admin_ygn

ကရင်ပြည်နယ် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာနမှ ဦးဆောင်၍ ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ အန္တရာယ်မှ တားဆီးကာကွယ်ရေး ဗဟိုကြီးကြပ်ရေး အဖွဲ့ဝင် များဖြစ်သည့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများဖြစ်သော စားသုံး သူရေးရာ ဦးစီးဌာန၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန၊  ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့ တို့ ပါဝင်သော စုပေါင်းအဖွဲ့ဖြင့် ဇန်နဝါရီ ၇ ရက် နံနက် ၁၀ နာရီတွင် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။  

admin_ygn

တောင်ကြီးဘိလပ်မြေဈေးကွက်၌ အရောင်းအဝယ်အေးနေပြီး ဈေးငြိမ်နေ ကြောင်း သိရသည်။ ဈေးကွက်ထဲ  အရောင်းအဝယ်ဖြစ်နေသည့်ဈေးမှာ စိန်(ထိုင်း) ကျပ် ၈၀ဝ၀၊ အေသုံးလုံးကျပ် ၅၂၀ဝ၊ အပါချီ ကျပ် ၄၅၀ဝ၊ ကမ္ဘောဇ ကျပ် ၄၅၀ဝ၊ ကျားခေါင်း ကျပ် ၆၂၀ဝ၊ နဂါးကျပ် ၄၄၀ဝဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေးဆိုင်မှ စုံစမ်းသိရှိရသည်။ မန္တလေးဘိလပ်မြေဈေးကွက်၌ အရောင်းအဝယ်ပုံမှန်ဖြစ်လာကြောင်း သိရ သည်။ ယခုတစ်ပတ် ခရောင်း(၅၂၅)နှင့် ခရောင်း(၄၂၅) ကကျပ် ၃၀ဝ ဈေးမြင့်ခဲ့ပြီး အေသုံးလုံးကပစ္စည်းပြတ်ကာ ကျန်ဘိလပ်မြေများက   ယခင်တစ်ပတ်ဈေးအတိုင်း အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေသည့် ဈေးမှာ အေ

admin_ygn

ယခုကာလသည် ဖရဲသီးများ  စတင်ထွက်ပေါ်ချိန်ဖြစ်ပြီး ပြည်တွင်း၌ အရောင်းသွက် ဈေးကောင်းရနေပြီး ဖရဲစိုက်တောင်သူတွေအတွက် တွက်ခြေကိုက်နေကြောင်း သိရသည်။ ဖရဲကို တရုတ်ဈေးကွက်သို့ အဓိကထား တင်ပို့လျက်ရှိသည်။ ယခုရက်ပိုင်း   မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ တရုတ်နိုင်ငံသို့ တစ်ရက်လျှင် ဖရဲကားစီးရေ ၁၀ဝ ခန့် တန်ချိန် ၂၀ဝ၀ ခန့် တစ်တန်လျှင် တရုတ်ယွမ် ၅၀ဝ၀ မြန်မာငွေကျပ် ၁၀ သိန်းခန့်  ပေါက်ဈေးရှိသည်။ ယခင် အပတ်များတွင် တရုတ်ယွမ် ၇၀ဝ၀အထိ  ပေါက် ဈေးရှိခဲ့သော်လည်း ယခု အပတ်တွင် ယာဉ်များပိတ်ဆို့ပြီး   လမ်းခရီးကြန့်ကြာမှုများဖြစ်၍   တရုတ် ဈေးကွက်ရောက်တာနဲ့ ဖရဲအရည်အသွေး  ကျသ

admin_ygn

စက်သုံးဆီ (ဓာတ်ဆီ၊ ဒီဇယ်) ပြည်တွင်းဈေးနှုန်းနှင့်ကမ္ဘာ့ဈေးကွက်အခြေအနေသုံးသပ်ချက်  ကမ္ဘာ့လောင်စာဆီ ဈေးကွက်အခြေအနေအား လေ့လာကြည့် ရာတွင် ဓာတ်ဆီဈေးနှုန်းသည် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၂၁ ရက် တွင် Global Petrol Prices Website ၌  ဖော်ပြထားရှိသည့်  ဈေးနှုန်း များအရ ကမ္ဘာ့နိုင်ငံပေါင်း  ၁၀၉ နိုင်ငံအနက် ဈေးနှုန်းမြင့်တက်ခဲ့ သည့် နိုင်ငံပေါင်း ၄၇ နိုင်ငံရှိပြီး ဈေးနှုန်းမြင့်တက်မှု အမြင့်ဆုံးနိုင်ငံ ဖြစ်သည့် အာဂျင်တီးနားနိုင်ငံတွင်  ယခင်တစ်ပတ်ဈေးနှုန်းထက် ၈ ရာခိုင်နှုန်း ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း တွေ့ရှိရသည်။ ယခုတစ်ပတ်အတွင်း မြန်မာ၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊

