admin_ygn

        ပြည်ပဲမျိုးစုံဈေးကွက်အတွင်းသို့ ယခုတစ်ပတ်မှာ ဆောင်းပဲသစ်အနည်းငယ် ဝင်ရောက်လာခဲ့တာကို တွေ့ရပါတယ်။ ပဲဟောင်းများကတော့ နေ့စဉ်ပုံမှန်အဝင်ရှိခဲ့ကြသလို မန္တလေးလိုင်းသမား ပုံမှန်ဝယ်ယူလျက်ရှိတာကြောင့် အိတ် ၂၀၀ ကျော် အရောင်းအဝယ်ဖြစ်ခဲ့ကာ ပဲဈေးမှာ တစ်တင်းကျပ် ၂၇၀၀၀ ဖြင့် ဈေးအနည်းငယ်လျော့သွားခဲ့ကြောင်းသိရပါ တယ်။ ယခင်နှစ်က ကာလတူက ပဲတီစိမ်းသီးနှံဈေးမှာ တစ်တင်းကျပ် ၂၄၅၀၀ သာရရှိသည့်အတွက် ယခုနှစ်ပဲတီစိမ်း သီးနှံဈေး ယခင်နှစ်ထက် ဈေးပိုရနေပြီး ဆောင်းပဲသစ်ပေါ်ချိန်မှာတော့ ပဲတီစိမ်းဈေး ယခင်နှစ်ထက် ဈေးပိုရလာမလား စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

 

admin_ygn

         မြန်မာ-တရုတ်နယ်စပ်နဲ့မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ရှိ ကုန်သွယ်ရေးစခန်းများမှ အောက်တိုဘာ ၁၄ ရက် မှ ၂၄ ရက်အထိ သီတင်းပတ်အတွင်းအမေရိကန်ဒေါ်လာ ၇ ဒသမ ၃၉၃သန်းတန်ဖိုးရှိ ဆန်နဲ့ကောက်ညှင်း ဆန်၂၀၅၅၅တန် နီးပါးတင်ပို့ခဲ့ပါတယ်။ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ  ဧည့်မထဆန် ၁၇၆၉၂ တန်ခန့်နဲ့ ကောက်ညှင်းဆန်တန်၁၀၀၊ ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း မှ ငစိန်ဆန် ၈၂ တန်နီး ပါးနဲ့ လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ ငစိန်ဆန်၁၉၃၇တန်တင်ပို့ခဲ့ပါတယ်။ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ စစ်တွေကုန်သွယ်ရေးစခန်းမှ ငစိန်ဆန် ၅၀၅ တန် နဲ့ မောင်တောကုန်သွယ်ရေးစခန်းမှ ဧ

admin_ygn

မလေးရှားစားအုန်းဆီ ကြိုရောင်းကြိုဝယ်ဈေးများသည် ဈေးကွက်အတွင်း ဝယ်လိုအား ကျဆင်းလာမှုကြောင့်အောက် တိုဘာ ၁၇ ရက်က ဈေးများ ပြန်လည်ကျဆင်းလာခဲ့ကြောင်း၊ အောက်တိုဘာ ၁၈ ရက်သည် ဒီပါဝလီနေ့ဖြစ် ၍ ဈေးကွက် ပိတ်ရက်ဖြစ်ကြောင်း၊ ဈေးကွက်ပိတ်ရက်မတိုင်ခင်ကတည်း က ဝယ်လိုအားများကျဆင်းခဲ့သဖြင့် ကြိုရောင်းကြိုဝယ်ဈေး များ ကျဆင်းခဲ့ရခြင်းဖြစ်ကြောင်း စတားအွန်လိုင်းသတင်း တွင် ဖော်ပြထားသည်။

