admin_ygn

ပြည်ပဲမျိုးစုံဈေးကွက်၌ မတ်ပဲသီးနှံဈေးများ သင်္ကြန်ကာလမတိုင်မီ ဈေးနှင့်နှိုင်းယှဉ်ပါက ဈေးပြန်မြင့်တက်လာခဲ့သည်ကိုတွေ့ရသည်။ ဗဟိုဘဏ် ၏ ဒေါ်လာငွေအပေါ်  မူဝါဒပြောင်းလဲမှုများကြောင့် ပဲဈေးကွက်ပြောင်းလဲမှု များဖြစ်ပေါ်ခဲ့ကာ အခိုက်အတန့်  ဈေးနှုန်းများ ကျဆင်းသွားခဲ့သော်လည်း ယခုအချိန်တွင် ပဲဈေးနှုန်းများဈေးမြင့်တက်ခဲ့သည်။ပိဿာ ၂၀ တစ်တင်းလျှင် ကျပ် ကျပ် ၄၉၀ဝ၀ ဖြင့် လိုင်းသမား ပုံမှန် အဝယ်ရှိ၍  အိတ် ၂၀ဝ ကျော် နေ့စဉ် ရောင်းချမှုရှိခဲ့ကြောင်း သိရသည်။ လှောင်ပဲလက်ကျန်များရှိခဲ့သော်လည်း လှောင်သမားများနှင့် ပဲစိုက်တောင်သူ အချို့အနေဖြင့် ထုတ်ရောင်း ချမှုမရှိသေးဘဲ ဆက်လက်သိုလှောင် ထားရှိနေ ကြကြောင်

admin_ygn

လက်ရှိဖြစ်ပေါ်နေသော ကမ္ဘာ့ရွှေဈေးမြင့်မားမှုနှင့်  နိုင်ငံခြားငွေလဲလှယ်မှု ဈေးနှုန်းသက်ရောက်မှုများကြောင့်   မြန်မာ့ရွှေဈေး ဆက်တိုက်မြင့်တက်နေပြီး ကာလတို  ခန့်မှန်းချက်များအရ  ဆက်လက်မြင့်တက်နိုင်သည့် အခြေအနေမျိုးရှိ ကြောင်း ဈေးကွက်ကျွမ်းကျင်သူများက ခန့်မှန်းထားကြသည်။

admin_ygn

၂၀၂၂ ခုနှစ် မတ်လတွင် ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ရော်ဘာတန်ချိန် ၄၃၉၅၀ ခန့် တင်ပို့ပြီး တန်ဖိုး အမေရိကန် ဒေါ်လာ ၆၆ ဒသမ ၉၅၆ သန်းကျော်ရရှိကြောင်း သိရသည်။နိုင်ငံအလိုက် တင်ပို့မှုများအနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သို့ ရော်ဘာတန်ချိန် ၂၅၃၂၀ ခန့်၊ မလေးရှားနိုင်ငံသို့ တန်ချိန် ၁၅၆၆၀ခန့်၊ အိန္ဒိယနိုင်ငံသို့ တန်ချိန် ၁၇၈၀ ကျော် ၊ ထိုင်ဝမ်သို့ တန်ချိန် ၂၀ဝ ခန့်၊ ဗီယက်နမ်နိုင်ငံသို့ တန်ချိန် ၃၀ဝ ခန့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တန်ချိန် ၁၉ ခန့်၊ ဂျပန်နိုင်ငံသို့ တန်ချိန် ၂၈၀ ခန့်၊ ကိုရီးယားနိုင်ငံသို့ တန်ချိန် ၃၄၀ ခန့်နှင့် အင်ဒိုနီးရှား နိုင်ငံသို့ တန်ချိန် ၄၀ ကျော် တင်ပို့ခဲ့ကြောင်း သိရသည်။၂၀၂၂ ခု

