မောင်တောကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်ဈေးကွက်သို့ လယ်ယာထွက်ကုန်ပစ္စည်း၊ ရေထွက် ပစ္စည်း၊ စက်မှုကုန်ချောပစ္စည်းများတင်ပို့လျက်ရှိရာတွင် စက်မှုကုန်ချောပစ္စည်းတစ်မျိုးဖြစ်သည့် နေကြာစေ့ အားပြည်ပပို့ကုန်အဖြစ် မောင်တောကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်ဈေးကွက်သို့ ထိုးဖောက် ရောင်းချ နိုင်ခဲ့ကြောင်းသိရသည်။

     ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်(Mini Budget) (၆) လတာကာလအတွင်းနေကြာစေ့ တန်ချိန် (၃) တန်၊တန်ဖိုး (၀.၀၀၅) ဒေါ်လာသန်းတင်ပို့နိုင်ခဲ့ပြီး၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် (ဧပြီလ မှ စက်တင် ဘာလ အထိ) (၆) လတာကာလအတွင်းနေကြာစေ့တင်ပို့မှုတန်ချိန် (၂.၇၅) တန်၊ တန်ဖိုး (၀.၀၀၅) ဒေါ်လာသန်း တင်ပို့ နိုင်ခဲ့ကြောင်း သိရှိရသည်။

မောင်တောကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်ဈေးကွက်သို့ လယ်ယာထွက်ကုန်ပစ္စည်း၊ ရေထွက် ပစ္စည်း၊ စက်မှုကုန်ချောပစ္စည်းများတင်ပို့လျက်ရှိရာတွင် လယ်ယာထွက်ကုန်ပစ္စည်းတစ်မျိုးဖြစ်သည့် အခွံပမြေပဲစေ့အားပြည်ပပို့ကုန်အဖြစ် မောင်တောကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ် ဈေးကွက်သို့ ထိုးဖောက် ရောင်းချနိုင်ခဲ့ကြောင်းသိရသည်။

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်(Mini Budget) (၆) လတာကာလအတွင်း အခွံပါမြေပဲစေ့တင်ပို့မှုတန်ချိန် (၈)တန်၊ တန်ဖိုး (၀.၀၀၇) ဒေါ်လာသန်းတင်ပို့နိုင်ခဲ့ပြီး၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် (ဧပြီလ မှ စက်တင်ဘာလ အထိ) (၆) လတာကာလအတွင်းအခွံပါမြေပဲစေ့တင်ပို့မှုတန်ချိန် (၅) တန်၊ တန်ဖိုး (၀.၀၀၄) ဒေါ်လာသန်း သာတင်ပို့နိုင်ခဲ့ပါသဖြင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (Mini Budget) ကာလထက် (၀.၀၀၃) ဒေါ်လာသန်း တင်ပို့မှုလျော့နည်းခဲ့ပါသည်။ Mini Budget ကာလထက် တင်ပို့မှုအနည်းငယ် လျော့နည်းခဲ့သော်လည်း အခွံပါမြေပဲစေ့များအားတစ်ဖက်နိုင်ငံဘင်္ဂလားဒေ့ရှ်ဈေးကွက်တွင်အမြဲတမ်းဝယ်လိုအားရှိသည့်ကုန်ပစ္စည်းတစ်မျိုးဖြစ်ကြောင်း သိရသည်။

