ပို့ကုန်သွင်းကုန် လိုင်စင်လျှောက်ထားခြင်းများကို Tradenet 2.0 System တွင် Online ဖြင့် လျှောက်ထားနိုင်သည့်အပြင် ကုန်သွယ်ရေးစခန်းများတွင်လည်း လာရောက်လျှောက်ထားပါက ခွင့်ပြုပေး လျက်ရှိပါသည်။ ၆-၁၂-၂၀၂၂ ရက်နေ့တွင် လာရောက်လျှောက်ထားမှုများမှ ပို့ကုန်လိုင်စင် (၁)စောင်၊ တန်ဖိုး(၀.၃၆၉) ယွမ်သန်း တန်ဖိုးရှိသည့် လျှော်ဖြူ( ဆေးကုလားမ)နှင့် သွင်းကုန် လိုင်စင် (၂၄)စောင် (၁.၂၈၉)ယွမ်သန်းတန်ဖိုးရှိသည့် ရေစုပ်စက်၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ ဖိနပ်မျိုးစုံ၊ ပလပ်စတစ်အိတ် မျိုးစုံ၊ လိမ္မော်သီး၊ ပန်းသီး၊ တည်သီး၊ အဝတ်အထည်မျိုးစုံအစရှိသည်တို့ကို ခွင့်ပြုထုတ်ပေးခဲ့
ဗီယက်နမ်နိုင်ငံ၏ ပင်လယ်အစားအသောက် ထုတ်လုပ်သည့်လုပ်ငန်းမှ ပြည်ပသို့ တင်ပို့မှုတန်ဖိုး သည်၂၀၂၂ ခုနှစ် ပထမ(၁၀)လပိုင်း ကာလအတွင်းတွင် ၂၀၂၁ခုနှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက (၃၀%)ခန့် မြင့်မားခဲ့ပြီး၊ ပင်လယ်အစားအသောက်များတင်ပို့မှုသည် တိုးတက်မှုများစွာရှိခဲ့သော် လည်း၊ ၂၀၂၂ခုနှစ်နောက်ဆုံးလများနှင့် ၂၀၂၃ခုနှစ်ပထမ(၃)လအစပိုင်းကာလများတွင် တင်ပို့မှု တန်ဖိုးများမှာ ကျဆင်းလာမည့်အရိပ်အယောင်ရှိကြောင်းကို စီးပွားရေးပညာရှင်တစ်ဦးဖြစ်သည့် Dr.
မြဝတီကုန်သွယ်ရေးဇုန်မှ တစ်ဖက်နိုင်ငံသို့ ပို့ကုန်တင်ပို့မှု အနေဖြင့် (၂၉-၁၁-၂၀၂၂)မှ (၃-၁၂-၂၀၂၂) ထိ CMP၊ လယ်ယာထွက်ကုန်ပစ္စည်းများ၊ ရေထွက်ပစ္စည်းများနှင့် CMP ပစ္စည်း တင်ပို့မှုများရှိပြီး အများဆုံးပို့ကုန်ပစ္စည်းများအနေဖြင့် CMP ၊ ကြက်သွန်နီ၊ ဆန်မှုန့်၊ငရုတ်၊ ကော်ဖီစေ့၊ မြေပဲ၊ ရော်ဘာ၊ ရေထွက်ပစ္စည်း၊ ဆန်မှုန့်၊ အလူမီနီယံဖြတ်စတို့ဖြစ်ပါသည်။ ရေထွက်ပစ္စည်း တင်ပို့မှု သည် မဲဆောက်မှတစ်ဆင့် ဘန်ကောက်မြို့အထိ အချိန်မီတင်ပို့လျက်ရှိပြီး ရေထွက်ကုန်ပစ္စည်းများ အား ကုန်သွယ်မှုလမ်းကြောင်းတစ်လျှောက်၊ ကုန်သွယ်ရေးဇုန်၊ BCF တံတား-၂တို့မှတဆင့် တစ်ဖက် နိုင်ငံသို့ အမြန်ရောက်ရှိရေးအတွက် ဦးစားပေးဆောင်
