၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်နေ့ လွယ်ဂျယ်နယ်စပ်မှ တစ်ဖက်တရုတ်နိုင်ငံသို့ ဆန် (၈)စီး၊ တန်ချိန် (၂၄၀.၂၅) တန်၊ တန်ဖိုး (၀.၀၈၉)ဒေါ်လာသန်း၊ ဆန်ကွဲ (၉)စီး၊ တန်ချိန် (၃၀၆) တန်၊ တန်ဖိုး (၀.၁၁၀)ဒေါ်လာသန်း၊ တစ်သျှူးငှက်ပျော (၁၀)စီး၊ တန်ချိန် (၁၆၀)တန်၊  တန်ဖိုး (၀.၀၅၄)ဒေါ်လာသန်း၊ ပြောင်း(၃)စီး၊ တန်ချိန် (၇၀.၅၀) တန်၊ တန်ဖိုး (၀.၀၂၁) ဒေါ်လာသန်း၊ နှမ်းနက် (၃) စီး၊ တန်ချိန် (၉၇) တန်၊ တန်ဖိုး (၀.၁၁၇) ဒေါ်လာသန်း၊ဖရဲသီး (၁) စီး၊ တန်ချိန် (၁၇) တန်၊ တန်ဖိုး (၀.၀၀၃) ဒေါ်လာသန်းနှင့် ကြံ (၇၄) စီး၊ တန်ချိန် (၆၅၈) တန်၊ တန်ဖိုး (၀.၀၅၃) ဒေါ်လာသန်း ၊စုစုပေါင်း (၀.၄၄၇)ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ သည်။ တစ်ဖက်တရုတ်နိုင်ငံမှ ဂျပ်စက္ကူ (၃)စီး၊ တန်ချိန် (၁၆.၅၀) တန်၊တန်ဖိုး (၀.၀၀၆) ဒေါ်လာသန်း၊ ကုန်စုံ (၁)စီး၊ တန်ချိန် (၄.၁၀)တန်၊ (၂၅၂၅)U၊ တန်ဖိုး (၀.၀၀၇) ဒေါ်လာသန်း၊ကော်စေ့ (၂)စီး၊ တန်ချိန် (၃၁.၅၀)တန်၊တန်ဖိုး (၀.၀၃၂) ဒေါ်လာသန်း၊ ပိတ်လိတ် (၁) စီး၊ တန်ချိန် (၁၄.၅) တန်၊ တန်ဖိုး (၀.၀၁၀) ဒေါ်လာသန်း၊ ပလပ်စတစ်လိပ် (၂) စီး၊ တန်ချိန် (၃၀)တန်၊ တန်ဖိုး (၀.၀၂၁) ဒေါ်လာသန်း၊ လယ်ထွန်စက် (၂) စီး၊ (၃)U ၊ တန်ဖိုး (၀.၀၁၂) ဒေါ်လာသန်း၊ ပူလီကြိုး (၂) စီး၊ တန်ချိန် (၃၆)တန်၊ တန်ဖိုး (၀.၀၅၄) ဒေါ်လာသန်း၊ စုစုပေါင်း (၀.၁၄၂) ဒေါ်လာသန်း တင်သွင်းနိုင်ခဲ့ပြီး ကုန်သွယ်မှု တန်ဖိုး (၀.၅၈၉) ဒေါ်လာသန်း ဆောင်ရွက် နိုင်ခဲ့တယ်လို့သိရှိရသည်။

    တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်အတွင်းမှ ဖမ်းဆီးရမိသည့် ရေထွက်ပစ္စည်းများအနက် ငါးမျိုးစုံ ကိုအဓိကဖမ်းဆီးကြသည်။ ဈေးနှုန်းချိုသာပြီး အရည်အသွေးကောင်းမွန်သဖြင့် ပြည်တွင်းစားသုံးသူများ သာမက အိမ်နီးချင်းနိုင်ငံများမှာလည်း နှစ်သက်စွာစားသုံးကြသည်။ မြန်မာနိုင်ငံမှထွက်ရှိသည့် ရေထွက် ပစ္စည်းများအား ထိုင်းနိုင်ငံသို့ အများဆုံးတင်ပို့လျက်ရှိရာ ဈေးနှုန်းချိုသာပြီး အရည်အသွေးကောင်းမွန် သည့်ငါးမျိုးစုံမှာလည်း နေ့စဉ်နှင့်အမျှတင်ပို့နေရသည်။ ငါးမျိုးစုံတွင်အဓိကအားဖြင့် ငါးခွေးလျှာ၊ ပလာတူး၊ ငါးပလွေ၊ ငါးမျက်ကျယ်၊ ငါးဓါးလွယ်၊ ငါးခေါင်းပွ တို့မှာ အများဆုံးတင်ပို့ရသည့် ငါးအမယ်များ ဖြစ်ကြ သည်။