admin_ygn

အောက်တိုဘာ ၇ ရက်မှ ၁၃ ရက်အထိ သီတင်းပတ်အတွင်း မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်၊ လွယ်ဂျယ်နဲ့ တာချီ လိတ်ကုန်သွယ်ရေးစခန်းများမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၈၃၂ သန်းတန်ဖိုးရှိ ရော်ဘာ ၇၁၆ တန်ခန့် တင်ပို့ခဲ့ပါတယ်။ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မRSS 3  အမျိုးအစား ၂၄၃ တန်ကျော်၊RSS 5အမျိုးအစား ၃၃၆ တန်ခန့်နဲ့ MSR 20အမျိုးအစား ၆၉ တန်ကျော်၊ လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမRSS 3  အမျိုးအစားရှစ်တန်နဲ့ Crepe Rubber ၁၀ တန်၊ တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ရော်ဘာစေးတန်ချိန် ၅၀ တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်က အဆိုပါစခန်းများမှ ရော်ဘာ ၄၆၁ တန်ကျော် တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ ၂၅၅ တန်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ယခု

admin_ygn

     အောက်တိုဘာလ တတိယပတ် ရန်ကုန်မြို့ကားဈေး ကွက်အခြေအနေမှာ ယခင်ရက်သတ္တပတ်များထက် ထူးထူး ခြားခြား ကောင်းမွန်လာပြီး အဝယ်သမားများလာကာ  အရောင်းသမားများမှာ ဈေးစောင့်ဆိုင်းရောင်းချမှု များ ရှိလာကြောင်း သိရသည်။ အောက်တိုဘာ ၁၆ ရက်တွင် ကားလောကသားများ စောင့်ဆိုင်းနေကြသော ၂၀၁၈ ခုနှစ် မော်တော်ယာဉ်တင်သွင်း ခွင့်မူဝါဒထွက်ရှိလာသဖြင့် မထုတ်ပြန်မီ အနည်းငယ်အဝယ် လိုက်နေသော ကားဈေးကွက်မှာ ကြေညာချက်ထုတ်ပြန်ပြီး နောက်ပိုင်းမှစတင်၍ ညာမောင်းကားလေးများ နည်းတူ စလစ်ကပ်ကားများလည်း ဈေးမာလာပြီး စလစ်ဈေးများ လည်း ၁၀ သိန်းကျော်ကျော် ထပ်မံမြင့်တက်သွားကြောင်း သိရ သည်။

admin_ygn

      စက်တင်ဘာ ၁  ရက်မှ  ၂၃ ရက်အထိ  သီတင်းပတ်အတွင်း အမေရိကန် ဒေါ်လာ ၁၇၉၆၃၇၀ တန်ဖိုးရှိ ဘိလပ်မြေ ၃၀၂၉၂ ဒသမ ၃၆၉ တန်ကို ပင်လယ် ရေကြောင်းကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့  နိုင်ငံနဲ့ တန်ချိန် မှာ ထိုင်းနိုင်ငံမှ ၂၃၂ ဒသမ ၆၀ တန်၊ မလေးရှားနိုင်ငံမှ ၁၅၇၈၇ ဒသမ ၄၃၂ တန်၊ ဗီယက်နမ်နိုင်ငံမှ ၁၄၀၀၂ တန်၊ အီရန်နိုင်ငံမှ၂၇၀ ဒသမ ၃၃၇ တန် တင်သွင်းခဲ့တယ် လို့ သိရပါတယ်။  တင်သွင်းခဲ့တဲ့ တံဆိပ် များမှာ အေအေဘိလပ်မြေ၊ အက်စ်စီဂျီ ဘိလပ်မြေ၊ စိန်တံဆိပ်ဘိလပ်မြေ ၊ ဆင်တံဆိပ်နဲ့ အခြားတံဆိပ်များ ဖြစ်တယ်လို့ သိရပါတယ်။ စက်တင်ဘာ ၂၃ ရက်မှ ၂၉ ရက်သီတင်းပတ်အတွင်း နယ

admin_ygn

      စက်တင်ဘာ ၂၃ရက်မှ ၂၉ရက်အထိ ရက်သတ္တပတ်အတွင်း မြန်မာ-ဘင်္ဂလား ဒေ့ရှ်နယ်စပ်ရှိ စစ်တွေကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၁၉၀၀၀တန်ဖိုးရှိ ချင်းစို ၂၅တန်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။ ယခင် တစ်ပတ်က စစ်တွေ မှ ချင်းတင်ပို့မှုမရှိခဲ့တာ တွေ့ရပါတယ်။ စက်တင်ဘာလတစ်လလုံးမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့  စစ်တွေမှတစ်ဆင့် ချင်းစို ၅၁တန် တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ စစ်တွေမှာ ချင်းစိုတစ် တန်ကို မိမိ ဘက်ပေါက်ေ ဈးမှာ(ငွေလဲနှုန်းအရ) ၁၀၂၉၃၄၄ ကျပ်ရှိပြီး ယခင်နှစ်ကာလတူက ကျပ် ၉၂၁၈၈၀ဈေးရှိခဲ့တယ်လို့ သိရပါတယ်။

