admin_ygn

မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင်  ကုန်သွယ်ရေးဇုန်မှ မေ ၁၂ ရက်မှ ၁၈ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၈ ဒသမ ၈၄၀ သန်း တန်ဖိုးရှိသကြား(ရိုးရိုး) တန်ချိန် ၁၃၆၀၀ ကျော်ကို တရုတ်နိုင်ငံသို့  တင်ပို့ခဲ့ရာ ယခင်တစ်ပတ်က  တင်ပို့ခဲ့တဲ့ ၆၄၈၇ တန်ကျော်နဲ့ နှိုင်းယှဉ်ပါက ယခု တစ်ပတ် တန် ၇၀၀၀ ကျော် ပိုမိုတင်ပို့ခဲ့ပါတယ်။ အလားတူ လွယ်ဂျယ်ကုန်သွယ်ရေးစခန်း မှလည်း အမေရိကန်ဒေါ်လာ ၅၀၃၇၅ တန်ဖိုးရှိ သကြား ၇၇ တန်ခွဲကို တရုတ် နိုင်ငံသို့ တင်ပို့ခဲ့တယ်လို့ သိရပါတယ်။

admin_ygn

ရှမ်းပြည်နယ်အတွင်း အကြီးမားဆုံး ကုန်သွယ်ရေးစခန်းဖြစ်တဲ့ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ မေ ၁ ရက်မှ ၁၅ရက် အထိကျွဲ၊ နွား ၆၆၈၀ ကောင်ကို တစ်ဖက်နိုင်ငံသို့ တရားဝင်တင်ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။

admin_ygn

မြန်မာ-အိန္ဒိယနယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ ဖေဖော်ဝါရီ ၃ ရက်မှ ၉ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ သုည ဒသမ ၆၉၃ သန်း တန်ဖိုးရှိ ကွမ်းသီး ၈၁၇ တန်ကိုတင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်က တန် ၁၃၄၀ တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ ၅၂၃ တန် လျော့နည်းတင် ပို့ခဲ့တယ်လို့သိရပါတယ်။ယခုတစ်ပတ်မှာ ရိဒ်ကုန်သွယ်ရေးစခန်းရော တမူးကုန်သွယ်ရေးစခန်း ပါ ကွမ်းသီးများတင်ပို့မှု ကျဆင်းခဲ့တဲ့အတွက်ကြောင့် လျော့နည်းရခြင်းဖြစ် တယ်လို့ သိရပါတယ်။ တင်ပို့မှုကိုကြည့်ပါက ရိဒ်ကုန်သွယ်ရေးစခန်းမှ အမေ ရိကန်ဒေါ်လာ သုည ဒသမ ၄၀၆ သန်းတန်ဖိုးရှိ ကွမ်းသီး ၄၉၅ တန်နဲ့ တမူး ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၂၈၇ သန်းတန်ဖိုးရှိ ကွမ်းသီး

admin_ygn

မြန်မာ-ထိုင်း နယ်စပ်ရှိ တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ဖေဖော်ဝါရီ ၃ရက်မှ ၉ရက်အထိ ရက်သတ္တပတ်အတွင်း အမေရိကန်ဒေါ်လာ ၁၆၄၄၀ တန်ဖိုးရှိ ကော်ဖီစေ့ ၁၂ တန်ကို ထိုင်းနိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။ ယခင် တစ်ပတ်က တာချီလိတ်မှ ကော်ဖီစေ့တင်ပို့မှု မရှိခဲ့ပါဘူး။မြန်မာနိုင်ငံတွင် ကော်ဖီစိုက်ပျိုးလျက်ရှိတဲ့ ဒေသများမှာ တောင်ငူ၊ ပြင်ဦးလွင်၊ မိုးကုတ်၊ ရှမ်းပြည်နယ် ရွာငံဒေသနဲ့ ချင်းပြည်နယ်တို့ဖြစ်ကြောင်း၊ မြန်မာနိုင်ငံထွက် အထူးတန်းကော်ဖီကို ၂၀၁၆ ခုနှစ်က အမေရိကန်သို့ တင်ပို့ခဲ့ပြီး ဂျပန်၊တရုတ်(တိုင်ပေ)၊ ဆွစ်ဇာလန်နဲ့ အာရှနိုင်ငံများသို့ ကော်ဖီ ဈေးကွက် ချဲ့ထွင်နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံကော်ဖီစိုက်ပျိုးထုတ်လုပ် ရောင်း

admin_ygn

မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ တစ်ဖက်တရုတ်နိုင်ငံနယ်စပ်သို့ သစ်သီးဝလံ များ တင်ပို့ရောင်းချလျက်ရှိပြီး မြန်မာ့သခွားမွှေး များကိုလည်း တရုတ်ပြည်ရှိ   တိဘက်ဒေသ၊ ဟိုင်နန်ဒေသ၊ မကာအိုဒေသ၊ ဟောင်ကောင် ဒေသများမှအပ  ကျန်ပြည်နယ်များသို့  တင်ပို့ ရောင်းချလျက်ရှိကြောင်း သိရှိရပါတယ်။