    မောတောင်နယ်စပ်ကုန်သွယ်ရေးစခန်းမှ တစ်ဖက်နိုင်ငံသို့ ငါးမျိုးစုံတင်ပို့မှုအနေဖြင့် နေ့စဉ် (၁၀၀၀၀) kg မှ (၁၃၀၀၀) kg ထိ တင်ပို့နေရပြီး 1 Kg ဈေးနှုန်းအနေဖြင့် ငါးအမျိုးအစားအပေါ်မူတည်၍ အမျိုးမျိုးရှိ ကြသည်။ ငါးတင်ပို့မှုအပေါ် အရည်အသွေး သတ်မှတ်ချက်သီးသန့်ထုတ်ပြန်ထားခြင်းမရှိသော်လည်း လတ်ဆတ်သည့်ငါးများသာ ဈေးကောင်းရရှိကြောင်း သိရှိရသည်။ ရေထွက်ပစ္စည်းတင်ပို့နေသည့်ကုမ္ပဏီ များအနေဖြင့် ဈေးနှုန်းကောင်းမွန်သည့် ငါးမျိုးစုံကို ပိုမိုတင်ပို့သင့်ပါကြောင်း တွေ့ရှိရ သည်။

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်နေ့

     မောင်တောကုန်သွယ်ရေးစခန်းမှ စက်မှုကုန်ချောပစ္စည်းတစ်မျိုးဖြစ်သည့် ဆီးယိုထုပ်များအား ပြည်ပပို့ကုန်အဖြစ် မောင်တောကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့နိုင်ခဲ့ပါသည်။

     ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (Mini Budget) (၆) လတာကာလအတွင်း ဆီးယိုထုပ်တန်ချိန် (၃၇၈၇.၃၅) တန်၊ တန်ဖိုး (၁.၂၅) ဒေါ်လာသန်းတင်ပို့နိုင်ခဲ့ပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် (ဧပြီလ မှ စက်တင်ဘာလ အထိ) (၆)လတာကာလအတွင်း ဆီးယိုထုပ် တန်ချိန် (၃၅၆၄.၃) တန်၊ တန်ဖိုး (၁.၁၇၆) ဒေါ်လာ သန်း တင်ပို့နိုင်ခဲ့ပါသဖြင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (Mini Budget) ကာလထက် (၀.၀၇၄) ဒေါ်လာ သန်း တင်ပို့မှုလျော့နည်းခဲ့သည်။ Mini Budget ကာလထက် တင်ပို့မှုလျော့နည်းခဲ့သော်လည်း ဆီးယိုထုပ်များအား တစ်ဖက်နိုင်ငံဘင်္ဂလားဒေ့ရှ် ဈေးကွက်တွင် အမြဲတမ်းဝယ်လိုအားရှိသည့် ကုန်ပစ္စည်းတစ်မျိုးဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။

