစည်းအဝေးခန်းမမှာကျင်းပခဲ့ရာ ခရိုင်စီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး၊ မြို့နယ်အကောက်ခွန်၊ တမူးကူးသန်းရောင်းဝယ်ရေး၊ OSS ဌာနတာဝန်ခံများ၊ FDA ရုံးခွဲ၊ အပင်ပိုးမွှား၊ ခရိုင်သစ်တော၊ ကုန်သွယ်မှုမြှင့်တင်ရေး ဦးစီးဌာန၊ ကုန်သည်အသင်း၊ ကုမ္ပဏီလုပ်ငန်းရှင်နဲ့ ITC ကတ်လုပ်ငန်းရှင်များ၊ သယ်ယူပို့ဆောင်ရေး မော်တော်ယာဉ်လိုင်း ဂိတ်တာဝန်ခံများအပါအဝင်စုစုပေါင်း လူ ၃၀ ကျော် တက်ရောက်ဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။

admin_ygn

   မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ မတ်လတတိယပတ်အတွင်း ကန်ဒေါ်လာ ၁ ဒသမ ၂၁၃ သန်းတန်ဖိုးရှိ ဖရဲသီး ၉၅၅၀ တန်၊ လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေးမှ ကန်ဒေါ်လာ သုည ဒသမ ၀၅၅ သန်းတန်ဖိုးရှိ ဖရဲသီး ၄၂၅ တန်နဲ့ မြန်မာ-အိန္ဒိယ နယ်စပ်ရှိ တမူးနယ်စပ်ကုန်သွယ်ရေးမှလည်း ကန်ဒေါ်လာ သုည ဒသမ ၀၀၄ သန်းဖိုးရှိ ဖရဲသီး ၆ တန်တင်ပို့ခဲ့ပါတယ်။ ယခင်သီတင်းပတ်ကလည်း မူဆယ်မှ ၂၂၃၀၀ တန်နဲ့ လွယ်ဂျယ်မှ ၂၅၅ တန်တင်ပို့ခဲ့တာတွေ့ရပါတယ်။ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်ကတော့ ပုံမှန်တင်ပို့နေကျဖြစ်တဲ့ သခွားမွှေး ၅၉၃၀ တန်၊စပျစ်သီး ၁၅ တန်နဲ့ အုန်းသီး ၅ တန်ကို ကန်ဒေါ်လာ ၁ ဒသမ ၂၁၃ သန်းဖိုးတင်ပို့နိုင်ခဲ့ပါတယ်။ ချင

admin_ygn

   မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီကုန်သွယ်ရေးဇုန်၊ ကော့သောင်းနယ်စပ်ကုန်သွယ်ရေးစခန်းနဲ့ မြိတ်နယ်စပ်ကုန်သွယ်ရေးစခန်းများက မတ်လ၁၄ ရက်မှ ၂၀ ရက်တာကာလ အတွင်း တန်ဖိုးကန်ဒေါ်လာ ၃ ဒသမ ၇၆၄သန်း၊  တန်ချိန် ၂၈၁၇ တန်တင်ပို့နိုင်ခဲ့ပါတယ်။ စခန်းတစ်ခုချင်းအလိုက် လုပ်ငန်းဆောင်ရွက်နိုင်မှုများမှာ မြဝတီကုန်သွယ်ရေးဇုန် က ကန်ဒေါ်လာ သုည ဒသမ ၂၀၅ သန်းတန်ဖိုးရှိ ငါးမျိုးစုံ ၉၅ တန်နီးပါး၊ ကဏန်း တန် ၂၀ ကျော်၊ ပုစွန် ၄ တန်နီးပါးတင်ပို့နိုင်ခဲ့ပါ တယ်။ ကော့သောင်းနယ်စပ်ကုန်သွယ်ရေး စခန်းက ကန်ဒေါ်လာ သုည ဒသမ ၄၄၅ သန်းတန်ဖိုးရှိ ငါးမျိုးစုံ ၅၃၁ တန်ကျော်၊ ကင်းမွန် ၂၉ တန်ကျော်၊ ပုစွန်  ၂ တန်ကျော်နဲ့ ရေဘဝဲအနည်းငယ

admin_ygn

   စစ်ကိုင်းတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ရုံး စီမံကိန်းနှင့်စီးပွားရေးဝန်ကြီးဌာန ဝန်ကြီး ဦးစိန်မောင်းသည် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တမူးရုံးသို့ရောက်ရှိလာပြီး အစည်း အဝေးခန်းမတွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ ခရိုင်ရဲတပ်ဖွဲ့မှူး၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ ကူးသန်းရောင်းဝယ်ရေးဌာန၊ သမဝါယမဌာန၊ ပညာရေးဌာန၊ စီမံကိန်းဌာန၊ ကုန်သွယ်မှုမြှင့်တင်ရေးဌာနတို့မှ တာဝန်ခံများနဲ့ မတ်လ ၁၇ ရက် ၁ရး၃၀ ချိန်မှာ လာရောက်တွေ့ဆုံခဲ့ပါတယ်။

admin_ygn

   ရန်ကုန်မြို့ ဆန်စပါးကုန်စည်ဒိုင် (ဝါးတန်း)ရဲ့ လက်ကားဆန်ဈေးနှုန်းများမှာ မတ်လ ၂၆ ရက်ဈေးနှုန်းအရ ဖျာပုံပေါ်ဆန်းလတ်စ တစ်အိတ်ကို ၃၃၀၀၀ ကျပ်၊ ထိပ်စ ၃၄၀၀၀ ကျပ်၊ မြောင်းမြ၊ ပုသိမ် ပေါ်ဆန်း လတ်စ ၃၄၅၀၀ ကျပ်၊ ထိပ်စ ၃၅၅၀၀ ကျပ်၊ နယ်စုံပေါ်ဆန်း လတ်စ ၃၂၅၀၀ ကျပ်၊ ထိပ်စ ၃၃၅၀၀ ကျပ်၊ ရွှေဘိုပေါ်ဆန်းဈေး ၃၇၅၀၀ ကျပ်မှ ၃၈၅၀၀ ကျပ် အသီးသီးဖြစ်လို့ ယခင်တစ်ပတ်ဈေးအတိုင်းဈေးငြိမ်နေပါတယ်။