Aid for Trade Coordination Unit ဖွဲ့စည်းခြင်း
ရည်ရွယ်ချက်

Aid for Trade Coordination Unit ဖွဲ့စည်းရခြင်းရည်ရွယ်ချက်မှာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသော EIF နှင့် NES အပါအဝင် Aid for Trade လုပ်ငန်းစဉ်များ အောင်မြင်စွာအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် Workin g Level အဆင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက် သွားမည့် Unit တစ်ခုအနေဖြင့် ရည်ရွယ်၍ ဖွဲ့စည်းရခြင်း ဖြစ်ပါသည်။

လုပ်ငန်းတာဝန်များ

Aid for Trade Coordination Unit ၏လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

EIF နှင့် NES အပါအဝင် Aid for Trade လုပ်ငန်းနှင့် ဆက်စပ်လုပ်ငန်းစဉ်များကို အကောင် အထည်ဖော်ဆောင်ရွက်ရာတွင် ကုန်သွယ်မှုနှင့် ဆက်စပ်နေသော အစိုးရဌာန၊ အဖွဲ့အစည်း များနှင့် ချိတ်ဆက်ညှိနှိုင်းဆောင်ရွက်ရန်။
Trade Sector Working Group (TSWG) မှတဆင့် ဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့အစည်းများနှင့် ချိတ်ဆက် ဆောင်ရွက်ရန်။
စီမံကိန်းများချမှတ်၍ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် တိုးတက်မှုအစီရင်ခံစာ (Progress Report) များ၊ နှစ်လည်အစီရင်ခံစာ (Mid Term Report) နှင့် အပြီးသတ်အစီ ရင်ခံစာ (Final Report) များကို သက်ဆိုင်ရာသို့ တင်ပြဆောင်ရွက်သွားရန်။
ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကအခန်းကဏ္ဍမှ ပါဝင်သော ပုဂ္ဂလိက ကဏ္ဍအဖွဲ့ အစည်းများ၊ အခြားသော Stakeholders နှင့်လည်း လိုအပ်သလို ညှိနှိုင်း ပူးပေါင်းဆောင်ရွက်ရန်။
ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် Aid for Trade လုပ်ငန်းများ အကောင်အထည်ဖော် ရာတွင် မူဝါဒဆိုင်ရာ အဆုံးအဖြတ်ပေးမည့် အဖွဲ့အစည်း၊ ကော်မတီနှင့် သက်ဆိုင်ရာ ပုဂ္ဂိုလ်တို့အား ပံ့ပိုးကူညီပေးရန်။
စီမံကိန်းအမျိုးအစားအလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား အသေးစိတ်ပြင်ဆင် ရေးဆွဲတင်ပြပေးရန်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အခါအားလျော်စွာ တာဝန်ပေးအပ်သည့် ဖွံ့ဖြိုးမှုဆိုင်ရာ အခြားလုပ်ငန်းများကိုလည်း လိုအပ်သလို အကောင်အထည်ဖော် ဆောင်ရွက်ရန်။
Aid for Trade Coordination Unit တွင်တာဝန်ယူဆောင်ရွက်မည့် အဖွဲ့ဝင်များ၏ အမည်စာရင်းအား အဖွဲ့ခေါင်းဆောင်မှ လိုအပ်သလို ညွှန်ကြားချက်ထုတ်ပြန်ပေးရန်။