မြန်မာ-ထိုင်းနယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ သြဂုတ် ၁၂ ရက် မှ ၁၈ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၄ ဒသမ ၈၂၇ သန်းတန်ဖိုးရှိ ရေထွက်ကုန် ၅၂၃၂ တန်ကို တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ် က ၃၈၂၈ တန် တင်ပို့ခဲ့တဲ့အတွက် ယခု တစ်ပတ်မှာ ၁၄၀၄ တန်ပိုမိုတင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ယခုတစ်ပတ်မှာ မြဝတီကုန်သွယ်ရေးဇုန်၊ ကော့သောင်း ကုန်သွယ်ရေးစခန်း၊ မြိတ် ကုန်သွယ် ရေးစခန်း သုံးခုလုံးမှ ရေထွက် ကုန်များ ပိုမိုတင်ပို့ခဲ့တဲ့အတွက် ယခုလိုပိုမိုရခြင်း ဖြစ်ပါတယ်။ စခန်းအလိုက် တင်ပို့မှုကို ကြည့်ပါက မြဝတီကုန်သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၅၇ သန်း တန်ဖိုးရှိ ငါးမျိုးစုံ ၊
ကုန်သွယ်ရေးစခန်းများမှ သြဂုတ်လ ၁၂ ရက်မှ ၁၈ ရက်ထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၃ ဒသမ ၉၅၉ သန်းတန်ဖိုးရှိ ဆိုင်ကယ် ၇၈၀၉ စီးကို တင်သွင်းခဲ့ ပါတယ်။ယခင်တစ်ပတ်က ၁၀၇၃၅ စီး တင်သွင်းခဲ့တဲ့ အတွက် ယခုတစ်ပတ်မှာ ၂၉၂၆ စီးလျော့နည်းခဲ့တယ်လို့ သိရပါ တယ်။ ယခုတစ်ပတ်မှာ တမူးကုန်သွယ်ရေးစခန်းမှ ဆိုင်ကယ်အနည်းငယ်သာ တင်သွင်းမှု ပိုမိုခဲ့ပေမယ့် အခြားကုန်သွယ်ရေး စခန်းများမှ တင်သွင်းမှုကျဆင်းခဲ့ တဲ့အတွက် ယခုလို လျော့နည်းရခြင်းဖြစ်ပါတယ်။
မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှတစ်ဆင့် သြဂုတ် ၁၂ ရက်မှ ၁၈ ရက်အထိ သီတင်း ပတ်အတွင်း တရုတ်နိုင်ငံသို့ အမေရိကန်ဒေါ်လာ ၅၂၈၀၀တန်ဖိုးရှိ ငွေချည်-၆ ဝါ ၂၄ တန်နဲ့ အမေရိကန်ေ ဒါ်လာ ၁၄၀၀၀ တန်ဖိုးရှိ ပိုးအိမ် လေးတန်တင်ပို့ခဲ့ရာ ယခင်တစ်ပတ်က ဝါဂွမ်း ၇၉ တန်နဲ့ ပိုးအိမ်လေးတန် တင်ပို့မှုနဲ့ နှိုင်းယှဉ်ပါကဝါတင်ပို့မှု ၅၅ တန် လျော့နည်းပြီး ပိုးအိမ် တင်ပို့မှုမှာ ပုံမှန် ရှိကြောင်း သိရပါတယ်။ မူဆယ်မှာ ဝါဂွမ်းတစ်တန်ကို လိုင်စင်ဈေး အမေရိကန် ဒေါ်လာ ၂၂၀၀ ရှိပြီး ပိုးအိမ်တစ်တန်ကိုအမေရိကန်ဒေါ်လာ ၃၅၀၀ ရှိတယ်လို့ သိရ ပါတယ်။