admin_ygn

ကွမ်းသီးနှင့် သီဟိုဠ်များသည် မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည် နယ်တို့တွင် အများဆုံး စိုက်ပျိုးလျက်ရှိသည်။ ကွမ်းသီးတွင် ကွမ်းသီးအလုံးဈေးနှင့် ကွမ်းသီးခွဲခြမ်း ဈေးဟူ၍ ဈေးနှုန်းနှစ်မျိုးရှိပြီး သီဟိုဠ်စေ့တွင် အခွံမချွတ်ရသေးသော အပင်မှဆွတ်ခူးသောအသီး အကြမ်းဈေးနှင့် အခြောက်လှန်းသန့်စင် ပြီး အချောဈေးဟူ၍ ဈေးနှုန်း နှစ်မျိုးရှိကြောင်းသိရှိရသည်။တနင်္သာရီတိုင်းဒေသကြီး  ထားဝယ်မြို့ပေါ်ရှိ ယခုဖြစ်ပေါ်လျက်ရှိသော ကွမ်းသီးဈေးမှာ ဧပြီ ၁၉ ရက်တွင် ကွမ်းသီးအလုံး(အခွံမပါ) တစ်ပိဿာလျှင် ကျပ် ၅၃၀ဝ နှုန်းရှိပြီး ကွမ်းသီးခွဲခြမ်း တစ် ပိဿာလျှင် ကျပ် ၅၅၀ဝ ပေါက်ဈေးရှိကြောင်း သိရှိရသည်။

admin_ygn

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနစားသုံးသူရေးရာဦးစီးဌာနစစ်တွေခရိုင်ပေါက်တောမြို့နယ်တာဝန်ခံဦးကျော်သိန်းအောင်နှင့်ငါးလုပ်ငန်းဦးစီးဌာနမြို့နယ်ဦးစီးမှူး ဦးမောင်တင်တို့သည် မတ် ၈ရက် နံနက်၈နာရီခွဲတွင် ပေါက်တောမြို့အရှေ့ပိုင်း ရပ်ကွက်အတွင်း ရှိထူးချွန်ကဏန်းရောင်းဝယ်ရေးအဝယ်ဒိုင်သို့သွားရောက်ကာပိုင်ရှင်ဦးခိုင်ကျော်လှနှင့်တွေ့ဆုံကာကဏန်း တင်ပို့မှုနှင့်ပတ်သက်၍တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရာထူးချွန်ကဏန်းရောင်းဝယ်ရေးအဝယ်ဒိုင်အနေဖြင့် ပြည်ပနိုင်ငံများသို့ကဏန်းတင်ပို့ခြင်းကို ၂၀၁၀ခုနှစ် ဇန်နဝါ ရီလမှစ၍ ဆောင်ရွက်လျက်ရှိသည်။ရေထွက်ပစ္စည်းများထုတ်လုပ်မှုမှာရေချို၊ ရေငန်၊ငါး၊ ပုစွန

admin_ygn

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ်တွင်မုန့်ဟင်းခါးဖို ၂၀ ခန့်နှင့် မုန့်ဖတ်ခြောက်လုပ်ငန်း လုပ်ကိုင်သူ ကိုးဦးခန့်ရှိကြောင်း သိရသည်။ မုန့်ဟင်းခါးသည် ဒေသအလိုက် ရေမြေနောက်ခံအရ စားသုံးကြသော အစားအစာများတွင် တစ်မျိုးအပါအဝင် ဖြစ်ပါသည်။ စားသုံးသူ ရေးရာ ဦးစီးဌာန၊ တောင်ငူမြို့နယ်တာဝန်ခံသည် မတ် ၁၇ ရက် နံနက်ပိုင်းက သရဖူအမှတ်တံဆိပ်မုန့်ဟင်းခါး ခြောက်ထုတ်လုပ်သူ ဦးသိန်းနိုင်မြင့် နှင့် တွေ့ဆုံပြီး မုန့်ဟင်းခါးခြောက် ထုတ်လုပ်ဖြန့်ဖြူး ရောင်းချနေမှု အခြေအနေများကို မေးမြန်းခဲ့သည်။မုန့်ဟင်းခါးဖတ် ထုတ်လုပ် ရာတွင်ဆန်လတ်ဆန်များကို အဓိက ကုန်ကြမ်းအဖြစ် အသုံးပြုရကြောင်း၊ ယခုအချိန်တွင် ဒေသထွက် ဆန်တ

