တရုတ်၊ ထိုင်းနဲ့ အိန္ဒိယနယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ စက်တင် ဘာ ၁၆ ရက်မှ ၂၂ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၂ ဒသမ ၈၅၁သန်းတန်ဖိုးရှိ ဆိုင်ကယ်မျိုးစုံ ၉၆၇၆ စီးကိုတင်သွင်းခဲ့ပါတယ်။ ယခင်တစ်ပတ်က ၇၉၉၂ စီးတင်သွင်းခဲ့တဲ့အတွက်ယခုတစ်ပတ်မှာ ၁၆၈၄စီး ပိုမို တင်သွင်းခဲ့ပါတယ်။ ယခုတစ်ပတ်မှာ မြဝတီကုန်သွယ်ရေးဇုန်၊ ကန်ပိုက် တီကုန်သွယ်ရေးစခန်းနဲ့ တမူးကုန်သွယ်ရေးစခန်းများမှ ဆိုင်ကယ်များ လျော့နည်းတင်သွင်းခဲ့ပေမယ့် မူဆယ်ကုန်သွယ်ရေးဇုန်မှ ဆိုင်ကယ်များပိုမို တင်သွင်းခဲ့တဲ့အတွက် ယခုလိုပိုမိုရခြင်းဖြစ်တယ်လို့ သိရပါတယ်။
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်နဲ့ ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းမှ စက်တင်ဘာ ၁၆ ရက်မှ ၂၂ ရက်အထိ ရက်သတ္တပတ်အတွင်း အမေရိကန်ဒေါ်လာ ၁၆၂၆၅ တန်ဖိုးရှိ လက်ဖက်ခြောက် ၅၂ တန်ကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။ စခန်းအလိုက် တင်ပို့မှုမှာ မူဆယ်မှ ၄၁ တန်နဲ့ ချင်းရွှေဟော်မှ ၁၁ တန်ဖြစ်ပါတယ်။ ယခင်ရက်သတ္တပတ်က ချင်းရွှေဟော်မှ လက်ဖက်ခြောက် တင်ပို့မှု မရှိဘဲ မူဆယ်မှ ၂၆ တန်ကျော် တင်ပို့ ခဲ့ပါတယ်။ မြန်မာလက်ဖက်ခြောက် ွမနနည ွှနေ ကိုထိုင်း၊ တရုတ်နဲ့ ဂျပန်တို့တွင်ပြုလုပ်ခဲ့ သည့်ကုန်စည်ပြပွဲများတွင် သွားရောက်ပြသခဲ့ရာ အားပေးမှုများ ရရှိခဲ့ကြောင်း၊ မြန်မာ့ လက်ဖက်စိုက
မြန်မာ-အိန္ဒိယနယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ စက်တင်ဘာ ၁၆ ရက်မှ ၂၂ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ သုည ဒသမ ၄၁၄ သန်း တန်ဖိုးရှိ ကွမ်းသီး၄၉၂ တန်ကိုတင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ် က ၆၉၂ တန်တင်ပို့ ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ တန် ၂၀၀ လျော့နည်းခဲ့တယ်လို့သိရပါတယ်။ တင်ပို့မှုကိုကြည့်ပါက တမူးကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ သုည ဒသမ၁၈၅သန်းတန်ဖိုးရှိကွမ်းသီး၂၀၉ တန်၊ ရိဒ်ကုန် သွယ်ရေးစခန်းမှ အမေရိကန် ဒေါ်လာ သုည ဒသမ ၂၂၉ သန်းတန်ဖိုးရှိ ကွမ်းသီး ၂၈၃တန်ကို တင်ပို့ခဲ့ပါတယ်။