admin_ygn

၂၀၂၁ ခုနှစ် ဇန်နဝါရီလတွင် နှစ်သစ်နှင့်အတူ  မြန်မာ့ ချင်းစိမ်းများ အင်္ဂလန်သို့  တင်ပို့နိုင်တော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။ အင်္ဂလန်အနေဖြင့် EU မှ ထွက်ခွာတော့မည်ဖြစ်သည့် အပြင် လတ်တလောကာလတွင် ကိုရိုနာဗိုင်းရပ်စ်ပိုးအသစ်  တွေ့ရှိသဖြင့် ဥရောပနှင့်အဆက်အသွယ်ပြတ်ပြီး စားသောက် ကုန်  လိုအပ်ချက်မြင့်တက်နေကြောင်း သတင်းများအရ သိရှိ ရသည်။  ချင်းကို မြန်မာနိုင်ငံ  အနှံ့အပြားတွင် စိုက်ပျိုးကြပြီး တောင်ပေါ်ဒေသများ၌ ပိုမိုစိုက်ပျိုးကြောင်း၊ ဟင်းခတ်အမွှေး အကြိုင်အဖြစ်  လည်းကောင်း၊ ပရဆေးအဖြစ်လည်းကောင်း အသုံးပြုကြကြောင်း သိရှိရသည်။ 

admin_ygn

အိန္ဒိယနိုင်ငံအစိုးရသည် ၂၀၂၀ ပြည့်နှစ် ဘဏ္ဍာ‌ရေးအက်ဥပဒေတွင်  ၂၀၁၆ ခုနှစ်၌ စတင် ပြဋ္ဌာန်းခဲ့သောEqualisation Levy ပ ခေါ်   တန်း တူညီမျှမှု   စည်းကြပ်အခွန်အား    ပိုမိုကျယ်ပြန့် စွာဖြင့် ပြည်ပအခြေစိုက် E-commerce  လုပ်ငန်း များ၏ အိန္ဒိယနိုင်ငံအတွင်း စီးပွားရေးလုပ်ဆောင်မှု များအပေါ်      တိုးချဲ့ကောက်ခံမည်ဖြစ်ကြောင်း ပြင်ဆင်ချက်ထည့်သွင်း ပြဋ္ဌာန်းခဲ့သည်။

admin_ygn

ဘုရင့်နောင်ကုန်စည်ဒိုင်သို့  ရှမ်းပြည်နယ် အောင်ပန်းမြို့မှ အာလူး များ ဝင်ရောက်လျက်ရှိပြီး ဇူလိုင် ၂၃ ရက်တွင် အောင်ပန်းမြို့မှ ဝင်ရောက် လာသော အာလူးတစ်ပိဿာ  ဈေးနှုန်းများမှာ အာလူး ဗ၁ ကျပ် ၅၈၀၊ အာလူး ဥု ကျပ် ၇၀ဝ၊ အာလူး  ှ၁ ကျပ် ၇၅၀၊ အာလူး ှ၂ ကျပ် ၈၃၀ ဈေးနှုန်းအသီးသီးဖြစ်သည်။ အောင်ပန်းအာလူးဈေးများမှာ ယခင်တစ် ပတ် ဈေးနှုန်းထက် အာလူး ဗ၁ ကျပ် ၂၀၊ အာလူး ဥု ကျပ် ၄၀၊ အာလူး ှ၁ ကျပ် ၅၀၊ အာလူး   ှ၂  မှာ ကျပ် ၁၅၀ ခန့်စီ ဈေးနှုန်းမြင့်တက်လာကြောင်း ကုန်စည်ဒိုင်ဈေးကွက်မှသိရသည်။

admin_ygn

မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ တရုတ်နိုင်ငံ သို့ နေ့စဉ် သစ်သီးဝလံများ တင်ပို့လျက်ရှိရာ ဇူလိုင် ၁ ရက် မှ ၇ ရက်အထိ သခွားတင်ပို့မှု မရှိသော်လည်း သရက် ၇၈ စီး၊ ၄၄၉ တန်နှင့် ဖရဲသီးနှစ်စီး၊ တန် ၃၀ တင်ပို့နိုင်ခဲ့သည်။
ဇွန်လနောက်ဆုံးပတ်နှင့် ယခုအပတ်တင်ပို့မှု နှိုင်းယှဉ် လျှင် ဇွန် ၂၄ မှ ၃၀ ရက်အတွင်း တင်ပို့မှု ၂၁၃ စီး၊ ၁၂၈၁ ဒသမ ၅ တန်ဖြစ်သည့်အတွက် ယခုတစ်ပတ်တွင် သရက် တင်ပို့ မှုမှာ ၈၃၂ ဒသမ၅ တန် လျော့နည်းခဲ့သည်။ သရက် သီးဈေးနှုန်းမှာ ဇွန် ၂၂ ရက်မှစ၍ ကျဆင်းလျက်ရှိပြီး ဇွန်၇ ရက်တွင် တစ်တန်လျှင် ၃၀ဝ၀ ယွမ်ဖြင့် သရက်သီးဈေးနှုန်း ကျဆင်းလျက်ရှိသည်။