ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာနအနေနဲ့ နယ်စပ်ဒေသနေပြည်သူများ၊ အသေးစားပုဂ္ဂလိကလုပ်ငန်းရှင်များ၊ ဒေသခံတိုင်းရင်းသားများ ကုန်သွယ်မှု လွယ်ကူစွာဆောင်ရွက်နိုင်ရန်၊ တရားမဝင်ကုန်သွယ်မှုများ တရားဝင်ကုန်သွယ်မှုလမ်းကြောင်းပေါ်သို့ရောက်ရှိပြီး ကုန်သွယ်မှုပမာဏတိုးမြှင့်လာစေရန်နဲ့ နိုင်ငံတော်အတွက် အခွန်အခများတိုးတက်ရရှိစေရေးတို့အတွက် တစ်ဦးချင်းကုန်သွယ်မှုလုပ်ငန်းရှင်မှတ်ပုံတင်လက်မှတ် Individual Trading Card (ITC) ထုတ်ပေး၍ ကုန်သွယ်မှုလုပ်ငန်း များ ဆောင်ရွက်ခွင့်ပြုလျက်ရှိပါတယ်။
မတ်လ ပထမပတ်တွင် မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၅၇၃၃၇ တန်ဖိုးရှိ ကြက်သွန်နီ တန်ချိန် ၃၂၀ ကို တင်ပို့ခဲ့ပါတယ်။ ယခင် သီတင်းပတ်က ၅၇ တန်သာ တင်ပို့နိုင်ခဲ့လို့ ယခုတစ်ပတ်မူဆယ်မှ ကြက်သွန်နီပိုမိုတင်ပို့လာတာတွေ့ရပါတယ်။ အလားတူ မြန်မာ-ထိုင်း နယ်စပ်ရှိ မြဝတီကုန်သွယ်ရေးဇုန်မှ လည်း ကန်ဒေါ်လာ ၁၀၅၁၃၅ တန်ဖိုးရှိ ကြက်သွန်နီ ၄၁၇ တန်နဲ့ မြန်မာ-အိန္ဒိယနယ်စပ်ရှိ တမူးနယ်စပ်ကုန် သွယ်ရေးမှ ကန် ဒေါ်လာ ၆၂၅၅ တန်ဖိုးရှိ ကြက်သွန်နီ ၂၂ တန်ခွဲ တင်ပို့ခဲ့ပါတယ်။
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ မတ်လပထမပတ်တွင် ကန်ဒေါ်လာ ၃၂၀၅၈ တန်ဖိုးရှိ ချင်းခြောက် ၁၆တန်ခွဲနဲ့ မြန်မာ-ဘင်္ဂလား ဒေ့ရှ်နယ်စပ်ရှိ စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ ၁၃၆၇၈ တန်ဖိုးရှိ ချင်းစို ၁၈ တန်တင်ပို့ခဲ့ပါတယ်။
ယခင်သီတင်းပတ်က နယ်စပ်စခန်းတွေမှ ချင်းတင်ပို့မှုမရှိခဲ့ပါဘူး။ ယခင်က ချင်းခြောက်တစ်တန်ကို ၁၇၈၄၀၀၀ ကျပ်ရှိရာမှ ယခုကာလမှာတော့ ၂၀၂၈၀၀၀ ကျပ်ထိ ဈေးမြင့် တက်လာတာတွေ့ရပါတယ်။ စစ်တွေမှ ဝယ်လက်တွေက အောင်ပန်း၊ တောင်ကြီးမြို့များရှိ တောင်သူတွေထံ တိုက်ရိုက်သွားရောက်ဝယ်ယူကြတယ်လို့သိရပါတယ်။
ရှမ်းနနွင်းလည်း ရောင်းအားကောင်းလာပါတယ်။ ပြည်တွင်းပြည်ပဝယ်လက်တွေ ကြိုက်လာတာကြောင့် အရင်နှစ်ကထက် အများကြီးကို အရောင်းသွက်လာတယ်လို့သိရပါ တယ်။