 

မော်မော်အောင်

admin_ygn

      ယခုတစ်ပတ် ပြည်ဈေးကွက်တွင် နှမ်းနက်နှင့် စမုံနှမ်းနက်မှာ ယခင် တစ်ပတ်အတိုင်း ဈေးငြိမ်နေသော်လည်း နှမ်းနီမှာ ဈေးအနည်းငယ်ကျလာ တာ တွေ့ရပါတယ်။ မြန်အောင်၊ ကြံခင်း နှင့် နတ်တလင်းဘက်ရှိ တာပွန်ရွာ  မှ တစ်နေ့လျှင် နှမ်းအိတ် ၅၀၀ ခန့်သာ ဝင်ရောက်နေတာ တွေ့ရပါတယ်။ နှမ်း နီမှာ အဝယ်ရှိပေမယ့် ပစ္စည်းလက်ကျန် နည်းလာလို့ ဈေးပါကျလာတာ တွေ့ ရပါတယ်။

admin_ygn

      မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်နဲ့ ကန်ပိုက်တီ စခန်းစုံမှ စက်တင်ဘာ ၁၆ ရက်မှ ၂၂ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန် ဒေါ်လာ ၃ ဒသမ ၃၀၈ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၁၄၃၅၆ တန်ကို တရုတ်နိုင်ငံ သို့ တင်ပို့ခဲ့ပါတယ်။ စခန်းအလိုက်တင်ပို့မှုမှာ မူဆယ်မှ တန် ၁၂၂၀၀၊ လွယ်ဂျယ် မှ ၁၆၇၅ တန်၊ ချင်းရွှေဟော်မှ ၂၂၃ တန်ခွဲနဲ့ ကန်ပိုက်တီမှ ၂၂၃ တန်ခွဲဖြစ်ပါတယ်။ ယခင်တစ်ပတ်က အဆိုပါစခန်းများမှ ၁၀၃၇၈ တန် တင်ပို့ခဲ့လို့ ၃၉၇၇ တန်ကျော် ပိုမိုတင်ပို့ခဲ့တာ တွေ့ရပါတယ်။ မူဆယ်ကုန်စည်ဒိုင်မှာ ယခင်တစ်ပတ်က ပြောင်း တစ်တန်ကို ၃၁၇၇၁၉ ကျပ်ရှိရာမှ စက်တင်ဘာ ၁၆ ရက်မှ ၂၂ ရက် သီတင်းပတ် အတွင်း ၃၁၀၅၂၁ ကျ

admin_ygn

       မြန်မာ-ထိုင်းနယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ စက်တင်ဘာ ၁၆ ရက်မှ ၂၂ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၅ ဒသမ ၂၇၃ သန်း တန်ဖိုးရှိ ရေထွက်ကုန် ၆၀၇၉ တန်တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်က တန် ၆၂၅၀ တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ ၁၇၁ တန်လျော့နည်းခဲ့တယ်လို့ သိရပါတယ်။ ယခုတစ်ပတ်မှာ မြဝတီကုန်သွယ်ရေးဇုန်နဲ့   ကော့သောင်းကုန်သွယ်ရေးစခန်းမှ ရေထွက်ကုန် ပိုမိုတင်ပို့ခဲ့ပေမယ့် မြိတ်ကုန်သွယ်ေ ရးစခန်းမှ ရေထွက်ကုန်များ တင်ပို့မှုလျော့နည်းခဲ့တဲ့အတွက် ယခုလိုလျော့နည်းရခြင်းဖြစ်တယ်လို့ သိရပါတယ်။