မြဝတီကုန်သွယ်ရေးဇုန်မှ တစ်ဖက်နိုင်ငံသို့ ပို့ကုန်တင်ပို့မှု အနေဖြင့် (၁၉-၁၂-၂၀၂၂)မှ (၂၄-၁၂-၂၀၂၂)ထိ CMP ၊ လယ်ယာထွက်ကုန်ပစ္စည်းများ၊ ရေထွက်ပစ္စည်းများ တင်ပို့မှုများရှိပြီး လယ်ယာထွက်ကုန်ပစ္စည်းများမှ ငရုတ်၊ ကြက်သွန်နီ၊ ဆန်မှုန့်၊ ဂေါ်ဖီထုပ်၊ ဆန်ကွဲ၊ မတ်ပဲ၊ ကြာဝတ်ဆံခြောက်၊ ပန်းဂေါ်ဖီ၊ ကြောင်လျှာစေ့ခြောက်၊ မြေပဲ၊ ဖရဲစေ့၊ ရော်ဘာ၊ နှမ်းတို့ကို တင်ပို့လျက်ရှိပါသည်။ ရေထွက်ကုန်ပစ္စည်း များမှ ငါးပါးနီ၊ ကျောက်ငါး၊ ငါးသလောက်၊ ငါးခွေးလျှာ၊ ငါးဓားလွယ်၊ ငါးကွင်းရှပ်၊ ကဏန်း၊ ငါးစီလုံး၊ ငါးပြေမ၊ ငါးမွှေထိုး၊ ပုစွန်၊ ကတ်ကူရံတို့ တင်ပို့ လျက်ရှိပါသည်။ CMP တင်ပို့မှုတွင် အမျိုးသားဝတ် ဘောင်းဘီတို၊ အမျိုးသမီးဝတ် ကုတ်အင်္ကျီ၊ ဂျာကင်အင်္ကျီ၊ အမျိုးသမီးဝတ် ဘောင်းဘီရှည်၊ Temperature Sensor ၊ Recovered Paper ၊ Transformer Main ၊ Green bottle Cullet၊ Foot wear shoe တို့ တင်ပို့ခဲ့ပါသည်။ အများဆုံး ပို့ကုန်ပစ္စည်း ကတော့ CMP ၊ ကြက်သွန်နီ၊ ဆန်မှုန့်၊ ငရုတ်၊ မြေပဲ၊ ရေထွက်၊ ရော်ဘာ၊ Aluminium Scrap ၊ ငါးပိတို့ဖြစ်သည်။

          ကိုဗစ်အလွန်ကာလတွင် ထိုင်းနိုင်ငံသို့ ခရီးသွားလုပ်ငန်းများ ပြန်လည် စတင်ခြင်းကြောင့် စားသောက်ကုန်လုပ်ငန်းများတွင်ကျယ်စွာ အသုံးပြုလာခြင်း၊ ဟင်းလျာများ တွင် ထည့်သွင်း ချက်ပြုတ်စားသောက်ခြင်း၊ စားသောက်ကုန်လုပ်ငန်း စားသောက်ဆိုင်များတွင် အသုံးပြုရန် လိုအပ်ခြင်းကြောင့် မြန်မာနိုင်ငံ၏ ပို့ကုန်ပစ္စည်းများ ဖြစ်သည့် ကြက်သွန်နီ၊ ဆန်မှုန့်၊ ငရုတ်တို့ကို ထိုင်းနိုင်ငံမှ ဝယ်လိုအား မြင့်တက်နေ၍ ယခင်နှစ်ကထက် ပိုမိုတင်ပို့နိုင်ခဲ့ခြင်းဖြစ်သည်။ Aluminium Scrap အား အရည်ကျို၍ ကုန်ချောများ ပြန်လည်ထုတ်လုပ်ရန်အတွက် ဝယ်ယူခြင်းဖြစ်ကြောင်း သိရှိရသည်။

          ရေထွက်ပစ္စည်း တင်ပို့မှုသည် မဲဆောက်မှတဆင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အထိ အချိန်မီတင်ပို့လျက်ရှိကြောင်းသိရှိရသည်။ ရေထွက်ကုန်ပစ္စည်းများအား ကုန်သွယ်မှုလမ်းကြောင်း တလျှောက်၊ ကုန်သွယ်ရေးဇုန်၊ BCF တံတား-၂ တို့မှတဆင့် တစ်ဖက်နိုင်ငံသို့ အမြန်ရောက်ရှိရေး အတွက် ဦးစားပေးဆောင်ရွက်ပေးလျက်ရှိသည်။ ထိုနည်းတူ ကုန်စိမ်း ပို့ကုန်များဖြစ်ကြသည့် ကြက်သွန်နီ၊ ငရုတ်၊ ဂေါ်ဖီထုပ်တို့ကို အမြန်တင်ပို့နိုင်ရေးအတွက် ကုန်သွယ်ရေးဇုန်မှ အချိန်နှင့် တပြေးညီ ဆောင်ရွက်ပေးလျက်ရှိသည်။

          ယခုရက်အတွင်း ပို့ကုန်ကားစီးရေ နေ့စဉ်ပျမ်းမျှ (၄၄-၄၅)စီးခန့် တင်ပို့လျက်ရှိသည်။ ဂျူတီယာဉ်များ၏ ကုန်ပစ္စည်း ကြေညာလွှာပါပစ္စည်း၊ ယာဉ်ပေါ်ပါပစ္စည်းနှင့် တန်ဖိုးများကိုက်ညီမှု ရှိ/မရှိကို သက်ဆိုင်ရာဌာနအနေဖြင့် စနစ်တကျ စစ်ဆေးဆောင်ရွက်လျက်ရှိသည်။