ပြည်ကြက်သွန်ဖြူ(ပွဲရုံ)များတွင် ကြက်သွန်ဖြူအိတ်တွေ ရှမ်းလိုင်းရော တရုတ်လိုင်းပါ နေ့စဉ်ပုံမှန်ဝင်ရောက်လျက် ရှိနေပါတယ်။ ဈေးနှုန်းများမှာလည်း အနည်းငယ်စီဆက်၍ ကျဆင်းလာတာကြောင့် ပြည်မြို့နယ်တွင်းစားသုံး သူရော သုံးစွဲသူပါဈေးနှုန်းအကြိုက် ဖြစ်နေပါတယ်။ ယခုတစ်ပတ်ပြည်ကြက်သွန်ဖြူ တစ်ပိဿာလျှင် (ပွဲရုံဈေး) ရှမ်းစ လတ် ကျပ် ၃၂၀၀၊ ကြူကုတ်စ ကျပ် ၂၀၅၀ဈေးထိကျလာတာတွေ့ရပါတယ်။ ဒေသတွင်းလက်လီအရောင်းဈေး များတွင် တစ် ပိဿာလျှင် ရှမ်းစ ကျပ် ၃၆၀၀ နှင့် ကြူကုတ်စ ကျပ် ၂၄၅၀ ဖြင့်ရောင်းချ လျက်ရှိနေပါတယ်။ ယခုတစ်ပတ် ဒေသတွင်း အရောင်းအဝယ်နည်းနေပြီး ဒေသခြားအရောင်းအဝယ်သာရှိနေတာကြောင့် ရေ
ဒီတစ်ပတ်အောင်ပန်းဈေးကွက်မှာတော့ ချင်းလက်ကျန်နည်းနေပေမယ့် အဝင်ရှိနေပါတယ်။ ကလောမြို့နယ်၊ ဟဲဟိုးမြို့နယ်၊ ပင်လောင်းမြို့နယ်၊ ပင်းတယ မြို့နယ်တွေကထွက်တဲ့ ချင်းတွေကတော့ နည်းနည်းစီအဝင် ရှိနေပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်က စစ်တွေဝယ်လက်အနည်းငယ်ရှိတာကြောင့် အောင်ပန်းဈေးကွက်မှာ ချင်းအရောင်းအဝယ်သွက်ခဲ့ပြီး တစ်ပတ်အတွင်းကုန်ချိန်သိန်းဂဏန်းနီးပါးအရောင်း အဝယ်ဖြစ်ခဲ့ပါတယ်။ လောလောဆယ် မှာ ဈေးပတ်သမားတွေသာအဆွဲရှိပြီး မိတ္ထီလာ၊ တောင်သာ၊ မကွေးဘက်မှ အဝယ်ရှိလို့ ငါးရက်တစ်ဈေးကို ကုန်ချိန်တစ် သောင်းရှစ်ထောင်ခန့် အရောင်းအဝယ်ဖြစ်နေပါတယ်။ ချင်းစိုတစ်ပိဿာကိုကျပ် ၃၀၀မှ ကျပ်
မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ်(၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ သြဂုတ် ၁၂ ရက်မှ ၁၈ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန် ဒေါ်လာ ၁၆၆၄၀ တန်ဖိုးရှိ ကြက်သွန်နီ ၃၂တန်ကို တရုတ်နိုင်ငံသို့လည်းကောင်း၊ မြန်မာ-ထိုင်း နယ်စပ်ရှိ မြဝတီကုန်သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ ၄၆၈၀ တန်ဖိုးရှိ ကြက်သွန်နီခြောက်တန်နဲ့ တာချီလိတ်ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၁၄၃၇၅ တန်ဖိုးရှိ ကြက်သွန်နီ၂၅တန်ကို ထိုင်းနိုင်ငံသို့လည်းကောင်း အသီးသီးတင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်က မူဆယ်မှ ကြက်သွန်နီ ၄ တန်၊ မြဝတီမှ ကြက်သွန်နီတန် ၃၀ ကို တရုတ် နိုင်ငံနဲ့ထိုင်းနိုင်ငံသို့တင်ပို့ခဲ့တယ်လို့သိရပါတယ်။ ဘု
သြဂုတ်လ ၁၃ ရက်မှ ၁၉ ရက် အထိ သီတင်းပတ်အတွင်း မန်ကျည်း တန် ၅၀ကို ထိုင်းနိုင်ငံသို့ ပင်လယ်ရေ ကြောင်းကုန်သွယ်မှုလမ်းမှ တင်ပို့ခဲ့ပါ တယ်။ ယခင်သီတင်းပတ်က တင်ပို့ခဲ့ တဲ့ မန်ကျည်း ၁၂၂ တန်နဲ့နှိုင်းယှဉ်ရင် ဒီတစ်ပတ်မှာ တန်ချိန် ၇၀ ကျော် တင်ပို့ မှု လျော့နည်းတယ်လို့ သိရပါတယ်။ ဒီတစ်ပတ် မန်ကျည်းတင်ပို့မှုမှ အမေ ရိကန်ဒေါ်လာ ၁၄၂၅၀ ဝင်ငွေရရှိခဲ့ တယ်လို့သိရပါတယ်။