မူဆယ်ဝယ်လက်တွေကတော့ ချင်းကိုထိပ်စလိုချင်ပေမယ့် နနွင်းကိုတော့ သိပ်ကောင်းတာကိုမဝယ်ပါဘူး။ ဝယ်ချင်တယ်လို့ ကမ်းလှမ်းပေမယ့် တကယ်တမ်းတော့ ဈေးက လည်းမဖွင့်သေးပါဘူး။ နနွင်းဈေးကို စောင့်ကြည့်နေတာလို့လည်း ဒေသခံတွေထံကသိရပါတယ်။ မူဆယ်ဝယ်လက်တွေက နနွင်းကိုအောက်ဈေးနဲ့သာရချင်နေသလို တောင် သူတွေ၊ ကုန်သည်တွေကလည်း ဒီထက်ဈေးပိုရရင်သာရောင်းမယ်၊ နိမ့်ရင်တော့ မရောင်းနိုင်ဘူးလို့သိရပါတယ်။
ရန်ကုန်မြို့ ဆန်စပါးကုန်စည်ဒိုင် (ဝါးတန်း) ရဲ့ လက် ကားဆန်ဈေးကွက်မှာ ဖျာပုံပေါ်ဆန်းလတ်စတစ်အိတ်ကို ၃၂၅၀၀ ကျပ်၊ ထိပ်စ ၃၃၀၀၀ ကျပ်၊ မြောင်းမြ၊ ပုသိမ်ပေါ်ဆန်း လတ်စ ၃၄၀၀၀ ကျပ်၊ ထိပ်စ ၃၅၀၀၀ ကျပ်၊ နယ်စုံပေါ်ဆန်း လတ်စ ၃၁၀၀၀ ကျပ်၊ ထိပ်စ ၃၃၀၀၀ ကျပ်ဖြစ်ခဲ့လို့ ယခင်တစ်ပတ်ထက် တစ်အိတ်ကို ၁၀၀၀ ကျပ်မှ ၁၅၀၀ ကျပ် အတွင်း ဈေးဆက်တက်လာတာတွေ့ရပါတယ်။ ထို့အတူ ရွှေဘိုပေါ်ဆန်းဈေးမှာလည်း တစ်အိတ်ကို ၅၀၀ ကျပ်မှ ၁၅၀၀ ကျပ် အတွင်း ဈေးတက်လာကာ တစ်အိတ်ကို ၃၆၅၀၀ ကျပ်မှ ၃၇၀၀၀ ကျပ်ထိ ဈေးနှုန်းဖြစ်ပေါ်ခဲ့တာ တွေ့ရပါတယ်။ ယခင်နှစ်က စစ်ကိုင်းတိုင်းရွှေဘိုဘက်မှာ ရွှေဘိုပေါ်ဆန်းစပါးတွေ ဆစ်ပိုးကျရောက်ပြီး အထွက်လျေ
မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်စခန်းထုတ်နုတ်အင်အားဖြင့် Mobile Teamအဖွဲ့သည် မတ်လ ၂ ရက်နေ့တွင် အေးရှားဝေါလ်တိုးဂိတ်အနီး ပြည်ထောင်စုလမ်းမကြီးပေါ်၌ တရားမဝင်ကုန်သွယ်မှုတားဆီးထိန်း ချုပ်ရေးလုပ်ငန်းများဆောင်ရွက်စဉ် ဓူဝံမှန်လုံယာဉ်ပေါ်မှ တရားမဝင်တင်ဆောင်လာတဲ့ ပန်းသီး၊ လိမ္မော်သီးနဲ့ သစ်တော်သီးဖာများကို စစ်ဆေးတွေ့ရှိသိမ်းဆည်းခဲ့ပါတယ်။
တရားမဝင်ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေးဗဟိုကော်မတီရဲ့ တိုက်ရိုက်ကြီးကြပ်မှုဖြင့် စားသုံးသူအကာအကွယ်ပေးရေးနဲ့ တရားမဝင်ကုန်သွယ်မှုတားဆီးရန် အပြည်ပြည် ဆိုင်ရာ ကုန်သွယ်မှုပြုလုပ်တဲ့ ဆိပ်ကမ်းခြောက်ခု၊ အေးရှားဝေါလ်၊ ထီးတန်း၊ မြန်မာ့စက်မှု၊ ဗိုလ်အောင်ကျော်၊ ဆူးလေ၊ အလုံနဲ့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် (လေကြောင်းကုန်စည်ပို့ဆောင်ရေးလုပ်ငန်း) တို့မှာ ၂၀၁၄ ခုနှစ် ဇူလိုင်လ ၂ ရက်မှ သြဂုတ် လ ၁၅ ရက်ထိ ပညာပေးကာလအဖြစ်လည်းကောင်း၊ သြဂုတ်လ ၁၆ ရက်နေ့မှစတင်၍ အရေးယူကာလအဖြစ်လည်းကောင်း၊ ပို့ကုန် သွင်းကုန် ကုန်သေတ္တာများအား ဖွင့်ဖောက်စစ်ဆေးခြင်း၊ စစ်ဆေးပြီး ကုန်သေတ္တာများအား ဆိပ်ကမ်းအတွင်း မှ ချောမွေ့စွာသ
