ဖူးစားပြောင်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

     မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဥ့်ကိုင်မြို့နယ်အတွင်းရှိ ကျေးရွာများသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြပြီး သီးနှံမျိုးစုံ စိုက်ပျိုးဖြစ်ထွန်းလျက်ရှိရာ ဈေးကွက် ဝယ်လိုအားကောင်းသော ဖူးစားပြောင်းသီးနှံကို ၉၉ ဧက စိုက်ပျိုးထားရှိကြောင်း ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရသည်။

          ဖူးစားပြောင်းကို ယာမြေများတွင် အများဆုံးစိုက်ပျိုးကြ၍ စိုက်ပျိုးပြီး ၄ လခန့်အကြာတွင် ခူးဆွတ်ရကြောင်း၊ မျိုးအနေဖြင့် သကြားပြောင်းမျိုးများကို စိုက်ပျိုးကြပြီး တစ်ဧကလျှင် မျိုးစေ့ ၅ ပြည်ခန့် ကုန်ကျကြောင်း၊ ထွန်ကြောင်းဆွဲအစေ့ချစနစ်ဖြင့် အတန်းလိုက်စိုက်ပျိုးကြပြီး မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် စုစုပေါင်း ကျပ် ၃ သိန်းခန့် ကုန်ကျကြောင်း၊ ယခင်နှစ်က တစ်ဧကလျှင် ပြောင်းဖူးအ‌ရေအတွက် ၅,၀၀၀ ဖူးခန့် ထွက်ရှိကြောင်း၊ ဈေးကွက်အနေ ဖြင့် ကုန်စိမ်းပွဲစားများမှ စိုက်ခင်းသို့ လာရောက်ဝယ်ယူမှုများရှိသကဲ့သို့ အချို့တောင်သူများမှာလည်း အခင်းပြတ်ရောင်းချမှုများလည်း ရှိကြောင်း၊ ယခုအချိန်တွင် ဖူးစားပြောင်းသီးနှံ စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိရာ သီးနှံထွက်ပေါ်ချိန်တွင် အထွက်နှုန်းနှင့် ဈေးနှုန်းများ ကောင်းမွန်ပါက အကျိုးအမြတ်များ ပိုမိုရရှိမည်ဖြစ်ကြောင်း ဖူးစားပြောင်းစိုက်တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။ 

DOCA (မန္တလေး)