မြန်မာနိုင်ငံ၏ ပဲမျိုးစုံတင်ပို့နိုင်မှုအခြေအနေ
မြန်မာနိုင်ငံတွင်အဓိကသီးနှံများအနေဖြင့် စပါး၊ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါ၊ ကြံ တို့အားစိုက်ပျိုးပြီး တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲအမျိုးမျိုးစိုက်ပျိုး ထုတ်လုပ်မှုသည် ဒုတိယအများဆုံးဖြစ်ပြီး ပဲမျိုးစုံအနေဖြင့်တစ်နိုင်ငံလုံး၏ လယ်ယာ ထွက်ပစ္စည်းထွက်ရှိမှု၏ (၃၃%)စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ မြန်မာနိုင်ငံ စိုက်ပျိုးမြေဧရိယာ၏ (၂၀%)ခန့်သည် ပဲမျိုးစုံ စိုက်ပျိုးနေပြီး ပဲမျိုးစုံ စိုက်ဧက၏ (၇၂ %) သည်မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများလည်း စိုက်ပျိုးကြပါသည်။ လက်ရှိတွင် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံမှ တင်ပို့သည့်ပို့ကုန်အများစုသည် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်ပြီး ပဲမျိုးစုံသည်လည်းအဓိက ပို့ကုန်တစ်မယ် ဖြစ်ပါသည်။
မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ်စာရင်းများအရ ပင်လယ်ရေကြောင်းမှ (၁၂၄၂၇၇၅.၂၃၁)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၉၆၆.၄၀၇)သန်း၊ နယ်စပ်မှ (၇၈၆၉၂၀.၆၅၁)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၆၀၄.၃၀၀)သန်း၊ စုစုပေါင်း (၂၀၂၉၆၉၅.၈၈၂) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၅၇၀.၇၀၇)သန်း တင်ပို့နိုင်ခဲ့ပြီး ယခု (၂၀၂၃-၂၀၂၄)ဘဏ္ဍာနှစ် (၁-၄-၂၀၂၃ မှ ၁၄-၇-၂၀၂၃ ရက်နေ့ထိ) ကာလအတွင်း ပင်လယ်ရေကြောင်းမှ (၄၂၀၁၂၂.၁၄၁)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၃၂၆.၇၉၀)သန်း၊ နယ်စပ်မှ (၇၁၉၃၇.၄၇၉)တန်၊တန်ဖိုး အမေရိကန်ဒေါ်လာ (၆၃.၀၃၀)သန်း၊ စုစုပေါင်း (၄၉၂၀၅၉.၆၂၀) တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ(၃၈၉.၈၂၀)သန်း တင်ပို့ နိုင်ခဲ့ပါသည်။
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် (၁-၄-၂၀၂၃ မှ ၁၄-၇-၂၀၂၃ ရက်နေ့ထိ)ကာလအတွင်း ပဲအမျိုးအစားအလိုက် တင်ပို့နိုင်မှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
| အမေရိကန်ဒေါ်လာသန်း | ||||||
| ကီလို-ထောင်ပေါင်း | ||||||
| စဉ် | အကြောင်းအရာ |
ရေတွက် ပုံ |
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် (၁၄-၇-၂၀၂၃) ထိ |
|||
| ပင်လယ် ရေကြောင်း |
နယ်စပ် | ပေါင်း | ||||