တနင်္သာရီတိုင်းသည် မြေမျက်နှာသွင်ပြင် ပထဝီအနေအထားအရ ပင်လယ်သမုဒ္ဒရာကြီးနှစ်ခုကြား တွင် တည်ရှိနေသည့်အတွက် မိုးများပြီး ပူးနွေးစိုစွတ်သည့် ရာသီဥတုရှိပါသည်။ ၎င်းဒေသတွင် ရော်ဘာ၊ သီဟိုဠ်၊ ကွမ်းသီး၊ ငှက်ပျော၊ သင်္ဘောသီးနှင့် ဆီအုန်းပင်များ အောင်မြင်ဖြစ်ထွန်းလျက်ရှိပါသည်။ အဆိုပါ သီးပင်စားပင်များအနက် ရခိုင်ငှက်ပျောသီးမှာ စိုက်ပျိုးရလွယ်ကူပြီး အသီးဖြစ်ထွန်းမှု အားကောင်းသည့် သီးပင်ဖြစ်သည်။
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ၅ရက်နေ့
မြန်မာနိုင်ငံမှဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လယ်ယာထွက်ကုန်ပစ္စည်းများ၊ ရေထွက်ကုန်ပစ္စည်းများ ၊ သစ်တောထွက်ကုန်ပစ္စည်းများနှင့် စက်မှုကုန်ချောပစ္စည်းများ ကို ပင်လယ်ရေကြောင်းနှင့် နယ်စပ်မှ တစ်ဆင့် စဉ်ဆက်မပြတ် တင်ပို့လျက်ရသည်။
ရခိုင်ပြည်နယ် စစ်တွေကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်တွင် လယ်ယာထွက်ကုန်အုပ်စုမှအများဆုံး တင်ပို့နေပြီး နိုဝင်ဘာတွင် အဓိကတင်ပို့ခဲ့သည့် လယ်ယာ ထွက်ကုန်များမှာမန်ကျည်းစေ့၊နနွင်းတက်၊ချင်းအစို၊ဆီးဖတ်၊ဆီးသီးခြောက်၊အုန်းသီးခြောက်၊ထန်းလျက်၊စစ်တုံဥ၊သရက်သီးနှင့်ကွမ်းသီးတို့ဖြစ်ကြပါသည်။
ကော့သောင်းကုန်သွယ်ရေးစခန်းမှ (၃၀-၁၁-၂၀၂၂) ရက်နေ့တွင် ပို့ကုန်အနေဖြင့် ငါးမျိုးစုံ (၇၀၇) တန်၊ တန်ဖိုး (၀.၆၇၃) ဒေါ်လာသန်းနှင့် ဆီအုန်းသီး (၁၉၀)တန်၊တန်ဖိုး (၀.၀၁၆)ဒေါ်လာသန်း တင်ပို့နိုင်ခဲ့သည်။ သွင်းကုန်အနေဖြင့် သန့်စင်ဆေးရည် (၁) တန်၊ တန်ဖိုး (၀.၀၀၁) ဒေါ်လာသန်း၊ ရှူဆေးဘူး (၁)တန်၊ တန်ဖိုး (၀.၀၀၃)ဒေါ်လာသန်းနှင့် ကားအောက်ခံဆေးရည် (၅) တန်၊ တန်ဖိုး (၀.၀၀၈) ဒေါ်လာသန်း တင်သွင်း ခဲ့သည်။ (၁-၁၂-၂၀၂၂) ရက်နေ့တွင် ငါးမျိုးစုံ (၄၇၀) တန်၊ တန်ဖိုး (၀.၄၂၄) ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ပြီး သွင်းကုန် တင်သွင်းနိုင်ခြင်းမရှိကြောင်း သိရှိရသည်။ (၂-၁၂-၂၀၂၂)ရက်နေ့တွင် ပို့ကုန်အနေဖြင့် ငါးမျိုးစုံ (၆၈၁) တန်၊ တန်ဖိုး (၀.၆