သီတာဝင်း(DOT)
မြန်မာ-တရုတ်နယ်စပ်နဲ့ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ရှိ ကုန်သွယ်ရေးစခန်းများမှ သြဂုတ် ၁၂ ရက်မှ ၁၈ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ သုည ဒသမ ၁၉၂ သန်းတန်ဖိုးရှိ ဆန်နဲ့ကောက်ညှင်းဆန် ၂၄၅၁၇ တန်တင်ပို့ခဲ့ ပါတယ်။ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင် ကုန်သွယ် ရေးဇုန်မှငစိန်ဆန် ၆၉၆၆ တန်၊ ဧည့်မထဆန် ၁၂၆၀၅တန် ကျော်နဲ့ ကောက်ညှင်းဆန်တန်ချိန် ၂၀၊ ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းမှ ငစိန် ဆန် ၆၇ တန်၊ လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ ငစိန်ဆန် ၄၁၇၈ တန်ကျော်နဲ့ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ စစ်တွေကုန်သွယ်ရေးစခန်းမှ ဧည့်မထဆန် ၉၅ တန်၊ မောင်တောကုန်သွယ်ရေးစ
သြဂုတ် ၅ ရက်မှ ၁၁ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ တစ်သန်းတန်ဖိုးရှိ ရော်ဘာအဆင့်စုံ ၈၅၅ တန်ကျော်ကို ကုန်သွယ်ရေးစခန်းများမှတင်ပို့ခဲ့ရာ မြန်မာ-တရုတ်နယ်စပ်ရှိ ကုန်သွယ်ရေး စခန်းများဖြစ်ေ သာ မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မှ RSS 3 အမျိုးအစား ၆၄ တန်၊ RSS 5 အမျိုးအစား ၂၄၃ တန်နဲ့ MSR 20 ၇၅ တန်ကျော်၊ ချင်းရွှေဟော်ကုန်သွယ်ရေး စခန်းမှ RSS3 အမျိုးအစား ၅၂ တန်၊ RSS 5 အမျိုးအစား ၂၂၁ တန်တင်ပို့ခဲ့ပြီး မြန်မာ-ထိုင်းနယ်စပ်ရှိ တာချီလိတ် ကုန်သွယ်ရေးစခန်းမှ ရော်ဘာစေးတန် ချိန် ၂၀၀ တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်တင်ပို့မှုနဲ့ နှိုင်းယှဉ် ပါက ယခင်တစ်ပတ်က ရော်ဘာမျိုးစုံ ၁
ပြည်တွင်းထွက် သစ်သီးဝလံများကို တရုတ်နိုင်ငံသို့ အများဆုံး တင်ပို့နေရပြီး လက်ရှိတွင် တရုတ်နိုင်ငံမှ မြန်မာ့ နာနတ်သီးများကို အများအပြား ဝယ်ယူလျက် ရှိနေပါတယ်။ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင် ကုန် သွယ်ရေး ဇုန်မှ အမေရိကန်ဒေါ်လာ ၁၇၄၉၆ တန်ဖိုးရှိ နာနတ်သီး ၂၁၆ တန်ကိုလည်းကောင်း၊ ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ အမေရိကန် ဒေါ်လာ ၅၀၂၂ တန်ဖိုးရှိ နာနတ်သီး ၆၂ တန်ကို လည်းကောင်း သြဂုတ်လ ၅ ရက် မှ ၁၁ ရက်အတွင်း တရုတ် နိုင်ငံသို့ တင်ပို့ခဲ့တယ်လို့ သိရပါတယ်။