မြန်မာနိုင်ငံ၏ ပဲမျိုးစုံတင်ပို့နိုင်မှုအခြေအနေ
မြန်မာနိုင်ငံတွင်အဓိကသီးနှံများအနေဖြင့် စပါး၊ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါ၊ ကြံ တို့အားစိုက်ပျိုးပြီး တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲအမျိုးမျိုးစိုက်ပျိုး ထုတ်လုပ်မှုသည် ဒုတိယအများဆုံးဖြစ်ပြီး ပဲမျိုးစုံအနေဖြင့်တစ်နိုင်ငံလုံး၏ လယ်ယာ ထွက်ပစ္စည်းထွက်ရှိမှု၏ (၃၃%) စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ မြန်မာနိုင်ငံ စိုက်ပျိုးမြေဧရိယာ၏ (၂၀%)ခန့်သည် ပဲမျိုးစုံ စိုက်ပျိုးနေပြီး ပဲမျိုးစုံ စိုက်ဧက၏ (၇၂ %) သည်မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများလည်း စိုက်ပျိုးကြပါ သည်။ လက်ရှိတွင် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံမှ တင်ပို့သည့် ပို့ကုန်အများစုသည် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်ပြီး ပဲမျိုးစုံသည်လည်းအဓိက ပို့ကုန်တစ်မယ် ဖြစ်ပါသည်။
မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်စာရင်းများအရ ပင်လယ်ရေကြောင်းမှ (၁၆၄၀၇၇၇) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၂၆၁.၈၇၄) သန်း၊ နယ်စပ်မှ (၂၇၈၃၇၉) တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၂၀၈.၇၈၉)သန်း၊ စုစုပေါင်း (၁၉၁၉၁၅၆) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၄၇၀.၆၆၃) သန်း တင်ပို့နိုင်ခဲ့ပြီး ယခု (၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ် (၁-၄-၂၀၂၃ မှ ၂၈-၇-၂၀၂၃ ရက်နေ့ထိ) ကာလအတွင်း ပင်လယ်ရေကြောင်းမှ (၄၆၂၈၉၄.၉၇၁)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၃၆၂.၃၉၀)သန်း၊ နယ်စပ်မှ (၈၈၉၀၇.၉၉၄) တန်၊တန်ဖိုး အမေရိကန်ဒေါ်လာ (၇၇.၀၇၉) သန်း၊ စုစုပေါင်း (၅၅၁၈၀၂.၉၆၅) တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ(၄၃၉.၄၆၉)သန်း တင်ပို့ နိုင်ခဲ့ပါသည်။
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် (၁-၄-၂၀၂၃ မှ ၂၈-၇-၂၀၂၃ ရက်နေ့ထိ)ကာလအတွင်း ပဲအမျိုးအစားအလိုက် တင်ပို့နိုင်မှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
| အမေရိကန်ဒေါ်လာသန်း | ||||||
| ကီလို-ထောင်ပေါင်း | ||||||
| စဉ် | အကြောင်းအရာ |
ရေတွက် ပုံ |
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် (၂၈-၇-၂၀၂၃) ထိ |
|||
| ပင်လယ် ရေကြောင်း |
နယ်စပ် | ပေါင်း | ||||
