ရခိုင်ဒေသမှထွက်ရှိသည့် ရေထွက်ကုန်များမှာ အိမ်နီးချင်းနိုင်ငံဖြစ်သော ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက် ကြီးမားသည့် ဈေးကွက်တစ်ခုအဖြစ်ရပ်တည်နေကြောင်း ပြည်နယ် ငါးလုပ် ငန်းဦးစီးဌာနမှ သိရသည်။ပြီးခဲ့သည့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာ နှစ် ဇွန် ၁၁ ရက်အထိ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ မြန်မာ့ ရေထွက် ကုန် တန်ချိန် ၂၇၁၁ ဒသမ ၈၀ တင်ပို့ထားပြီး အမေ ရိကန်ဒေါ်လာ ၃ ဒသမ ၃၇၈ သန်း ရရှိထားခြင်းဖြစ်သည်။လက်ရှိတွင်လည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ရေချိုထွက်ကုန် တင်ပို့မှုဈေး ကွက် ရရှိထားသောကြောင့် ပြည်နယ် အစိုးရအဖွဲ့နှင့်ပြည်နယ်ငါးလုပ်ငန်း ဦးစီးဌာနတို့မှ &
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့သည်သစ်တောထွက် သယံဇာတတစ်ခုဖြစ်သော သဘာဝပျားရည်စစ်စစ်ထွက်ရှိရာမြို့တစ်မြို့ဖြစ်သည်။ သဘာဝပျားရည်သည် စားသုံးရာတွင်အရသာရှိပြီး ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေသည့်အပြင်ကိုယ်အလေးချိန်လျှော့ချခြင်း၊ အမြင် အာရုံအားနည်းသူများအတွက် တိုးတက်ကောင်းမွန်စေခြင်း၊ အအေးမိ ချောင်း ဆိုးရောဂါများကို သက်သာစေခြင်းနှင့်အစာကြေလွယ်၍ အိပ်ပျော် စေခြင်း စသည့် ကျန်းမာရေးကောင်းကျိုးများကို ရရှိစေပါသည်။ သဘာဝ ပျားရည်သည် ကျိုင်းတုံမြို့ရှိ တောင်ပေါ်ငါးအုပ်စု (နမ့်ခတ်၊ နမ့်အင်း၊ မိုင်း အင်း၊ နောင်ကော၊ နားပေါ်)တွင် အဓိကထွက်ရှိပြီး တောင်သူများသ
ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များ၌ ဇွန်လတတိယပတ်တွင် စပါးဈေးနှုန်းနှင့် ဆန်ဈေးနှုန်းမှာ တည်ငြိမ်နေသည်။ ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ဇွန်လ ဒုတိယပတ်တွင် ရန်ကုန်သို့ အိတ်ရေ ၂၉၀ဝ၀၊ မန္တလေး သို့ အိတ်ရေ ၃၈၀ဝ၀၊ နေပြည်တော်သို့ အိတ်ရေ ၁၀ဝ၀ဝ၊ ရှမ် းပြည်နယ်(တောင်ပိုင်း)သို့ အိတ်ရေ ၆၅၀ဝ၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)သို့ အိတ်ရေ ၆၅၀ဝ၊ ပခုက္ကူသို့ အိတ်ရေ ၁၀ဝ၀၊ စုစုပေါင်းအိတ်ရေ ၉၁၀ဝ၀၊ တန်အားဖြင့် ၄၅၅၀တန် စီးထွက် ခဲ့သည်။ယခုတစ်ပတ်တွင် ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီး များသို့ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၃၀၅၀ဝ၊ မန္တလေးသို့ အိတ်ရေ ၃၉၀ဝ၀၊ နေပြည်တော်သို့ အိတ်ရေ၉၀ဝ၀ ၊ ရှမ်း
