မေ ၉ ရက်မှ ၁၅ ရက်ထိကာလအတွင်းမှာ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၁ ဒသမ ၉၂၀ သန်းဖိုးရှိ ရော်ဘာ ၁၃၉၇ တန်ကျော်ကို တစ်ဖက်တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့ တဲ့ ရော်ဘာများကတော့ RSS-1 ၂၇ တန်ကျော်၊ RSS-3 ၁၀၅၂ တန်၊ RSS-5 ၁၆ တန်၊ MSR-20 ၂၅၂ တန်၊ MSR-50 တန် ၅၀ ခန့်ဖြစ်ပါတယ်။ ယခင်တစ်ပတ်က မူဆယ် (၁၀၅) မိုင်မှ ၁၃၆၄ တန်တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ ၃၃ တန်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ မေလ ၁ ရက် မှ ၁၅ ရက် တာကာလအတွင်း ကန်ဒေါ်လာ ၃ ဒသမ ၆၉၉ သန်းတန်ဖိုးရှိ သကြားဖြူ ၆၁၆၄တန်ခွဲ ကန်ဒေါ်လာ သုည ဒသမ ၆၆၄ သန်းတန်ဖိုးရှိ သကြားညို ၁၁၄၄ တန် ကိုတင်ပို့နိုင်ခဲ့ပါတယ်။ ဧပြီလအတွင်းမှာတော့ သကြားဖြူ ၁၆၁၈၀ တန်ခွဲနဲ့ သကြား ညို ၃၂၂ တန် တင်ပို့ ခဲ့တာတွေ့ရပါတယ်။ တရုတ်ဝယ်လက်ရှိချိန်ဆိုလျှင် မန္တလေးဈေးကွက်မှာ တစ်ရက်လျှင် သကြားပိဿာဝင်အိတ်ရေ ၃၀၀၀ ကျော်ခန့်တင်ပို့နိုင်ပြီး ပြည်တွင်းအတွက် စားသုံးရန် လုံလောက်တာကြောင့် ယခုလိုပြည်ပသို့တင်ပို့နိုင်ကြောင်း၊ တရုတ်နိုင်ငံသို့ သကြားကို အကြမ်းရော အနုပါပို့ရတော့အဆင်ပြေတယ်လို့ မြန်မာနိ
မေလ ၄ ရက် ၂၁း၀၀ မှ မေလ ၅ ရက် ၀၃း၃၀ ချိန်အတွင်း ခရီးသည်တင်မှန်လုံယာဉ် (Express) မော်တော်ယာဉ်များပေါ်မှ ကျပ် ၁၁ ဒသမ ၄၀၀ သိန်းတန်ဖိုးရှိ တရုတ် ဖိနပ်များ၊ လျှပ်စစ်မီးခလုတ်များ၊ အိမ်ဆောက်ပစ္စည်း(တူ)၊ ကပ်ကြေး၊ ကားမီးခွက်များ ခန့်မှန်းတန်ဖိုးကျပ် ၁၁ ဒသမ ၄၀၀ သိန်း ဖိုးအား မူဆယ် Mobile Team အဖွဲ့မှ ညွှန်ကြားရေးမှူးဦးစီးအဖွဲ့က သိမ်းဆည်းရမိခဲ့တယ်လို့သိရပါတယ်။
MIRT
မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ မေလပထမပတ်တွင် ကန်ဒေါ်လာ သုည ဒသမ ၉၀၆ သန်း တန်ဖိုးရှိ သရက်သီး ၂၆၆၅ တန်တင်ပို့နိုင်ခဲ့ပါတယ်။ ဧပြီလဆန်းပိုင်းစတင်ပို့စဉ်က ၇၀၅ တန် ခွဲသာ တင်ပို့ခဲ့ရာမှ ယခုအခါ တန်ချိန် ၂၀၀၀ ကျော်ထိ ပို့အားတက်လာတာတွေ့ရပါတယ်။ လယ်ယာထွက်ကုန်သီးနှံဖြစ်တဲ့ စိန်တစ်လုံး သရက်များကို ယခုလကုန်အတွင်း ကိုရီးယားနိုင်ငံဈေးကွက်သို့တင်ပို့ရောင်းချသွားမှာ ဖြစ်ကြောင်း၊ စိန်တစ်လုံးသရက်သီးများရဲ့ သဘာဝအနံ့၊ အရသာကောင်းမွန်မှု၊ သီးလုံး အရွယ်အစားနဲ့ အလေးချိန်တွေကို ကိုရီးယားမှအလွန်ကြိုက်နှစ်သက်ကြောင်းသိရပါတယ်။ မြန်မာရွှေသစ်သီးဝလံကုမ္ပဏီမှ မြန်မာစိန်တစ်လုံး သရက်သီး၊ ဖ
မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီကုန်သွယ်ရေးဇုန်၊ ကော့သောင်းကုန်သွယ်ရေးစခန်းနဲ့ မြိတ်ကုန်သွယ်ရေးစခန်းများက မေလ ၂ ရက်မှ ၈ ရက်အတွင်း ကန်ဒေါ်လာ ၄ ဒသမ ၄၁၅ သန်းတန်ဖိုးရှိ ရေထွက်ကုန် ၃၆၁၄ တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်တစ်ပတ်နဲ့ နှိုင်းယှဉ်ပါက တန် ၁၅၀၀ ကျော် ပိုမို တင်ပို့နိုင်ခဲ့ပါတယ်။
စခန်းအလိုက်တင်ပို့မှုတွေကတော့ မြဝတီကုန်သွယ်ရေးဇုန်က ကန်ဒေါ်လာ ၀ ဒသမ ၁၄၀ သန်း တန်ဖိုးရှိ ငါးမျိုးစုံ ၆၇ တန်ကျော်၊ ကဏန်း ၂၂ တန်ကျော်နဲ့ ပုစွန် ၂ တန်ကျော် တင်ပို့နိုင်ခဲ့တဲ့အတွက် ယခင်တစ်ပတ်နဲ့ နှိုင်းယှဉ်ပါက ၂၁ တန်ကျော် လျော့နည်းတင်ပို့ခဲ့ပါတယ်။
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ စစ်တွေကုန်သွယ်ရေးစခန်းက ဧပြီလ ၂ ရက်နေ့မှ ၈ ရက်နေ့ထိကာလအတွင်း လယ်ယာထွက်ကုန်နဲ့ စက်မှုကုန်ချော ၅၀၄ တန်၊ တန်ဖိုး ကန်ဒေါ်လာ သုည ဒသမ ၀၈၁ သန်းဖိုးတင်ပို့နိုင်ခဲ့ပါတယ်။ ယခင်သီတင်းပတ်က ကန်ဒေါ်လာ သုည ဒသမ ၃၇၂ သန်း ဖိုးတင်ပို့နိုင်ခဲ့သဖြင့် ယခုသီတင်းပတ်မှာတော့ ကန်ဒေါ်လာ သုည ဒသမ ၂၉၁ သန်းလျော့နည်းတင်ပို့ခဲ့ပါတယ်။ ယခုတစ်ပတ်မှာ ရေထွက်ကုန် ပစ္စည်းများတင်ပို့မှုမရှိခဲ့တဲ့အတွက် တင်ပို့မှုလျော့နည်းခဲ့ရခြင်းဖြစ်ပါတယ်။
ကုန်သွယ်ရေးဦးစီးဌာန တမူး ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၁၅ ခုနှစ် ဧပြီလမှာ ပို့ကုန် ကုန်ဒေါ်လာ ၃ ဒသမ ၈၁၄ သန်း၊ သွင်းကုန် ကန်ဒေါ် လာ သုည ဒသမ ၉၃၈ သန်းကုန်သွယ်မှု ပမာဏ ၄ ဒသမ ၇၅၂ သန်းဆောင်ရွက်နိုင်ခဲ့ပါတယ်။ ယမန်နှစ် ၂၀၁၄ ခုနှစ် ဧပြီလနဲ့နှိုင်းယှဉ်ပါက ပို့ကုန် ကန် ဒေါ်လာ သုည ဒသမ ၃၆၂ သန်း ၊ သွင်း ကုန်ကန်ဒေါ်လာ သုည ဒသမ ၆၄၆ သန်းပိုမိုခဲ့သဖြင့် ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ ၁ ဒသမ ၀၀၈ သန်းပိုမိုခဲ့ပါတယ်။ ကာလတူထက်ပိုမိုရခြင်းမှာ ပို့ကုန်အနေဖြင့် ကွမ်း သီး၊ စီးကရက်နဲ့ အမယ်စုံတို့တင်ပို့မှုပိုမိုခြင်းကြောင့်ဖြစ်ပြီး သွင်းကုန် အနေဖြင့် မော်တော်ဆိုင်ကယ်၊ စားတော်ပဲ၊ ပဲရာဇာ၊ တောင်လုံးကျော်၊ ပလတ်စတစ်ရေတ