မလေးရှား စားအုန်းဆီ ကြိုရောင်းကြိုဝယ်ဈေးများသည် တစ်လအတွင်း ၁ ဒသမ ၇ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း စတားအွန်လိုင်းသတင်းတွင် ဖော်ပြထားသည်။ ချီကာဂိုကုန်သွယ်ရေးဘုတ်အဖွဲ့တွင် ပဲပုပ်ဆီဈေးနှုန်း များ ကျဆင်းနေခြင်း၊ စားအုန်းဆီကို အများဆုံးစားသုံးလျက်ရှိသည့် တရုတ်နှင့်အိန္ဒိယတို့မှ တင်သွင်းမှု အားနည်းသွားခြင်းတို့သည် စားအုန်းဆီဈေး ကျဆင်းမှုနှင့် ဆက်စပ်လျက်ရှိသည်။ ဘာဆာမလေးရှား ကုန်စည်ဒိုင်တွင် ဒီဇင်ဘာ လ အတွက် စားအုန်းဆီစံထားဈေးနှုန်းသည် ၁ ဒသမ ၇ ရာခိုင် နှုန်းကျဆင်းကာ ၂၆၉၁ ရင်းဂစ်(အမေရိ ကန်ဒေါ်လာ ၆၄၀ ဒသမ ၄၁)နှုန်းသာရှိခဲ့သည်။ သြဂုတ်လ ၂၁ရက်ကတည်း က ကျဆင်းခဲ့သည့် စားအု
မြန်မာ-တရုတ်နယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများနဲ့ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ စစ်တွေကုန်သွယ်ရေးစခန်းမှ စက်တင်ဘာ၁၆ရက်မှ ၂၂ ရက်အထိ သီတင်းတစ်ပတ်အတွင်း အမေရိကန်ဒေါ်လာ ၇ ဒသမ ၃၅၄သန်းတန် ဖိုးရှိ ငစိန်ဆန်၊ ဧည့်မထဆန်နဲ့ ကောက်ညှင်းဆန် ၂၁၁၈၉ တန် ကျော်တင် ပို့ခဲ့ပါတယ်။ ယခုတစ်ပတ်မှာ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မှ ငစိန်ဆန် တန်ချိန် ၇၀၊ ဧည့်မထ ဆန် ၁၈၈၅၃တန်ကျော်နဲ့ေ ကာက်ညှင်းဆန် ၅၉ တန်၊ ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ ငစိန်ဆန် ၁၆၉ တန်၊ လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ ဧည့်မထဆန် ၁၈၈၃ တန်ကျော်တင်ပို့ခဲ့ပြီး မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ စစ်တွေကုန်
မလေးရှားစားအုန်းဆီဈေးများသည် ခြောက်လတာ အတွင်း အမြင့်ဆုံးဈေးသို့ ရောက်ရှိခဲ့ကြောင်း စတားအွန် လိုင်းသတင်းတွင် ဖော်ပြထားသည်။ မလေးရှားစားအုန်းဆီ ကြိုရောင်းကြိုဝယ်ဈေးများသည် ခြောက်လအတွင်း သုံးကြိမ် မြောက်အဖြစ် ဆက်တိုက်ဈေးမြင့်တက်လာခြင်းဖြစ်သည်။ဘာဆာမလေးရှားကုန်စည်ဒိုင်တွင် နိုဝင်ဘာလအတွက် စာချုပ်ချုပ်ဆိုဝယ်ယူခဲ့သည့် စားအုန်းဆီစံထားဈေးနှုန်း များမှာ ၁ ဒသမ ၅၆ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ၂၈၇၃ ရင်းဂစ် (အမေရိကန်ဒေါ်လာ ၆၈၅ ဒသမ ၆၈)ရှိခဲ့သည်။
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်၊ ချင်းရွှေဟော်နဲ့ ကန်ပိုက်တီနယ် စပ်စခန်း သုံးခုမှ စက်တင်ဘာ ၉ ရက်မှ ၁၅ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၂၆၇ သန်းတန်ဖိုးရှိ ျွန-နထစသမအ သကြား ၂၃၄၈၉ တန်ကျော်ကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ရာ ယခင်တစ်ပတ်က တင်ပို့ ခဲ့တဲ့ ၁၇၀၉၂ တန်ကျော်နဲ့ နှိုင်းယှဉ်ပါက ၆၃၉၇ တန်ပိုမိုခဲ့တာ တွေ့ရပါတယ်။ စခန်းအလိုက် တင်ပို့မှုမှာ မူဆယ်မှ ၂၀၁၆၆ တန်ကျော်၊ ချင်းရွှေဟော်မှ ၃၂၁၃ တန်နဲ့ ကန်ပိုက်တီမှ တန် ၁၁၀ ဖြစ်ပါတယ်။ မူဆယ်ကုန်စည်ဒိုင်မှာ ယခုသီတင်းပတ်အတွင်း သကြားတစ် တန်လျှင် ကျပ် ၇၃၄၄၀၀ ဈေးရှိပြီး တစ်ဖက်နိုင်ငံဝယ်ဈေးမှာ ယွမ် ၃၆၀၀ ရှိတယ် လို့ သိရပါတယ်။