          သွင်းကုန်တင်သွင်းမှုအနေဖြင့် ချည်ပိတ်လိပ်များ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ စက်ရုံသုံးကုန်ကြမ်းပစ္စည်းများ၊ ဆေးဝါးများ၊ ဆိုင်ကယ်အပိုပစ္စည်းများ ဖိနပ်များ၊ အသင့်ချုပ်ပြီး အဝတ်အထည်များ၊ သစ်သီး၊ စားသောက်ကုန်ပစ္စည်းများ၊ အလှကုန်ပစ္စည်း၊ ဖိနပ်အပိုပစ္စည်းများ၊ Gas ၊ Lubricant ၊ အိမ်သုံး ပစ္စည်းများ၊ တိရိစ္ဆာန်အစာများ ၊ စက်ဘီးများ၊ စာရေးကိရိယာများ၊ ကားအပိုပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများတင်သွင်းလျက်ရှိသည်။ Garment ၊ ကြွေပြား၊ စားသောက် ကုန်ပစ္စည်း၊ အိမ်သုံးပစ္စည်း၊ တိရစ္ဆာန်အစာ၊ Paint ၊ စက်ရုံသုံးပစ္စည်း၊ စက်မှုကုန်ကြမ်းပစ္စည်း၊ အလှကုန်ပစ္စည်း အများဆုံး တင်သွင်းခဲ့သည်။

ယခုရက်အတွင်း သွင်းကုန်ကားစီးရေ နေ့စဉ်ပျမ်းမျှ (၁၃၆-၁၃၇)စီးခန့် တင်သွင်းလျက်ရှိ သည်။ သွင်းကုန်တင်သွင်းသည့် ကုန်သည်များအနေဖြင့် ယခုလဆန်းပိုင်းတွင် ဘတ်ဈေးသည် တစ်ဘတ်လျှင် (၇၉.၃၆)ကျပ်ထိရှိခဲ့ပြီး ယခုလကုန်ပိုင်းတွင် တစ်ဘတ်လျှင် (၈၀.၃၂) ကျပ်ခန့်အထိ ဘတ်ဈေး အနည်းငယ်ပြန်တက်လာသောကြောင့် ဘတ်ဈေး အတက်အကျ မတည်ငြိမ်သဖြင့် သွင်းကုန်ပစ္စည်းများကို ချိန်ဆတင်သွင်းနေကြောင်း သိရှိရသည်။

 

 

စစ်တွေကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လယ်ယာထွက်ကုန်ပစ္စည်းများ၊ ရေထွက်ကုန် ပစ္စည်းများ၊ သစ်တောထွက်ကုန်ပစ္စည်းများနှင့် စက်မှုကုန်ချောပစ္စည်းများကို ပင်လယ်ရေကြောင်းနှင့် နယ်စပ်မှတစ်ဆင့် စဉ်ဆက်မပြတ် တင်ပို့လျက်ရှိသည်။

ရခိုင်ပြည်နယ် စစ်တွေကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့နေသည့်လယ်ယာထွက်ကုန် အုပ်စုအောက်မှ တင်ပို့နေသည့် စစ်တုံဥတင်ပို့သည့်ပမာဏမှာ ယခု၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ် နိုဝင်ဘာ လတွင်တန်ချိန်(၅၈၄)တန်တင်ပို့နိုင်ခဲ့ပြီး၊ယခင်လအောက်တိုဘာလနှင့်နှိုင်းယှဉ်လျှင်တန်ချိန်(၂၆၃)တန်ခန့် ပိုမိုတင်ပို့နိုင်ခဲ့သဖြင့် ကုန်သွယ်မှုပမာဏအနေဖြင့် ၂ဆ ပိုမိုတင်ပို့နိုင်ခဲ့သည်။

ယခုဒီဇင်ဘာလ ဒုတိယအပတ်ဖြစ်သည့် (၃-၁၂-၂၀၂၂)မှ(၉-၁၂-၂၀၂၂)အတွင်းတွင်လည်း စစ်တုံဥ တန်ချိန်(၂၅၃)တန်အထိ တင်ပို့နိုင်ခဲ့ပြီး၊ ဝင်ငွေအားဖြင့် ကန်ဒေါ်လာ(၂၆၅၆၅) ဝန်းကျင် (တစ်တန် လျှင် မြန်မာကျပ်ငွေ ၂၂၀၀၀၀)ခန့် ရရှိခဲ့သည်ဟု သိရှိရသည်။

Pages