admin_ygn

   မန္တလေး-မူဆယ် ကုန်သွယ်မှုလမ်းကြောင်းတွင် တရားမဝင် ကုန်သွယ်မှုတားဆီးရေးနဲ့ စားသုံးသူအကာအကွယ်ပေးရန်တာဝန်ထမ်းဆောင်နေသော လရ(၁)အဖွဲ့ဟာ မတ်လ ၂၁ ရက် ၁၀း၃၀ ချိန်မှာ Toyota Crown Majesta 3G/xxxx ရဲ့ခေါင်းပိုင်းအင်ဂျင်ခန်းနဲ့ နောက်ခန်းတို့မှာ ကျောက်စိမ်းလို့ယူဆရတဲ့ ကျောက်တုံးများ၊ ကျောက်ပြားအပိုင်းအစ များ၊ အဝိုင်းပြားများကို စစ်ဆေးတွေ့ရှိတားဆီးနိုင်ခဲ့ပါတယ်။ ပစ္စည်းများကိုအသေးစိတ်စစ်ဆေးစဉ် ယာဉ်မောင်းမှာထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။

admin_ygn

   မြန်မာ-ထိုင်းနယ်စပ်ရှိ ကော့ သောင်း နယ်စပ်ကုန်သွယ်ရေးစခန်းမှ မတ်လအတွင်း ပင်လယ်ငါးရှဉ့် ၁၃ တန်နီးပါး တန်ဖိုး ကန်ဒေါ်လာ သုည ဒသမ ၀၂၄ သန်းနဲ့ ရေဘဝဲ ၅ တန် ကျော် တန်ဖိုးကန်ဒေါ်လာ သုည ဒသမ ၀၀၈ သန်းတင်ပို့နိုင်ခဲ့သလို ကန်ဒေါ်လာ ၃ ဒသမ ၄၀၃ သန်းတန်ဖိုးရှိ ကျန်ရေ ထွက်ကုန်များဖြစ်တဲ့  ငါးမျိုးစုံ ၄၀၀၉ တန်ကျော်၊ ကင်းမွန်  ၈၉ တန်ကျော်၊ ပုစွန် ၁၇ တန်ကျော်၊ ကဏန်း  ၁တန်နဲ့ ခရုအနည်းငယ် တင်ပို့နိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

admin_ygn

   မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းသည် ဒေသတွင်းကုန်ပစ္စည်းထွက်ရှိမှု နည်းပါးသော်လည်း ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှု ပမာဏလျာထားချက် ပြည့်မီအောင်ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ရခိုင်ပြည်နယ်အတွင်းရှိ အခြားမြို့နယ်များမှ မှာယူပြီး ကုန်သည်လုပ်ငန်းရှင်များက ကြိုးစားလုပ်ကိုင်ဆောင်ရွက် ကြသဖြင့် ကုန်သွယ်မှုရလဒ် ကောင်းများ ရရှိခဲ့ခြင်းဖြစ်ကြောင်း မတ် လ ၃၀ ရက်နေ့ကပြုလုပ်တဲ့ ကုန်သွယ်မှုမြှင့်တင်ရေးအစည်းအဝေးမှာ တာဝန်ရှိသူများက ပြောကြားခဲ့ တာဖြစ်ပါတယ်။

admin_ygn

   အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်၊ တမင်လောင်ခရိုင်နဲ့တောင်ပေါ်ခရိုင်များမှာ ဓာတ်ဆီ၊ ဒီဇယ်လောင်စာဆီများ ပြတ်လပ်မှုကြောင့် ဒေသခံပြည်သူများအခက်အခဲနဲ့ရင်ဆိုင်နေရပြီး အခြားပြည်နယ်များမှ ဝင်ရောက်လာတဲ့ လောင်စာဆီကုန်တင်ယာဉ်များဟာလည်း လမ်းပိတ်ဆန္ဒပြမှုတွေကြောင့် ရပ်တန့်ပေးနေရတဲ့အတွက် အချိန်ကြာမြင့်နေကြောင်း The Sangai Express သတင်းစာမှာ ဖော်ပြထားပါတယ်။ ပြည်နယ်အစိုးရအနေနဲ့ လောင်စာဆီပြတ်လပ်မှုမဖြစ်စေရေး အလေးပေးဆောင်ရွက်ပေးရန်လိုကြောင်းနဲ့ လောင်စာ ဆီ မှောင်ခိုဈေးမှာလည်း အလွန်မြင့်မားနေကြောင်းသတင်းရရှိပါတယ်။