| ၁ | မတ်ပဲ | US$ | ၁၆၀.၁၆၃ | ၁.၁၁၂ | ၁၆၁.၂၇၅ | |
| ကီလို | ၁၈၉၅၅၁.၅၁၂ | ၁၀၆၄.၀၀၀ | ၁၉၀၆၁၅.၅၁၂ | |||
| ၂ | ပဲတီစိမ်း | US$ | ၁၀၁.၂၉၉ | ၂၈.၇၅၂ | ၁၃၀.၀၅၁ | |
| ကီလို | ၁၅၁၄၅၇.၂၆၂ | ၄၃၂၅၉.၈၂၁ | ၁၉၄၇၁၇.၀၈၃ | |||
| ၃ | ပဲစဉ်းငုံ | US$ | ၅၈.၄၈၆ | ၀.၀၀၀ | ၅၈.၄၈၆ | |
| ကီလို | ၆၈၆၀၉.၀၃၀ | ၀.၀၀၀ | ၆၈၆၀၉.၀၃၀ | |||
| ၄ | ကုလားပဲ | US$ | ၀.၅၂၂ | ၀.၀၀၀ | ၀.၅၂၂ | |
| ကီလို | ၅၆၅.၃၂၅ | ၀.၀၀၀ | ၅၆၅.၃၂၅ | |||
| ၅ | ပဲလွန်းဖြူ | US$ | ၁၀.၀၈၇ | ၁.၂၃၁ | ၁၁.၃၁၈ | |
| ကီလို | ၁၆၀၄၀.၂၉၆ | ၂၀၂၅.၈၆၉ | ၁၈၀၆၆.၁၆၅ | |||
| ၆ | မြေထောက်ပဲ | US$ | ၇.၄၄၀ | ၁၀.၆၇၄ | ၁၈.၁၁၄ | |
| ကီလို | ၇၆၇၄.၃၇၇ | ၇၄၇၃.၀၀၈ | ၁၅၁၄၇.၃၈၅ | |||
| ၇ | ထောပတ်ပဲ | US$ | ၁၁.၄၉၆ | ၅.၁၈၅ | ၁၆.၆၈၁ | |
| ကီလို | ၁၁၇၁၀.၁၆၈ | ၄၈၅၇.၆၅၆ | ၁၆၅၆၇.၈၂၄ | |||
| ၈ | ပဲယင်း | US$ | ၈.၇၄၉ | ၁၃.၂၅၃ | ၂၂.၀၀၂ | |
| ကီလို | ၁၂၀၇၉.၇၇၉ | ၁၆၁၂၈.၇၃၈ | ၂၈၂၀၈.၅၁၇ | |||
| ၉ | ပဲကြီး | US$ | ၁.၈၁၆ | ၀.၅၁၈ | ၂.၃၃၄ | |
| ကီလို | ၁၇၇၀.၄၆၆ | ၅၁၆.၅၀၀ | ၂၂၈၆.၉၆၆ | |||
| ၁၀ | ပဲကတ္တီပါ(စွန်တာနီ) | US$ | ၀.၈၇၀ | ၀.၈၇၀ | ||
| ကီလို | ၁၃၇၃.၀၂၀ | ၁၃၇၃.၀၂၀ | ||||
| ၁၁ | စွန်တာပြာ | US$ | ၀.၃၈၁ | ၁.၃၈၈ | ၁.၇၆၉ | |
| ကီလို | ၅၉၁.၀၀၀ | ၂၃၁၁.၀၀၀ | ၂၉၀၂.၀၀၀ | |||
| ၁၂ | ပဲကတ္တီပါ(စွန်တာနီ/ပြာ) | US$ | ၀.၁၁၇ | ၀.၁၁၇ | ||
| ကီလို | ၂၀၀.၅၀၀ | ၂၀၀.၅၀၀ | ||||
| ၁၃ | ပဲဖြူလေး | US$ | ၀.၀၀၀ | ၀.၀၀၀ | ၀.၀၀၀ | |
| ကီလို | ၀.၀၀၀ | ၀.၀၀၀ | ၀.၀၀၀ | |||
| ၁၄ | ဘိုကိတ်ပဲ | US$ | ၀.၈၄၁ | ၀.၀၀၀ | ၀.၈၄၁ | |
| ကီလို | ၁၃၀၇.၇၅၅ | ၀.၀၀၀ | ၁၃၀၇.၇၅၅ | |||
| ၁၅ | ပဲပုတ်စေ့ | US$ | ၀.၀၀၄ | ၀.၀၀၀ | ၀.၀၀၄ | |
| ကီလို | ၄.၇၄၀ | ၀.၀၀၀ | ၄.၇၄၀ | |||
| ၁၆ | ပဲနီကြား | US$ | ၀.၆၀၉ | ၀.၆၀၉ | ||
| ကီလို | ၁၁၉၄.၉၈၀ | ၁၁၉၄.၉၈၀ | ||||
| ၁၇ | နိုင်လွန်ပဲ | US$ | ၀.၇၄၉ | ၀.၇၄၉ | ||
| ကီလို | ၁၀၃၅.၅၀၀ | ၁၀၃၅.၅၀၀ | ||||
| ၁၈ | မြေပဲဆံ | US$ | ၀.၂၃၀ | ၁၃.၃၈၉ | ၁၃.၆၁၉ | |
| ကီလို | ၁၅၅.၀၀၀ | ၈၆၇၂.၀၂၂ | ၈၈၂၇.၀၂၂ | |||
| ၁၉ | အခြားပဲ | US$ | ၀.၀၀၆ | ၀.၁၀၂ | ၀.၁၀၈ | |
| ကီလို | ၅.၂၄၁ | ၁၆၈.၄၀၀ | ၁၇၃.၆၄၁ | |||
| ပဲတင်ပို့မှုစုစုပေါင်း | US$ | ၃၆၂.၃၉၀ | ၇၇.၀၇၉ | ၄၃၉.၄၆၉ | ||
| ကီလို | ၄၆၂၈၉၄.၉၇၁ | ၈၈၉၀၇.၉၉၄ | ၅၅၁၈၀၂.၉၆၅ | |||
| Source: Customs | ||||||