          ပို့ကုန်သွင်းကုန် လိုင်စင်လျှောက်ထားခြင်းများကို Tradenet 2.0 System တွင် Online ဖြင့် လျှောက်ထားနိုင်သည့်အပြင် ကုန်သွယ်ရေးစခန်းများတွင်လည်း လာရောက်လျှောက်ထားပါက ခွင့်ပြုပေး လျက်ရှိသည်။ ၂၇-၁၁-၂၀၂၂ ရက်နေ့တွင် လာရောက်လျှောက်ထားမှုများမှ သွင်းကုန် လိုင်စင် (၁)စောင် (၀.၀၀၉) ယွမ်သန်း တန်ဖိုးရှိသည့် လူသုံးကုန်ပစ္စည်းတို့ကို ခွင့်ပြုထုတ်ပေးခဲ့ပြီး၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၁)ရက်နေ့ မှ  (၂၇)ရက်နေ့ထိ ပို့ကုန်လိုင်စင် (၃)စောင်နှင့် သွင်းကုန်လိုင်စင် (၅၀၇) စောင် ခွင့်ပြုထုတ်ပေးခဲ့သည်။ အများဆုံးပို့ကုန်ပစ္စည်းများမှာ ပဲမျိုးစုံ၊ ဆန်၊ ဆန်ကွဲ၊ ပြောင်း၊ လျှော်ဖြူ(ဆေးကုလားမ) တို့ဖြစ်ပြီး အများဆုံးသွင်းကုန်ပစ္စည်းများမှာ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများ၊ စက်နှင့်စက်အပိုပစ္စည်းများ၊​မော်တော်ဆိုင်ကယ်အပိုပစ္စည်းများ၊ လိမ္မော်သီး၊ချုပ်ပြီးအဝတ်အထည်များ၊ လူသုံးကုန် ပစ္စည်း တို့ဖြစ်သည်။

          မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ တင်ပို့သည့် ပို့ကုန်ပစ္စည်းများမှ တစ်ဘက်နိုင်ငံသို့ တင်ပို့ ရောင်းချရာတွင် အကောက်ခွန်သက်သာခွင့်အတွက် တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများအကြား ထုတ်ပေး သော ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် Form E ကို တင်ပို့သူမှ တောင်းခံလာပါက စည်းမျဉ်း၊ စည်းကမ်း များနှင့်အညီ စိစစ်ခွင့်ပြုပေးလျက်ရှိသည်။ ၂၇-၁၁-၂၀၂၂ ရက်နေ့တွင် Form E ထုတ်ပေးမှုမှာ (၁၃) စောင် ဖြစ်ပြီး ကဏန်း (၆)  စောင်၊ ငါးရှဉ့် (၂) စောင် ၊ လျှော်ဖြူ (၂)စောင်၊ ဆန်ကွဲ (၁) စောင်၊ ZINC INGOT (၁)စောင် တန်ဖိုး (၆.၀၇၂) ယွမ်သန်း တို့အား ခွင့်ပြုထုတ်ပေးခဲ့ပြီး ၂၀၂၂ ခုနှစ် နိုဝင်ဘာလ (၁) ရက်နေ့မှ  (၂၇) ရက်နေ့ အထိ Form E (၄၈၁) စောင် ထုတ်ပေးခဲ့သည်။

          ၂၇-၁၁-၂၀၂၂ ရက်နေ့တွင် ပို့ကုန်ယာဉ်စီးရေ (၁၃၆) စီး၊ သွင်းကုန်ယာဉ်စီးရေ (၄၅) စီး စုစုပေါင်း (၁၈၁) စီး ကုန်သွယ်မှုဆောင်ရွက်ခဲ့ပြီး ယခုရက်ပိုင်းတွင် ဆန်၊ ဆန်ကွဲ၊ ပဲမျိုးစုံ၊ ပြောင်း၊ ရာဘာ၊ ဖရဲသီး ၊ သခွားသီး၊ အစရှိသည့် သီးနှံများတင်ပို့သည့် ကာလရောက်ရှိ၍ ပို့ကုန်ယာဉ်စီးရေများ ပိုမိုခဲ့ပါသည်။ ၁-၁၁-၂၀၂၂ မှ ၂၇-၁၁-၂၀၂၂ ရက်နေ့ အထိ ပို့ကုန်ယာဉ်စီးရေ (၂၆၁၈) စီး၊ သွင်းကုန်ယာဉ်စီးရေ (၁၂၅၉) စီး ကုန်သွယ်မှုဆောင်ရွက်နိုင်ခဲ့သည်။

          မြန်မာ-တရုတ် နယ်စပ်ဒေသကုန်သွယ်မှုများအတွက် ငွေပေးချေမှုကို ယွမ်ငွေကြေး၊ ဒေါ်လာငွေကြေးများ ဖြင့် ဆောင်ရွက်လျက်ရှိသည်။ ပဲ၊ ပြောင်း၊ နှမ်း ၊ မြေပဲဆံ တို့ကို ဒေါ်လာငွေကြေး အပြင် ယွမ်ငွေကြေးဖြင့် ပါ ဆောင်ရွက်ခွင့်ပြုပြီး ဆန်၊ ဆန်ကွဲ၊ အခြားလယ်ယာထွက်ကုန်ပစ္စည်းများ နှင့် ရေထွက်ပစ္စည်းဖြစ်သည့် ကဏန်း၊ငါးရှဉ့်တို့ကို ယွမ်ငွေကြေးဖြင့် ခွင့်ပြုဆောင်ရွက်လျက်ရှိသည်။