စိုးနိုင် (တမူး)

admin_ygn

   မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်းက မတ် ၂၁ ရက်မှ ၂၇ ရက်ထိကာလအတွင်း ရေထွက်ကုန်နဲ့ လယ်ယာထွက်ကုန်တန်ချိန် ၃၆၀ ကျော် တန်ဖိုး ကန်ဒေါ်လာသုည ဒသမ ၁၃၅ သန်းဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်သီတင်းပတ်က ကန်ဒေါ်လာ သုည ဒသမ ၁၁၆ သန်းဖိုးသာတင်ပို့နိုင်ခဲ့လို့ ယခုသီတင်းပတ်မှာ ကန်ဒေါ်လာ သုည ဒသမ ၀၁၉ သန်းဖိုး ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။

admin_ygn

   မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီကုန်သွယ်ရေးဇုန်မှ အဓိကပို့ကုန်ဖြစ်တဲ့ လယ်ယာထွက်ကုန်ကို  မတ်လအတွင်း ကန်ဒေါ်လာ ၂ သန်းဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ လယ်ယာ ထွက်ကုန်များမှာ မြေပဲဆံ ၂၀၆ တန်ကျော်၊ ကြက်သွန်နီ ၆၁၁ တန်ကျော်၊ နှမ်း ၅၁ တန်ကျော် ၊ မတ်ပဲ ၂၄ တန်ကျော်၊ ပဲလွန်းဖြူ ၄၃ တန်ကျော်၊ ကြံ ၁ တန်၊ သီဟိုဠ်စေ့ ၃ တန် နဲ့ ပဲတီစိမ်း၊ ဆီးသီးခြောက်တို့ကိုလည်းတင်ပို့နိုင်ခဲ့ပါတယ်။

ခင်မြနွယ် MIRT (DCCA)

admin_ygn

   မြန်မာ့ဆန်တင်ပို့မှုမှာ ဖေဖော်ဝါရီလဆန်းပိုင်းကစပြီးတင်ပို့မှုမြင့်တက်လာခဲ့ရာ မတ်လအတွင်းမှာ တစ်ပတ်ထက် တစ်ပတ်ပိုမိုတင်ပို့လာနိုင်တာတွေ့ရပါတယ်။ မတ်လ ၂၁ ရက်မှ ၂၇ ရက်နေ့ထိ ရက်သတ္တပတ်အတွင်းမှာ မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၉ ဒသမ ၃၃၁ သန်းဖိုးရှိ ငစိန်ဆန် ၁၇၄၆၈ တန်နဲ့ ဧည့်မထဆန် ၇၇၉၅ တန်ကျော်တင်ပို့ခဲ့ပါတယ်။  လွယ်ဂျယ်စခန်းမှ ကန်ဒေါ်လာ ၁ ဒသမ ၀၅၀ သန်းဖိုးရှိ ဆန် တန်ချိန် ၃၀၀၀ တင်ပို့ခဲ့ပြီး စခန်းနှစ်ခုပေါင်းမှ ဆန်တန်ချိန် ၂၈၂၆၃ တန်ကျော်တင်ပို့ခဲ့ပါတယ်။ ယခင်ရက်သတ္တပတ်တင်ပို့မှုထက် ၃၉၃၇ တန်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။