ကန်ပိုက်တီကုန်သွယ်ရေးစခန်းမှတစ်ဆင့် တရုတ်နိုင်ငံသို့တင်ပို့လျှက်ရှိသော ပို့ကုန်ငှက်ပျောများအား ယခင်ကမြန်မာကျပ်ငွေကြေးတန်ဘိုးသတ်မှတ်ပြီး အခွန်စည်းကြပ်ကောက်ခံခဲ့သည်။ တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုပြုနေသည့် နယ်စပ်ဒေသများတွင်ကုန်သွယ်မှုပြုလုပ်ရာ၌ ယွမ်/ကျပ် တိုက်ရိုက် အသုံးပြုပေးချေမှုအား မြန်မာနိုင်ငံဗဟိုဘဏ်မှ ဆောင်ရွက်ခွင့်ပြုခဲ့သည့်အတွက် ပို့ကုန်ငှက်ပျောအား မြန်မာကျပ်ငွေဖြင့် စည်းကြပ်ကောက်ခံခြင်းအစား ဈေးနှုန်းတန်ဖိုး ပြောင်းလဲမှုမရှိဘဲ ၂၈-၁၁-၂၀၂၂ ရက်နေ့မှစ၍ ( 1Kg=2.36 ယွမ်) တရုတ်ငွေဈေးနှုန်းဖြင့် ပြောင်းလဲစည်းကြပ် ဆောင်ရွက်လာခဲ့ကြောင်းသိရှိရသည်။
မောင်တောကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်ဈေးကွက်သို့ လယ်ယာထွက်ကုန်ပစ္စည်း၊ ရေထွက် ပစ္စည်း၊ စက်မှုကုန်ချောပစ္စည်းများတင်ပို့လျက်ရှိရာတွင် စက်မှုကုန်ချောပစ္စည်းတစ်မျိုးဖြစ်သည့် နေကြာစေ့ အားပြည်ပပို့ကုန်အဖြစ် မောင်တောကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်ဈေးကွက်သို့ ထိုးဖောက် ရောင်းချ နိုင်ခဲ့ကြောင်းသိရသည်။
မြဝတီကုန်သွယ်ရေးဇုန်မှ တစ်ဖက်နိုင်ငံသို့ ပို့ကုန်တင်ပို့မှု အနေဖြင့် (၂၇-၁၁-၂၀၂၂)မှ (၂၈-၁၁-၂၀၂၂)ထိ CMP ၊ လယ်ယာထွက်ကုန်ပစ္စည်းများ၊ ရေထွက်ပစ္စည်းများ တင်ပို့မှုများရှိပြီး လယ်ယာထွက်ကုန်ပစ္စည်းများမှ ငရုတ်၊ ကြက်သွန်နီ၊ ဆန်မှုန့်၊ နနွင်း၊ ကြာပန်းခြောက်၊ ကော်ဖီစေ့၊ ပဲတီစိမ်း၊ ရော်ဘာ၊ သစ်ကြံပိုးခေါက်၊ MACADAMIA Nuts in Shell ၊ PLUM BAGO အမြစ်၊ မြေပဲ တို့ကို တင်ပို့လျက်ရှိသည်။ ရေထွက်ကုန်ပစ္စည်းများမှ ငါးပါးနီ၊ ဂုံး၊ ကတ်ကူရံ၊ အုန်းငမုတ်၊ ငါးတီး၊ ကျောက်ငါး၊ ငါးသလောက်၊ ငါးခွေးလျှာ၊ ငါးဓားလွယ်၊ ကဏန်း၊ ငါးပြေမ၊ ပုစွန်တို့ တင်ပို့လျက်ရှိပြီးCMP တင်ပို့မှုတွင် Inductor ၊ Line Filter ၊ Transformer
မောင်တောကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်ဈေးကွက်သို့ လယ်ယာထွက်ကုန်ပစ္စည်း၊ ရေထွက် ပစ္စည်း၊ စက်မှုကုန်ချောပစ္စည်းများတင်ပို့လျက်ရှိရာတွင် လယ်ယာထွက်ကုန်ပစ္စည်းတစ်မျိုးဖြစ်သည့် အခွံပမြေပဲစေ့အားပြည်ပပို့ကုန်အဖြစ် မောင်တောကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ် ဈေးကွက်သို့ ထိုးဖောက် ရောင်းချနိုင်ခဲ့ကြောင်းသိရသည်။