          မူဆယ်ဒေသမှ အများဆုံးတင်ပို့သည့် ပဲတီစိမ်း ဈေးနှုန်းမှာ ရွှေလီဈေးနှုန်း (၁)တန်လျှင် (၅၀၀၀-၅၅၀၀)ယွမ် ၊ ပြောင်းဖူးစေ့ (၁)တန်လျှင် (၂၂၅၀-၂၃၀၀)ယွမ်၊ နှမ်းနက် (၁)တန်လျှင် (၈၅၀၀-၁၀၅၀၀)ယွမ် ၊ နှမ်းဖြူ (၁)တန်လျှင် (၉၀၀၀-၁၀၀၀၀)ယွမ် ၊ မြေပဲဆံ (၁)တန်လျှင် (၉၀၀၀-၉၅၀၀)ယွမ်၊ ဆန် (ဧည့်မထ) ၂၅% (၁) တန်လျှင် (၂၁၆၀) ယွမ်၊ ဆန်ကွဲ (A 1-2) (၁)တန်လျှင် (၂၄၀၀) ယွမ်၊ ရာဘာ RSS-3 (၁)တန်လျှင် (၁၀၀၀၀-၁၀၃၀၀) ယွမ် ဈေးနှုန်းဖြင့် အရောင်းအဝယ်ပြုလုပ်နေကြောင်းသိရှိရသည်။

          ပို့ကုန်လုပ်ငန်းဆောင်ရွက်သည့် လုပ်ငန်းရှင်များအနေဖြင့် မိမိတင်ပို့ခဲ့သည့်ပစ္စည်းများ၏ တန်ဖိုး အတိုင်းတစ်ဖက်နိုင်ငံ ဝယ်ယူသည့် ကုန်ဝယ်သူမှ ပေးချေသည့် ကုန်ဖိုးငွေကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ညွှန်ကြားချက်အတိုင်း ဘဏ်စနစ်ဖြင့် ပို့ကုန်ရငွေများ ဝင်ရောက်နိုင်ရေးဆောင်ရွက်ရန် လိုအပ်ပါကြောင်း အသိပေးအပ်ခဲ့သည်။

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၄ ရက်

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၂၃) ရက်နေ့တွင် ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း မှ လယ်ယာထွက်ကုန် (၈၂၃၉၄၁.၅၄၀) ဒေါ်လာဖိုး တင်ပို့ခဲ့သည့်အတွက် မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ (၈၂၂၇၉၀.၇၈၂) ဒေါ်လာ တင်ပို့နိုင်မှုထက် (၁၁၅၀.၇၅၈) ဒေါ်လာပိုမို၍ စံချိန်တင် တင်ပို့နိုင်ခဲ့ပါသည်။  ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၌ နယ်စပ်ကုန်သွယ်ရေးစခန်းများတွင် မြဝတီနှင့် မူဆယ်ပြီးလျှင် တတိယ အများဆုံး ကုန်သွယ်မှုဆောင်ရွက်နေတဲ့ ကုန်သွယ်ရေးစခန်းမှာ ချင်းရွှေဟော်ကုန်သွယ်ရေး စခန်းဖြစ်ပါသည်။ ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ ဆန်၊ ဆန်ကွဲ၊ ရော်ဘာ၊ ပြောင်းစသည့် လယ်ယာထွက်ကုန်ပစ္စည်းများ အဓိကတင်ပို့လျက်ရှိရာ နိုဝင်ဘာလ(၁၇)ရက်နေ့မှ (၂၃)ရက်နေ့အထိ သီတင်းပတ်တွင် လယ်ယာထွက်ကုန် တင်ပို့မှု (၈.၂၃၇) ဒေါ်လာသန်း ဆောင်ရွက်နိုင်ကြောင်းသိရပါသည်။ ၎င်းတို့အနက်မှ ရော်ဘာတင်ပို့မှုမှာ(၆၂၀၈၅၂၉.၄၀၀)ဒေါ်လာဖြစ်ပြီး မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မှ(၂၄၁၁၄၅၀.၆၉၃) ဒေါ်လာဖိုး တင်ပိုနိုင်မှုထက်( ၃၇၉၇၀၇၈.၇၀၇  )ဒေါ်လာ ပိုမိုတင်ပို့နိုင်ခဲ့ကြောင်းသိရပါသည်။