admin_ygn

   မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်းက မတ်လ ၁၄ ရက်မှ ၂၀ ရက်ထိ သီတင်းပတ်အတွင်း ရေထွက်ကုန်နဲ့ လယ်ယာထွက်ကုန် တန်ချိန် ၃၀၀ ကျော် တန်ဖိုး ကန်ဒေါ်လာ သုည ဒသမ ၁၁၆ သန်းဖိုးတင်ပို့နိုင်ခဲ့ပါတယ်။ ယခင်သီတင်းပတ်က ကန်ဒေါ်လာ သုည ဒသမ ၀၅၅ သန်းဖိုးတင်ပို့နိုင်ခဲ့သဖြင့် ယခုသီတင်းပတ် မှာတော့ ကန်ဒေါ်လာ သုည ဒသမ ၀၆၁ သန်းဖိုးပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။

admin_ygn

   မြဝတီ-ရန်ကုန် ကုန်သွယ်မှုလမ်းကြောင်းပေါ်ရှိ  Mobile Team ညောင်ခါးရှည်မှ အမှုတွဲ လေးတွဲဖွင့်သိမ်းဆည်းထားတဲ့ မတ်လ ၃ ရက်နဲ့ ၈ ရက်နေ့များမှာ မှန်လုံယာဉ်များပေါ် တွင် အကောက်ခွန်မဲ့တင်ဆောင်လာသော ဘီယာချမ်းများနဲ့ မတ်လ  ၅ ရက်နေ့က  ရထားသံလမ်းအကျော် ညောင်ခါးရှည်ရွာမရောက်မီ လယ်ယာကုန်ထုတ်လမ်းထိပ် ရှောင် ကွင်းလမ်းမှာ ပိုင်ရှင်မဲ့စုပုံထားတဲ့ ဘီယာချမ်းစုစုပေါင်း ၁၉၆ ဖာ ခန့်မှန်းတန်ဖိုး ကျပ်သိန်း  ၂၇ ဒသမ ၁၅၀ တန်ဖိုးအား မတ်လ ၁၄ ရက် ၁၆ း ၃၀  ချိန်က ညောင်ခါးရှည်မှာ ဘီယာဘူးများအား ခါးလည်မှ ပိုင်းဖြတ်၊ အရည်များသွန်ချပြီး ဘီယာဘူးများကို ထုပ်ပိုးထားတဲ့ စက္ကူဘူးခွံများအုပ်၍ မီ

admin_ygn

  မတ်လ ၁၈ ရက် နဲ့ ၂၁ ရက် နေ့များမှာ မန္တလေး-မူဆယ်ကုန်သွယ်မှုလမ်းကြောင်းပေါ်ရှိ လရ-၁ အဖွဲ့ရဲ့ စားသုံးသူအကာအကွယ်ပေးရေးနဲ့ တရားမဝင်ကုန်သွယ်မှုတားဆီးရေး လုပ်ငန်းများဆာင်ရွက်နေစဉ် တိုယိုတာမတ်တူး ယာဉ်ခေါင်းပိုင်း အင်ဂျင်ခန်းနဲ့ နောက်ခန်းများမှာ ကျောက်စိမ်းလို့ ယူဆရတဲ့ ပုတီးစေ့အရွယ်စုံ အထုပ် ၉၀ နဲ့ တိုယိုတာကရောင်း မဂျက်စတာ အင်ဂျင်ခန်းနဲ့ နောက်ခန်းမှာ ကျောက်စိမ်းလို့ယူဆရတဲ့ကျောက်တုံး ၄၀ တုံးပါ ၂ထုပ်၊ ကျောက်တုံး ၃၂ တုံးပါ ၁ ထုပ်၊ ကျောက် ပြား အပိုင်းစ ၇၂ ခုနဲ့ အဝိုင်းပြား ၄၅ ခုကို စစ်ဆေးတွေ့ရှိခဲ့ရတယ်လို့ ရှေ့ပြေးသတင်းရရှိပါတယ်။ သိမ်းဆည်းရမိကျောက်စိမ်းများကို လုပ်ထုံးလုပ်နည်းများနဲ့အညီ အကောက်ခွန