တရားမဝင်ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီရဲ့ ကြီးကြပ်ကွပ်ကဲမှုနဲ့ Mobile Team လုပ်ငန်းများ ဆောင်ရွက်မှုကို ၂၀၁၂ ခုနှစ် နိုဝင် ဘာလ ၁ ရက်နေ့က စတင် ခဲ့တာဖြစ်ပါတယ်။ ဗဟိုကော်မတီရဲ့ ကြီးကြပ်ထုတ်နုတ်အင်အား Mobile Team ရဲ့ အမှုတွဲဖွင့်လှစ်ရရှိမှုပေါင်းမှာ ၅၀၀၆ ခုရှိပြီးခန့်မှန်းတန်ဖိုးမှာ ကျပ်၂၉၆၃၃ ဒသမ ၂၄၄သန်းရှိပြီလို့သိရပါတယ်၊ မူဆယ်-မန္တလေးလမ်းကြောင်းမှာ ၁၂၉၂ မှု၊ မြဝတီ- ရန်ကုန်လမ်းကြောင်းမှာ ၁၆၃၂ မှု ၊ မူဆယ်ထုတ်နုတ်အင်အား ၁၈၄၇ မှု၊ တမူးထုတ်နုတ် အင်အား ၂၀ မှု၊ တာချီလိတ်ထုတ်နုတ်အင်အား ၁၉၄ မှု၊ ကန်ပိုက်တီး OSS အင်အား ၂ မှု၊ မူဆယ် OSS အင်အား ၄ မှုနဲ့ ကျိုင်းတုံထုတ်နုတ်အင်အား ၁၆
မူဆယ်-မန္တလေးလမ်းကြောင်းပေါ်ရှိ နောင်ချိုတိုးဂိတ်အနီး စားသုံးသူအကာအကွယ်ပေးရေးနဲ့ တရားမဝင်ကုန်သွယ်မှုတားဆီးရေးတာဝန်ထမ်းဆောင်နေတဲ့ လရ-၁ အဖွဲထံ မတ်လ ၉ ရက် ၂၃ း ၃၀ ချိန်မှာဝင်ရောက်စစ်ဆေးခံသော ၁၂ ဘီးယာဉ် DD/xxxx ပေါ်မှ ဆိုင်ကယ်အင်ဂျင် ၃ ထုတ်၊ ဖရိန် ၃ ထုတ်၊ တာယာနဲ့ ဂွေ ၆ ထုတ်၊ ကာဘာ ၃ ထုတ်နဲ့ အပိုပစ္စည်း ၃ ထုတ်ခန့်မှန်းတန်ဖိုး ကျပ် ၉ သိန်းဖိုးအားစစ်ဆေးတွေ့ရှိခဲ့ပါတယ်။ လုပ်ထုံးလုပ်နည်းနဲ့အညီ အကောက်ခွန်အမှုတွဲဖွင့်အရေးယူထားပြီးဖြစ်တယ်လို့ သတင်းရရှိပါ တယ်။
DCCA
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်း နဲ့မောင်တောစခန်းမှ မတ်လပထမပတ်အတွင်းမှာ ကန်ဒေါ်လာ သုည ဒသမ ၁၇၃ သန်းဖိုးရှိ ရေထွက် ကုန် ၂၄၂ တန်ကျော် တင်ပို့ခဲ့ပါတယ်။ စခန်းအလိုက်တင်ပို့နိုင်မှုများမှာ စစ်တွေစခန်းမှ ကန်ဒေါ်လာ သုည ဒသမ ၀၈၃ သန်းဖိုးရှိ ရေချိုငါးများဖြစ်သော ငါးမြစ်ချင်းတန် ၆၀ နဲ့ ငါးခေါင်းပွ ၂၄ တန် တင်ပို့ခဲ့ပါတယ်။ယခင်တစ်ပတ်ကတော့ စစ်တွေစခန်းမှ ရေချိုငါးတင်ပို့မှုမရှိ ခဲ့ပါဘူး။ မောင်တောစခန်းမှ ကန်ဒေါ်လာ သုည ဒသမ ၀၉၀ သန်းဖိုးရှိ ငါးနီ တူခြောက် တန် ၂၀ နဲ့ ငါးစုံလေးခြောက် ၁၃၈ တန်ကျော်တင်ပို့ခဲ့ပြီး ယခင်တစ်ပတ်ကထက် ၂၉ တန်ကျော်ပိုမိုတင်ပို့ နိုင်ခဲ့ပါတယ်။ မြန