၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်
မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်အနေဖြင့် (၁၁-၁၀-၂၀၂၂) ရက်နေ့တွင် ပို့ကုန်တန်ဖိုး ကန်ဒေါ်လာ (၀.၈၄၅)သန်း၊ သွင်းကုန် တန်ဖိုးကန်ဒေါ်လာ (၀.၂၇၉) သန်း၊ ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ (၁.၁၂၄) သန်း ဆောင်ရွက်နိုင်ခဲ့သည်။
၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်
မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်အနေဖြင့် (၁၁-၁၀-၂၀၂၂) ရက်နေ့တွင် ပို့ကုန်တန်ဖိုး ကန်ဒေါ်လာ (၀.၈၄၅)သန်း၊ သွင်းကုန် တန်ဖိုးကန်ဒေါ်လာ (၀.၂၇၉) သန်း၊ ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ (၁.၁၂၄) သန်း ဆောင်ရွက်နိုင်ခဲ့သည်။
၂၀၂၂ခုနှစ်၊ အောက်တိုဘာလ ၅ ရက်
၂၀၂၂ခုနှစ်၊ အောက်တိုဘာလ ၃ ရက်
မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံအကြား နယ်စပ်ဒေသများကို ဖွံ့ဖြိုးတိုးတက်မှုကို ကုန်သွယ်မှုဖြင့် အထောက်အကူပြုရေးအတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ ရခိုင်ပြည်နယ်တွင် စစ်တွေ ကုန်သွယ်ရေးစခန်း၊ မောင်တောကုန်သွယ်ရေးစခန်းများဖွင့်လှစ်ပေး၍ နယ်စပ်မှတစ်ဆင့် ဘင်္ဂလား ဒေ့ရှ်နိုင်ငံနှင့် ကုန်သွယ်မှုလုပ်ငန်များ လွယ်ကူချောမွေ့စေရေး ၊ ကုန်သွယ်မှုဆိုင်ရာ အသိပညာပေးရေးနှင့် တရားမဝင် ကုန်သွယ်မှုများ ထိန်းချုပ်ပပျောက်စေရေး ဆောင်ရွက်ပေးလျက်ရှိပါသည်။
၂၀၂၂ခုနှစ်၊ အောက်တိုဘာလ ၃ ရက်နေ့
မြန်မာနိုင်ငံမှဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လယ်ယာထွက်ကုန်ပစ္စည်းများ၊ ရေထွက်ကုန်ပစ္စည်းများ ၊ သစ်တောထွက်ကုန်ပစ္စည်းများနှင့် စက်မှုကုန်ချောပစ္စည်းများ ကို ပင်လယ်ရေကြောင်းနှင့် နယ်စပ်မှ တစ်ဆင့် စဉ်ဆက်မပြတ် တင်ပို့လျက်ရှိပါသည်။ လက်ရှိ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ဘင်္ဂလားဒေ့ရှ် သို့ လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်သည့် ကွမ်းသီး၊အုန်းသီးခြောက်၊ ဂျင်း(အစို)၊ ဇီးဖတ်၊ မကျည်းဖတ်၊
မန်ကျည်းစေ့၊ နနွင်းတက်၊ စစ်တုံဥ၊ ငရုတ်သီးခြောက်၊ ကြက်သွန်နီ၊ ဇီးသီးခြောက်၊ ဒညှင်းသီး စသည်တို့ကို နယ်စပ်မှတစ်ဆင့် တင်ပို့နိုင်ခဲ့ပြီးဖြစ်ပါသည်။
၂၀၂၂ခုနှစ်၊ အောက်တိုဘာလ ၃ ရက်နေ့
လွယ်ဂျယ်နယ်စပ်ဒေသမှတစ်ဆင့်တစ်ဖက်တရုတ်နိုင်ငံသို့ပိုးလုံးအိမ်တင်ပို့နိုင်မှုမှာ ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်၊ဩဂုတ်လ၌ မော်တော်ယာဉ် (၈)စီး၊တန်ချိန် (၃၆)တန်၊၊တန်ဖိုးအမေရိကန်ဒေါ်လာ (၁၈၀၀၀၀) ၊ စက်တင်ဘာလ (၂၇) ရက်နေ့အထိ ကား(၁၁)စီး၊တန်ချိန် (၅၀) တန်၊တန်ဖိုးအမေရိကန် ဒေါ်လာ (၂၅၀၀၀၀)၊စုစုပေါင်းကား (၁၉)စီး၊တန်ချိန် (၈၆)တန်၊တန်ဖိုးအမေရိကန်ဒေါ်လာ (၄၃၀၀၀၀)ဖိုး တင်ပို့နိုင်ခဲ့သည်။ ၎င်းပိုးလုံးအိမ်များမှာ နောင်ချိုဒေသမှ ထွက်ရှိပြီး တစ်ဖက်တရုတ်နိုင်ငံ၊ကျန်းဖုန်းဒေသရှိ ပိုးချည်ရက်လုပ်သည့် စက်ရုံသို့ တင်ပို့ခြင်းဖြစ်ကြောင်းသိရသည်။
