မြန်မာနိုင်ငံဝန်ဆောင်မှုကုန်သွယ်ရေးကဏ္ဍမြှင့်တင်ခြင်းစီမံကိန်း(Myanmar Services Trade Enhancement Project M-STEP)၏ လုပ်ငန်းအကောင်အထည်ဖော်မှုဆိုင်ရာအစည်းအဝေးအား သက်ဆိုင်ရာဌာနများနှင့် ကျင်းပပြုလုပ်

မြန်မာနိုင်ငံဝန်ဆောင်မှုကုန်သွယ်ရေးကဏ္ဍမြှင့်တင်ခြင်းစီမံကိန်း (Myanmar Services Trade Enhancement Project M-STEP) နှင့်ပတ်သက်၍ လက်ရှိလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များနှင့်ပတ်သက်၍ လုပ်ငန်းအကောင်အထည်ဖော်မှုဆိုင်ရာအစည်းအဝေးကိုယင်းစီမံကိန်းဆိုင်ရာကြီးကြပ်လမ်းညွှန်မှုကော်မတီ၏ အတွင်းရေးမှူးဖြစ်သူကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သူရဦးဆောင်၍ ၂၀၂၂ ခုနှစ်မတ်လ ၁၅ ရက်နေ့၊ (၁၀ : ၀၀) နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ (၂) ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအစည်းအဝေးသို့ ကုန်သွယ်ရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ်နှင့်အတူM-STEPစီမံကိန်းဆိုင်ရာကြီးကြပ်လမ်းညွှန်မှုကော်မတီအဖွဲ့ဝင်များ၊ စီမံကိန်းနှင့်သက်ဆိုင်သည့် ကျွမ်းကျင် ပညာရှင်များကတက်ရောက်ဆွေးနွေးခဲ့ပါသည်။