မြန်မာနိုင်ငံတွင် စက်မှုသီးနှံဖြစ်တဲ့ ကော်ဖီကို အဓိကသီးနှံအနေနဲ့ စိုက်ပျိုးခြင်းမရှိသေးသော်လည်း နိုင်ငံတကာကော်ဖီပြပွဲများတွင် အထူး တန်းဝင်တဲ့ မြန်မာ့ကော်ဖီကို ထုတ်လုပ်မှုအရည်အသွေး မြှင့်တင်ပြီး ဝင်ရောက်ပြသ ခဲ့သည့်နောက်ပိုင်း နိုင်ငံခြားဈေးကွက်မှ မြန်မာ့ကော်ဖီကို ဝယ်ယူရန် စိတ်ဝင်စားမှုမြင့်တက်လာခဲ့ကြောင်း၊ အာရေဗီးကားနဲ့ ရိုဘတ် စတာ ကော်ဖီအမျိုးအစားများကို အဓိကစိုက်ပျိုးကြကြောင်း၊ ရွာငံဒေသ ထွက်ကော်ဖီကို အမေရိကန်ပြည်ထောင်စုသို့ ပို့ဆောင်ရန် နိုင်ငံတကာစံနှုန်း များအတိုင်း မြည်းစမ်းလေ့လာမှုပြုလုပ်ခဲ့ရာ အရည်အသွေး၊ အရောင်၊ အနံ့၊ အရသာအပေါ်မူတည်ပြီး အထူးတန်း
ဒီတစ်ပတ်မှာတော့ မိုးကလည်း ကောင်းနေတာရယ် အဓိကဝယ်လက် တွေဖြစ်တဲ့ တောင်ကုတ်၊ စစ်တွေဝယ် လက်တွေကလည်း အကြောင်းအမျိုးမျိုး ကြောင့် ဝယ်ယူမှုနည်းပါးလာပြီး ပြည် တွင်းသုံးဝယ်လက်တွေသာ ထိုးချင်း^ ဓားလှီး ချင်းအတွက် ဝယ်ယူနေတယ်လို့ လည်သိရပါတယ်။ဒီနှစ်မှာ အရင်နှစ်ကထက် အရောင်းအေးနေတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့လကတော့ တောင်ကုတ် ဝယ် လက်တွေက ချင်းပိဿာချိန်သောင်းချီ ပြီး ဝယ်ယူခဲ့ပေမယ့် ဒီတစ်လမှာတော့ ဒေသအနှံ့အပြားမှာ ရေကြီးနေတာ ကြောင့်လမ်းပန်းဆက်သွယ်ရေးခက်ခဲ လို့ ဝယ်ယူမှုနားသွားတယ်လို့ အောင်ပန်း၊ ဟိုပုံးဈေးကွက်တွေက သိရှိရပါတယ်။ လောလောဆယ်မှာ ပြည်တွင်းနဲ့ဒေသ တွင်းက စားသုံးဖို့အတွက် လက်လီဝယ် ယူမ
မုံရွာကုန်စည်ဒိုင်သို့ ဆီထွက် သီးနှံဖြစ်သော နှမ်းများ နေ့စဉ် အိတ် ၈၀၀- ၉၀၀ ခန့် ဝင်ရောက်လျက်ရှိပြီး နှမ်းနက်ကတော့ ဈေးအနည်းငယ်ကျ၍ အရောင်းအဝယ်လည်း အနည်းငယ် အေးလျက်ရှိကြောင်း သိရပါတယ်။ နှမ်းဖြူနှင့် နှမ်းညိုမှာ ဈေးငြိမ်လျက်ရှိပြီး ဒေသတွင်း အဝယ်ရှိလို့ အရောင်း အဝယ် ပုံမှန်ဖြစ်လျက်ရှိကြောင်း သိရ ပါတယ်။ ယခုတစ်ပတ် နှမ်းသီးနှံပေါက် ဈေးနှုန်းကတော့ နှမ်းဖြူတစ်ပိဿာ ကျပ် ၂၄၀၀ နဲ့ အိတ် ၁၀၀ ခန့်၊ နှမ်းညို တစ်ပိဿာ ၁၈၆၇ ကျပ်နဲ့ အိတ်၂၀၀ ခန့်၊ နှမ်းနက်တစ်ပိဿာ ၂၅၃၃ ကျပ် မှ ၂၂၆၇ ကျပ် နှုန်းနဲ့ အိတ်၃၀၀ခန့် အသီး သီး အရောင်းအဝယ် &