ကော့သောင်းကုန်သွယ်ရေးစခန်းမှ (၂၀-၉-၂၀၂၂) ရက်နေ့တွင် ပို့ကုန်အနေဖြင့် ငါးမျိုးစုံ (၈၆၀) တန်၊ တန်ဖိုး (၀.၉၃၆) ဒေါ်လာသန်းနှင့် သီဟိုစေ့ (၅) တန်၊ တန်ဖိုး (၀.၀၀၆) ဒေါ်လာ သန်း တင်ပို့ခဲ့ပါသည်။ သွင်းကုန်အနေဖြင့် ဓာတုကုန်ကြမ်းများ (၃၀) တန်၊ တန်ဖိုး (၀.၀၀၄) ဒေါ်လာသန်း၊ လူသုံးကုန်ပစ္စည်းများ (၁၇) တန်၊ တန်ဖိုး (၀.၀၁၁) ဒေါ်လာသန်းနှင့် ပီလောပီနံ မှုန့် (၉၀) တန်၊ တန်ဖိုး (၀.၀၃၁) ဒေါ်လာသန်း တင်သွင်းနိုင်ခဲ့ပြီး နယ်မြေအခြေအနေ တည်ငြိမ် အေးချမ်းစွာဖြင့် ကုန်စည်ကူးသန်းရောင်းဝယ်ဖောက်ကား စည်ကားလျက်ရှိကြောင်း သိရှိရပါ သည်။
သြဂုတ်လအတွင်း ပို့ကုန် အမေရိကန်ဒေါ်လာ ၈ ဒသမ ၃၇၄ သန်း၊ သွင်းကုန်အမေရိကန်ဒေါ်လာ ၈ ဒသမ ၈၈၄ သန်းရှိပြီး ကုန် သွယ်မှုပမာဏ ၁၇ ဒသမ ၂၅၈ သန်းဖြစ်၍ ကာလတူ ဆောင်ရွက်မှု နှင့် နှိုင်းယှဉ်ပါက ပို့ကုန်ပိုင်းတွင် တန်ဖိုး အမေရိကန် ဒေါ်လာ ၆ ဒသမ ၅၆၆ သန်းပိုမိုခဲ့ပြီး သွင်းကုန် အမေရိကန်ဒေါ်လာ ၆ ဒသမ ၉၆၅ သန်း လျော့နည်းခဲ့သောကြောင့် ကုန်သွယ်မှုပမာဏအနေဖြင့် တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ၃၉၉ သန်း လျော့နည်းခဲ့ ကြောင်း သိရသည်။
မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင် ကုန်သွယ် ရေးဇုန်မှ ယခုဘဏ္ဍာနှစ် သြဂုတ်လအတွင်း လုပ်ငန်းဆောင် ရွက်မှုမှာ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၃၇ ဒသမ ၈၅၆သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၂၂ ဒသမ ၃၂၂ သန်းဖြစ်၍ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၆၀ ဒသမ ၁၇၈သန်း ဆောင်ရွက်ခဲ့သည်။ ယမန်နှစ်ကာလ တူနှင့် နှိုင်းယှဉ်ပါက ပို့ကုန်တွင် အမေရိကန်ဒေါ်လာ ၃၆ ဒသမ ၂၂၈သန်း၊ သွင်းကုန်တွင် အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၂၄၀ သန်း ပိုမိုခဲ့သောကြောင့် ကုန်သွယ်မှုပမာဏ အမေရိကန် ဒေါ်လာ ၄၆ ဒသမ ၄၆၈ သန်း ပိုမိုခဲ့ကြောင်း သိရှိရသည်။
ယခု ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဇူလိုင်ကုန်အထိ လေးလအတွင်း မြန်မာ နိုင်ငံမှ ပြည်ပနိုင်ငံများသို့ ပျားရည် မက်ထရစ်တန်ချိန် ၇၀ဝ နီးပါး တင်ပို့နိုင်ခဲ့ကြောင်း မွေးမြူ ရေးနှင့် ကုသရေးဦးစီးဌာန၊ ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲမှ သိရသည်။လက်ရှိ ဘဏ္ဍာနှစ်အတွင်း ပျားရည်တင်ပို့ခဲ့သည့်နိုင်ငံများတွင် တောင်ကိုရီးယား၊ ဂျပန်၊ အမေရိကန်၊ စင်ကာပူအစရှိသော နိုင်ငံများပါဝင်ပြီး တင်ပို့ခဲ့သည့်ပျားရည်အမျိုးအစား လေးမျိုး အနက် ဆီး(ဇီး)ပျားရည်ကို အများဆုံးတင်ပို့ခဲ့ခြင်းဖြစ်ကာ ပန်းနှမ်းပျားရည်၊ ပန်းစုံပျားရည်၊ နေကြာပျားရည်တို့ကိုလည်း တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။အဆိုပါ