| ၁ | မတ်ပဲ | US$ | ၁၃၈.၉၂၂ | ၁.၀၅၂ | ၁၃၉.၉၇၄ | |
| ကီလို | ၁၆၄၅၀၃.၉၃၇ | ၁၀၀၀.၀၀၀ | ၁၆၅၅၀၃.၉၃၇ | |||
| ၂ | ပဲတီစိမ်း | US$ | ၉၄.၉၃၀ | ၂၂.၉၇၆ | ၁၁၇.၉၀၆ | |
| ကီလို | ၁၄၂၄၈၃.၈၁၀ | ၃၅၂၁၆.၄၁၃ | ၁၇၇၇၀၀.၂၂၃ | |||
| ၃ | ပဲတီစိမ်းလုံးခြမ်း | US$ | ||||
| ကီလို | ||||||
| ၄ | ပဲစဉ်းငုံ | US$ | ၅၂.၀၆၂ | ၀.၀၀၀ | ၅၂.၀၆၂ | |
| ကီလို | ၆၁၉၆၉.၀၃၀ | ၀.၀၀၀ | ၆၁၉၆၉.၀၃၀ | |||
| ၅ | ကုလားပဲ | US$ | ၀.၄၂၉ | ၀.၀၀၀ | ၀.၄၂၉ | |
| ကီလို | ၄၆၈.၈၂၅ | ၀.၀၀၀ | ၄၆၈.၈၂၅ | |||
| ၆ | ပဲလွန်းဖြူ | US$ | ၉.၁၄၀ | ၀.၆၈၂ | ၉.၈၂၂ | |
| ကီလို | ၁၄၅၉၉.၀၄၆ | ၁၁၀၇.၅၀၀ | ၁၅၇၀၆.၅၄၆ | |||
| ၇ | မြေထောက်ပဲ | US$ | ၇.၃၀၄ | ၈.၅၀၆ | ၁၅.၈၁၀ | |
| ကီလို | ၇၅၇၂.၄၇၇ | ၅၉၉၃.၅၀၈ | ၁၃၅၆၅.၉၈၅ | |||
| ၈ | ထောပတ်ပဲ | US$ | ၁၁.၃၇၃ | ၃.၉၇၅ | ၁၅.၃၄၈ | |
| ကီလို | ၁၁၅၉၈.၉၈၈ | ၃၇၅၃.၁၅၆ | ၁၅၃၅၂.၁၄၄ | |||
| ၉ | ပဲယင်း | US$ | ၈.၆၁၀ | ၉.၄၀၈ | ၁၈.၀၁၈ | |
| ကီလို | ၁၁၈၈၅.၇၈၆ | ၁၁၄၂၈.၀၀၀ | ၂၃၃၁၃.၇၈၆ | |||
| ၁၀ | ပဲကြီး | US$ | ၁.၇၅၈ | ၀.၄၈၅ | ၂.၂၄၃ | |
| ကီလို | ၁၇၁၄.၄၈၆ | ၄၈၂.၅၀၀ | ၂၁၉၆.၉၈၆ | |||
| ၁၁ | ပဲကတ္တီပါ(စွန်တာနီ) | US$ | ၀.၈၇၀ | ၀.၈၇၀ | ||
| ကီလို | ၁၃၇၃.၀၂၀ | ၁၃၇၃.၀၂၀ | ||||
| ၁၂ | စွန်တာပြာ | US$ | ၀.၃၁၁ | ၁.၃၀၇ | ၁.၆၁၈ | |
| ကီလို | ၄၈၀.၀၀၀ | ၂၁၇၅.၀၀၀ | ၂၆၅၅.၀၀၀ | |||
| ၁၃ | ပဲကတ္တီပါ(စွန်တာနီ/ပြာ) | US$ | ||||
| ကီလို | ||||||
| ၁၄ | ပဲဖြူလေး | US$ | ||||
| ကီလို | ||||||
| ၁၅ | ဘိုကိတ်ပဲ | US$ | ၀.၈၄၁ | ၀.၀၀၀ | ၀.၈၄၁ | |
| ကီလို | ၁၃၀၇.၇၅၅ | ၀.၀၀၀ | ၁၃၀၇.၇၅၅ | |||
| ၁၆ | ပဲပုတ်စေ့ | US$ | ၀.၀၀၄ | ၀.၀၀၀ | ၀.၀၀၄ | |
| ကီလို | ၄.၇၄၀ | ၀.၀၀၀ | ၄.၇၄၀ | |||
| ၁၇ | ပဲနီကြား | US$ | ၀.၅၆၀ | ၀.၅၆၀ | ||
| ကီလို | ၁၀၉၀.၉၈၀ | ၁၀၉၀.၉၈၀ | ||||
| ၁၈ | နိုင်လွန်ပဲ | US$ | ၀.၆၄၂ | ၀.၆၄၂ | ||
| ကီလို | ၈၈၂.၅၀၀ | ၈၈၂.၅၀၀ | ||||
| ၁၉ | မြေပဲဆံ | US$ | ၀.၂၃၀ | ၁၃.၃၃၅ | ၁၃.၅၆၅ | |
| ကီလို | ၁၅၅.၀၀၀ | ၈၆၃၉.၅၂၂ | ၈၇၉၄.၅၂၂ | |||
| ၂၀ | အခြားပဲ | US$ | ၀.၀၀၆ | ၀.၁၀၂ | ၀.၁၀၈ | |
| ကီလို | ၅.၂၄၁ | ၁၆၈.၄၀၀ | ၁၇၃.၆၄၁ | |||
| ပဲတင်ပို့မှုစုစုပေါင်း | US$ | ၃၂၆.၇၉၀ | ၆၃.၀၃၀ | ၃၈၉.၈၂၀ | ||
| ကီလို | ၄၂၀၁၂၂.၁၄၁ | ၇၁၉၃၇.၄၇၉ | ၄၉၂၀၅၉.၆၂၀ | |||
| Source: Customs | ||||||