ကသာခရိုင်အတွင်းတွင်စိန်တလုံးသရက်သီး စိုက်ဧကအနေဖြင့် ၁၀၄၇ ဧကကျော် စိုက်ပျိုးပီးကသာမြို့နှင့်ထီးချိုင့်မြို့နယ်များတွင် အများဆုံးစိုက်ပျိုးကြသည်။တစ်ဧကလျှင် ပေ ၂၀ ပတ်လည် စိုက်ပျိုးပါက အပင် ၁၀ဝ ဝန်းကျင် စိုက်ပျိုး နိုင်ပြီး အထွက်နှုန်းအနေဖြင့် အပင်သုံးနှစ်သားမှ လေးနှစ်သားတစ်ပင်လျှင် သရက်သီးအလုံး ရေ ၂၀ဝ ဝန်းကျင်ခန့် ထွက်ရှိပြီး ငါးနှစ်၊ ခြောက်နှစ်သား တွင် သရက်သီး အလုံးရေ ၃၀ဝ မှ ၄၀ဝ ခန့် ရှိကြောင်း သိရှိရသည်။ဈေးနှုန်း၊ ဈေးကွက်အနေဖြင့် ကသာခရိုင်အတွင်း တွင်ရှိသော စိန်တလုံးသရက်သီးအား ကသာခရိုင်တွင်းရှိ ခြံပိုင်ရှင်များမှ စုစည်း၍ မူဆယ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ တင်ပို့ကြကြောင်း သိရသည်။ ဈေးနှုန်း
တရုတ်နိုင်ငံ၏သွင်းကုန်ပစ္စည်းများတွင် ကွမ်းသီးနုနှင့် ကွမ်းသီးခြောက် တင်သွင်းခြင်းလုပ်ငန်းသည် အကြီးဆုံး ပြင်ပသွင်းကုန်လုပ်ငန်းများတွင် တစ်ခုအပါအဝင်ဖြစ်လာသည်။တရုတ်လူမျိုးများသည် ကွမ်းသီးများကို အရသာပိုကောင်းအောင်ပေါင်းစပ် ဖော်ထုတ်ပြီး အဆာပြေသရေစာအဖြစ် စားသုံးကြ သည်။ တရုတ်နိုင်ငံသည် ကွမ်းသီးထုတ်လုပ်မှုလုပ်ငန်းမှ ရရှိသည့် ဝင်ငွေသည် တစ်နှစ်လျှင်ယွမ်ဘီလီယံ ၃၀ အထိရရှိနေသည်ဟုသိရသည်။ တရုတ်ကွမ်းသီး အဆာပြေစာသည် တရုတ်နိုင်ငံတွင်သာမကဘဲ အရှေ့တောင်အာရှနိုင်ငံများဖြစ်သည့် ထိုင်း၊ ဗီယက် နမ်၊ ဖိလစ်ပိုင်နှင့် ကမ္ဘောဒီးယား နိုင်ငံ များ တွင်ပါ ရေပန်းစားနေပြီး ဈေးကွက်ထိုးဖောက် ဝင်ရောက်နေပြီဖြ
ရခိုင်ပြည်နယ်နယ်စပ်ဂိတ်မှဘင်္ဂလားဒေ့ရှ်သို့ တစ်လလျှင်ရေထွက်ကုန်တန်ချိန် ၈၀ဝ မှ ၁၀ဝ၀ကျော်အထိ တင်ပို့လျက်ရှိကြောင်း ရခိုင်ပြည်နယ်ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း(RSCCI)မှသိရသည်။ဧပြီလတွင် ဘင်္ဂလားဒေ့ရှ်၌ ရာမန်ဒါ ဥပုသ်ကာလဖြစ်ခြင်းကြောင့် တင်သွင်း မှုလျော့နည်းခဲ့သော်လည်းမေလတွင်ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့ရှိငါးမြစ်ချင်းမွေးမြူသူများထံမှရေလမ်း၊ ကုန်းလမ်းဖြင့်နယ်စပ်ကုန်သွယ်မှုပြန်လည်များပြားလာခဲ့ခြင်း ဖြစ်သည်။ရေထွက်ကုန်တိုက်ရိုက်တင်ပို့နိုင်သောရခိုင်ပြည်နယ်၊စစ်တွေနှင့် မောင်တော မြို့တို့သို့ရန်ကုန်မြို့မှငါးမြ
ဧရာဝတီတိုင်းဒေသကြီး၊လပွတ္တာခရိုင်၊လပွတ္တာမြို့နယ်အတွင်းရှိ ကဏန်းပျော့ဈေးကွက်၌ ပြည်ပဝယ်လက်များကြောင့် အရောင်းအဝယ် တိုးတက်လျက်ရှိကြောင်း ဒေသခံမွေးမြူရေးလုပ်ငန်းရှင်တွေထံက သိရသည်။အဆိုပါ ကဏန်းပျော့များကို တရုတ်၊ ထိုင်ဝမ်၊ ဂျပန်၊ စင်ကာပူ၊ မလေးရှား အပါ အဝင် ဥရောပနိုင်ငံများသို့ပါ တင်ပို့နေခြင်းဖြစ်ပြီး တစ်ကီလိုကို အမေရိကန်ဒေါ်လာ ၁၀ မှ ၁၅ ဒေါ်လာကြား ရရှိကြောင်းသိရသည်။လက်ရှိတွင် ဈေးကွက်လိုအပ်ချက်ကြောင့်ကဏန်းပျော့များကို ပိုမိုတိုးချဲ့မွေးမြူလာကြပြီး ယခင်ကမွေးမြူလုပ်ကိုင်သူ၃၇ဦးခန့်ရှိရာမှ မေလအတွင်း ၅၅ ဦးခန့် ထပ်တိုး မွေးမြူလာ ကြကြောင်း သိရ