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်            

           မြန်မာနိုင်ငံအလယ်ပိုင်းဒေသများမှထွက်ရှိသည့် ကြက်သွန်နီများသည် အရည်အသွေးကောင်းမွန်ပြီး ဈေးနှုန်းသင့်သည့်အတွက် ပြည်တွင်းဈေးကွက်တွင်သာမက အိမ်နီးချင်းနိုင်ငံများမှာလည်း ကြိုက်နှစ်သက် ကြပါသည်။စားဖိုဆောင်သီးနှံဖြစ်သည်နှင့်အညီ အိမ်တွင်းစားသုံးရန်အတွက်သာမက စားသောက်ဆိုင်များ၊  စားသောက်ကုန်လုပ်ငန်းများတွင်ပါ မရှိမဖြစ်လိုအပ်သည့်အမယ်ဖြစ်ပါသည်။

            မြန်မာနိုင်ငံမှထွက်ရှိသည့်ကြက်သွန်နီကို ကြိုက်နှစ်သက်သည့်နိုင်ငံများအနက် ထိုင်းနိုင်ငံသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံဖြစ်သည်နှင့်အညီ ကြက်သွန်နီလိုအပ်ချက် မှာလည်း မြင့်မားနေကြောင်းသိရှိရသည်။

            တနင်္သာရီတိုင်းဒေသကြီး၊ မောတောင်နယ်စပ်ကုန်သွယ်ရေးမှ ထိုင်းနိုင်ငံသို့ အပတ်စဉ်မြန်မာ့ ကြက်သွန်နီ တန် (၅၀) မှ တန် (၁၀၀) အကြား တင်ပို့နေရပြီး လက်ရှိပေါက်စျေးအနေဖြင့် (၁) တန်လျှင် 20-30 mm အတွက် (၃၉၈၈၅) ဘတ်နှင့် 25-35 mm  အတွက် (၄၄၀၃၆) ဘတ် ပေါက်ဈေးရှိကြောင်းသိရှိ ရပါသည်။

          ကြက်သွန်နီကို မောတောင်ကုန်သွယ်ရေးစခန်းအပြင် မြဝတီကုန်သွယ်ရေးဇုန်မှလည်း ထိုင်းနိုင်ငံ သို့ တင်ပို့လျက်ရှိရာ ယခု ကြက်သွန်နီအသစ်များထွက်ပေါ်လာသည့်ကာလဖြစ်သည့်အတွက် နိုဝင်ဘာလ ၂၁ ရက်နေ့တွင် တန်ချိန် ၁၀၀ ကျော် တင်ပို့ခဲ့ကြောင်းသိရပါသည်။

          မြန်မာနိုင်ငံရှိ ကြက်သွန်နီစိုက်ပျိုးသည့် တောင်သူများအနေဖြင့် ဈေးကွက်လိုအပ်ချက်မြင့်မားနေ သည့် ကြက်သွန်နီအား ပိုမိုတိုးချဲ့စိုက်ပျိုးသင့်ပါသည်။ ပို့ကုန်တင်ပို့သည့်ကုမ္ပဏီများအနေဖြင့်လည်း ရရှိလာ သည့်ပို့ကုန်ဝင်ငွေများအား ပို့ကုန်သွင်းကုန်နှင့်ပတ်သက်သည့်သတင်းလွှာ ၁၀/၂၀၂၂ ပါအတိုင်း သွင်းကုန် တင်သွင်းလိုသည့် ကုမ္ပဏီများထံသို့ ပို့ကုန်ရငွေလွှဲပြောင်းသုံးစွဲနိုင်မည်ဖြစ်၍ ပိုမိုတင်ပို့သင့်ပါကြောင်း သိရှိ ရပါသည်။

Pages