ဝန်ဆောင်မှုကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာအချက်အလက်များဘဏ္ဍာတိုက် (Services Trade and Investment Portal-STIP)

Enhanced Integrated Framework (EIF) အစီအစဉ်၏ Myanmar Services Trade Enhancement Project –MSTEP ပါ Sub-Component 1.3:Services Trade and Investment Portal(STIP)ကိုအကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် တင်ဒါအောင်မြင်ခဲ့သည့် အဖွဲ့အစည်းဖြစ်သည့် Information Matrix Co.,Ltdနှင့် ကုန်သွယ်ရေးဦးစီးဌာနတို့အကြားလုပ်ငန်းအပ်နှံခြင်းသဘောတူစာချုပ်ကို(၂၀-၁၁-၂၀၂၀)ရက်နေ့တွင်လည်းကောင်း၊ လုပ်ငန်းအပ်နှံခြင်းသဘောတူစာချုပ်အပေါ် ပြင်ဆင်ချုပ်ဆိုသည့်စာချုပ်ကို (၈-၁၂-၂၀၂၁) ရက်နေ့တွင်လည်းကောင်းလက်မှတ်ရေးထိုးချုပ်ဆို၍ လုပ်ငန်းများစတင် ဆောင်ရွက်ခဲ့ရာ ၂၀၂၂ ခုနှစ်၊ ဇွန်လတွင် စီမံကိန်းလုပ်ငန်းများပြီးစီးခဲ့ပါသည်။
အဆိုပါ Information Matrix Co.,Ltd မှ STIP Web Portal အားသတ်မှတ်စည်းကမ်းချက် များနှင့်အညီအောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးခဲ့သဖြင့် www.servicetrade.gov.mm ၏ copy right ၊ ownership တို့နှင့် website နှင့်သက်ဆိုင်သည့် အခြားသောအချက်အလက်များအားစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနသို့ လွှဲပြောင်းအပ်နှံခြင်းနှင့် ဂုဏ်ပြုညစာစားပွဲအခမ်းအနားကို ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ(၁)ရက်နေ့တွင် Western Park Royal Naypyitaw ၌ အောင်မြင်စွာကျင်းပပြုလုပ်ခဲ့ပါသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံတွင် ဝန်ဆောင်မှုလုပ်ငန်းများလာရောက်ရင်းနှီးမြှုပ်နှံမှုပြုလုပ်မည့် ပြည်ပလုပ်ငန်းရှင်များနှင့် ပြည်တွင်းလုပ်ငန်းရှင်များအနေဖြင့် ဝန်ဆောင်မှုကုန်သွယ်ရေးဆိုင်ရာကဏ္ဍများနှင့်စပ်လျဉ်း၍ ထုတ်ပြန်ထားသောပြည်တွင်းဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့် ယင်းတို့၏ ပြဌာန်းချက်အစီအမံများ (Measures) ကိုတစ်နေရာတည်းတွင် လွယ်ကူစွာစုစည်းရှာဖွေလေ့လာသိရှိနိုင်ရန်၊ မြန်မာနိုင်ငံ၏ ပို့ကုန်ကဏ္ဍများကိုအထောက်အကူပြုနိုင်စေရန်နှင့် နိုင်ငံ၏ယှဉ်ပြိုင်မှုကိုမြင့်မားစေရန်ရည်ရွယ်၍ အဆိုပါ Web Portal ကိုတည်ထောင်ခြင်းဖြစ်ပါသည်။
ဝန်ဆောင်မှုကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာအချက်အလက်များဘဏ္ဍာတိုက် (Services Trade and Investment Portal-STIP) Web Portal http://www. servicetrade.gov.mmကို လွှင့်တင်ထားရှိပြီး MSTIP အမည်ဖြင့် Mobile App (Android နှင့် IOS Version) ဖြင့်ပါ ၂၀၂၂ ခုနှစ်၊ ဇွန်လမှစ၍ ကြည့်ရှုအသုံးပြုနိုင်ပြီဖြစ်ပါသည်။