၂၀၂၂ ခုနှစ် ဧပြီလတွင် ပင်လယ်ရေကြောင်းကုန်သွယ်မှုမှအမေရိကန်ဒေါ်လာ ၄၁ ဒသမ ၂၉၈ သန်း တန်ဖိုးရှိ ဆန်တန်ချိန် ၁၁၉၂၆၀ ကျော် တင်ပို့ခဲ့ကြောင်းသိရှိရသည်။ ဆန်တင်ပို့မှုအနေဖြင့် အာရှနိုင်ငံများသို့ ဆန်တန်ချိန် ၂၆၉၄၀ ကျော်၊ အီးယူအဖွဲ့ဝင်နိုင်ငံများသို့ ဆန်တန်ချိန် ၄၉၇၂၀ ခန့်၊ အာဖရိကနိုင်ငံများသို့ ဆန်တန်ချိန် ၄၂၆၀ဝ ခန့် တင်ပို့ခဲ့သည်။ မြန်မာနိုင်ငံမှဆန်တင်ပို့မှုအများဆုံးနိုင်ငံများမှာ အိုင်ဗရီကို့စ်နိုင်ငံသို့ တန်ချိန် ၁၀ဝ၀ဝ ခန့်၊ ကင်မရွန်းနိုင်ငံသို့ တန်ချိန် ၉၀ဝ၀ ခန့်၊ အင်ဂိုလာနိုင်ငံသို့ တန်ချိန် ၁၅၀ဝ၀ ခန့်၊ မက်ဒါဂါးစတားနိုင်ငံသို့ တန်ချိန် ၈၅၀ဝ ခန့်၊ အာရှနိုင်ငံများဖြစ်သော တရုတ်ပြည
ယခုနှစ် ဧပြီလကုန် ကင်းမွန်ရာသီပိတ်သိမ်းချိန်တွင် ကင်းမွန်ဈေး ကောင်းရရှိ၍ လုပ်ငန်းများ အဆင်ပြေခဲ့ကြောင်း မြိတ်ခရိုင် ကင်းမွန်လုပ်ငန်း ရှင်များအသင်းမှ သိရသည်။ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ယခု ၂၀၂၂ ခုနှစ်အတွက် ငါးသားပေါက် ရာသီကို ဧပြီ၊ မေနှင့် ဇွန်လအဖြစ် သတ်မှတ်ခဲ့ပြီး ကင်းမွန်လှေများကိုမူ ဧပြီ လတစ်လ လုပ်ငန်းလုပ်ကိုင်ခွင့်ပေးခဲ့ရာ အဆိုပါလအတွင်း ကမ်းဝေးငါးဖမ်း လှေအားလုံး ငါးဖမ်းဆီးခွင့်ပိတ်ထားပြီး ကင်းမွန်လှေလုပ်ငန်း အမျိုးအစား တစ်ခုတည်းသာ လုပ်ကိုင်ခွင့်ရခဲ့သည့်အတွက် လုပ်ငန်းအဆင်ပြေမှုရှိခဲ့ကြောင်း ယင်းအသင်းဥက္ကဋ္ဌ ဦးမင်းထွန်းက မေ ၄ ရက်တွင် ပြောသည်။ ''ရာသီအပိတ်မှာ ဈေးကောင်းရခဲ့ပ
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့မှ စိုက်ပျိုးထွက်ရှိသည့် အရည်အသွေးမြင့် အထူးတန်းဝင် ကုန်းမြင့်ကော်ဖီ ပြည်ပတင်ပို့မှု တန် ၅၀ဝနီးပါး ပြန်လည်မြင့်တက်လာကြောင်း ယင်းမြို့နယ် ကော်ဖီ သုတေသနနှင့် နည်းပညာပြန့်ပွားရေးဗဟိုဌာနမှ သိရသည်။ကိုဗစ်(၁၉)ကပ် ရောဂါကြောင့် ပြီးခဲ့ သည့်၂၀၂၁ခုနှစ်က ပြည်ပသို့ ကော်ဖီတင်ပို့မှုနှုန်း ကျဆင်းခဲ့သော်လည်း ယခုနှစ်တွင် ပုံမှန်တင်ပို့နေရသည့်အခြေအနေကို ပြန်လည်ရောက်ရှိလာပြီး ပြည်ပနိုင်ငံ ရှစ်နိုင်ငံသို့ တန် ၅၀ဝနီးပါး တင်ပို့လျက်ရှိကြောင်း ယင်း ဌာနမှ တာဝန်ရှိသူတစ်ဦးက ဧပြီ ၂၀ ရက်တွင် ပြောသည်။“ကော်ဖီတင်ပို့မှုက ခါတိုင်းထက်တော့ ဒ