အိန္ဒိယနိုင်ငံမှထုတ်လုပ်သည့် အမျိုးသားစီးဆိုင်ကယ်များတင်သွင်းမှု ပိုမိုလျက်ရှိနေပါတယ်။ ယခင်ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းတို့သာ ဝယ်ယူကြရာမှာ အရည်အသွေး ကိုကြိုက်နှစ်သက်၍ မန္တလေး၊ မုံရွာဈေးကွက်များမှတစ်ဆင့် တစ်နိုင်ငံလုံးကို ဖြန့်ဖြူးလာနိုင်ကြောင်းသိရှိရပါတယ်။ တမူးနယ်စပ်ကုန်သွယ်ရေးစခန်းမှ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် တွင် မော်တော်ဆိုင်ကယ် (၇၂၃၉)စီး၊ တန်ဖိုး ၇ဒသမ ၃၄၆ ဒေါ်လာသန်းတင်သွင်းနိုင်ခဲ့ပါတယ်။
ကသရ (တမူး)
ကုန်သွယ်ရေးဦးစီးဌာန မူဆယ်စခန်းထုတ်နုတ်အင်အား Mobile Team အဖွဲ့မှ ဦးစီးအရာရှိ ဦးစီးတဲ့အဖွဲ့သည် ဧပြီလ ၂၆ ရက်နေ့ တွင် အေးရှားဝေါလ်တိုးဂိတ် အနီး ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ကြယ်တံခွန်ယာဉ်အမှတ် ၅ဂ/xxxx ပေါ်မှ တရားမဝင်အကောက်ခွန်မဲ့တင်ဆောင်လာတဲ့ သုံးဘီးဆိုင်ကယ် အသစ်တစ်စီး ကိုသိမ်းဆည်းရ မိခဲ့ပါတယ်။ သိမ်းဆည်းရမိ အကောက်ခွန်မဲ့ သုံးဘီးဆိုင်ကယ်၏ ခန့်မှန်းတန်ဖိုးမှာ ကျပ်လေးသိန်းငါးသောင်းကျော်ခန့်ဖြစ်ပြီး မြို့နယ်အကောက်ခွန်ဦးစီးဌာနသို့အဖွဲ့စုံဖြင့်အပ်နှံကာ အကောက်ခွန်အမှုတွဲဖွင့်လှစ်ပြီးဖြစ်ပါတယ်။
MIRT
ကုန်သွယ်ရေးဦးစီးဌာန မူဆယ်စခန်းထုတ်နုတ်အင်အား Mobile Team အဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူးဦးစီးတဲ့အဖွဲ့သည် ဧပြီလ ၂၆ ရက်နေ့ ၀၈း၃၀ ချိန်တွင် ကုန်သွယ်ရေး ဇုန်အလွန် ရှောင်ကွင်းလမ်း ကျိန်စမ်းကျော့လမ်း တွင် အကောက်ခွန်မဲ့ စုပုံထားတဲ့ ဆန် ၄၃ အိတ်၊ မီးသွေး ၃၅ အိတ်နဲ့ ထင်းရှူးဆီ (255 kg) ၁၁ အိတ်တို့ကို စစ်ဆေးတွေ့ရှိခဲ့ပါ တယ်။ ယင်းနေ့ ၀၉း၀၀ ချိန် တွင်လည်း ကုန်သွယ်ရေးဇုန်အလွန် ရှောင်ကွင်းလမ်း (အောက်တုံခန်ရွာအနီး) တွင် အကောက်ခွန်မဲ့စုပုံထားတဲ့ ပြောင်းအိတ် ၆၀ ခန့်ကိုလည်း စစ်ဆေးတွေ့ရှိခဲ့တယ်လို့သိရပါတယ်။ သိမ်းဆည်းရမိအကောက်ခွန်မဲ့ပစ္စည်းများကို မူဆယ်မြို့နယ်အကောက်ခွန်ဦးစီးဌာနသို့