admin_ygn

ပြောင်းဖူးပင်များကို Ever Shine Lashio co.ltd ကဝယ်ယူကာတစ်ဖက်နိုင်ငံသို့တင်ပို့ရောင်းချပေးနေသည့်အတွက်ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ ပြောင်းဖူးစိုက်သည့်တောင်သူများပြောင်းဆံနှင့် ပြောင်းဖူးပင်ဈေးကွက်နှစ်ခုရရှိနေ၍ အဆင်ပြေလျက်ရှိပြီး ပြောင်းစိုက် တောင်သူများထံမှပြောင်းပင်များကို အပြင်လိုက်ဝယ်ယူပြီးပြောင်းချဉ်ဖတ်လုပ်ကာအိမ်နီးချင်း တရုတ်နိုင်ငံသို့ ပြန်လည်တင်ပို့ရောင်းချပေးနေသည့် ဈေးကွက်တစ်ခုဖြစ်ပေါ်လာ၍ ပြောင်းဖူးချိုးပြီးသားအပင်များ အလဟဿမဖြစ်စေတော့သည့် အတွက် ပြောင်းစိုက် တောင်သူ များအဆင်ပြေလျက်ရှိသည်။ယခင်ကပြောင်းဖူးစိုက်သည့်အခါတွင်အဖူးချိုးခြင်း၊ခြွေခြင်းလှန်းခြင်းတို့ကို အဆင့်ဆ

admin_ygn

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးသူ ရေးရာဦးစီးဌာန စစ်တွေခရိုင် ပေါက်တောမြို့နယ် တာဝန်ခံ ဦးကျော်သိန်းအောင်နှင့် ငါးလုပ်ငန်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမောင်တင်တို့သည် မတ် ၈ ရက် နံနက် ၈နာရီခွဲတွင် ပေါက်တောမြို့ အရှေ့ပိုင်း ရပ်ကွက် အတွင်းရှိ ထူးချွန် ကဏန်းရောင်းဝယ်ရေး အဝယ်ဒိုင်သို့ သွားရောက်ကာ ပိုင်ရှင်ဦးခိုင်ကျော်လှနှင့် တွေ့ဆုံကာ ကဏန်းတင်ပို့မှုနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရာ ထူးချွန် ကဏန်းရောင်းဝယ်ရေး အဝယ်ဒိုင်အနေဖြင့် ပြည်ပနိုင်ငံများ သို့ ကဏန်းတင်ပို့ခြင်းကို ၂၀၁၀ခုနှစ် ဇန်နဝါရီလမှစ၍ ဆောင်ရွက် လျက်ရှိသည်။ ရေထွက်ပစ္စည်းများ ထုတ်လုပ်မှု

admin_ygn

မြန်မာ့ခရမ်း‌ရောင်  ကန်စွန်းဥအမှုန့်များကို ကိုရီးယားနိုင်ငံရှိ ကုမ္ပဏီများသို့ တင်ပို့ရောင်းချနိုင်ရန်  ကြိုးပမ်းနေကြောင်း  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့မှသိရသည်။ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့နယ် အတွင်းရှိ ဘန်းယဉ် မြို့နယ်နှင့်ဟိုပုံးမြို့နယ်တို့၌ စိုက်ပျိုး ရေး သွင်းကုန်အစားထိုး စိုက်ပျိုးလျက်ရှိသည့် ကန်စွန်းဥများကိုတန်ဖိုးမြှင့် ကန်းစွန်းဥအမှုန့်များပြုလုပ်၍ ပြည်ပဈေးကွက်သို့ ‌တင်ပို့ရောင်းချနိုင်ရန ကြိုးပမ်းနေခြင်းဖြစ်သည်။ဂျပန်နိုင်ငံကလက်ဆောင်ရရှိသည့် ကန်စွန်းဥမျိုးကို မြန်မာနိုင်ငံရှိ သွင်းအားစုများဖြင့်&nbs