admin_ygn

     စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီး ဌာနမှ ကုန်သွယ်မှုတိုးတက်စေရန်ရည်ရွယ်၍ တစ်ဖက်နိုင်ငံတွင် ဈေးကွက် လိုအပ်ချက်ရှိသောRef ined Sugar များအားRe-export စနစ်နှင့် တင်သွင်း တင်ပို့ရန် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှ စတင်ဆောင်ရွက်ခွင့်ပြုခဲ့ပါသည်။သို့ရာတွင် အချို့သော ကုမ္ပဏီများသည်Re-export  စနစ်နှင့်ဆောင်ရွက် ရမည့် လုပ်ထုံးလုပ်နည်းနှင့်အညီ သတ်မှတ်တင်သွင်းအရေအတွက်အတိုင်း ၂၀၁၇ စက်တင်ဘာလထိ အပြည့်အ၀ ပြန်လည်တင်ပို့ခြင်းမရှိကြောင်း စိစစ် ဖော်ထုတ် တွေ့ရှိရပါသည်။ အဆိုပါကုမ္ပဏီများအား ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့ နောက်ဆုံးထားစာရင်းကိုက်ညှိရှင်းလင်းရန် အသ

admin_ygn

       မူဆယ် (၁၀၅)မိုင်ကုန်သွယ်ရေးဇုန် လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ တာဝန်ကျ စစ်ဆေးရေး မောင်းတံဂိတ်များအား ညနေပိုင်းအချိန်များတွင် ဖြတ်သန်း မောင်းနှင်သွားသော ခရီးသည်တင်ယာဉ်ငယ်များ၊ ကိုယ်ပိုင်ယာဉ်ငယ်များဖြင့် သစ်ေ တာထွက်ပစ္စည်းများနှင့် တိရစ္ဆာန် အရှင်များအား သယ်ဆောင်မှုရှိနေကြောင်း သတင်းပေး ရရှိမှုအရ ဖေဖော်ဝါရီ ၆ ရက်က မူဆယ်မောင်းတံဂိတ်တွင် OSS ကုန်သွယ်ရေးဦးစီးဌာန၊ OSS မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် OSS မိတ်ဖက်သစ်တောဦးစီးဌာန ပူးပေါင်းအဖွဲ့ တို့မှ အ တက်ခရီးသည် ယာဉ်ငယ်များအား စောင့်ဆိုင်းစစ်ဆေးနေ စဉ် ည ၁၀ နာရီအချိန်ခန့်တွင် လားရှိုးမြို့မှ မူဆယ်မြို့သို့

admin_ygn

       မြန်မာ-ထိုင်းနယ်စပ်ရှိ ကုန်သွယ်ရေးဇုန်နဲ့ ကုန်သွယ်ရေးစခန်းများမှ ဇန်နဝါရီ ၂၀ ရက်မှ ၂၆ ရက်ထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၈ ဒသမ ၀၇၆ သန်းတန်ဖိုးရှိ ရေထွက်ကုန် ၉၈၇၂ တန်ကို တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်ကတန် ၁၁၃၈၀ တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ ၁၅၀၈ တန် လျော့နည်းခဲ့တယ်လို့ သိရပါတယ်။ ယခုတစ်ပတ်မှာ မြဝတီ ကုန်သွယ်ရေးဇုန်မှ ရေထွက်ကုန်များ  ပိုမိုတင်ပို့ခဲ့ပေမယ့် မြိတ်ကုန်သွယ်ရေးစခန်းနဲ့  ကော့သောင်းကုန်သွယ်ရေးစခန်းတို့ မှ ရေထွက်ကုန်များ လျော့နည်းတင်ပို့ခဲ့တဲ့အတွက် ယခုလိုတင်ပို့မှုကျဆင်းရခြင်းဖြစ်တယ်လို့ သိရပါတယ်။

admin_ygn

       မြန်မာ-အိန္ဒိယနယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ ဇန်နဝါရီ ၂၀ ရက်မှ ၂၆ ရက်ထိ သီတင်းပတ်အတွင်း အမေ ရိကန်ဒေါ်လာ သုည ဒသမ ၇၂၀ သန်းတန်ဖိုးရှိ ကွမ်းသီး ၈၅၄ တန်ကို တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်က ၈၆၃ တန် တင်ပို့ခဲ့တဲ့အတွက် ယခု တစ်ပတ်မှာ ၉ တန်ခန့် ပိုမိုတင်ပို့နိုင်တယ်လို့ သိရပါတယ်။ ယခုတစ်ပတ်မှာ တမူးကုန်သွယ် ရေးစခန်းမှ ကွမ်းသီးတင်ပို့မှု လျော့နည်းခဲ့ပေမယ့် ရိဒ်ကုန်သွယ်ရေးစခန်းမှ ကွမ်းသီးများ ပိုမိုတင်ပို့ခဲ့တဲ့အတွက် ယခုလို ပိုမိုရခြင်းဖြစ်ပါတယ်။ တင်ပို့မှုကိုကြည့်ပါက တမူးကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၃၁၀ သန်းတန်ဖိုးရှိ ကွမ်းသီး ၃၄၉ တန်နဲ့ ရိဒ်ကုန်သွယ်ရေးစခန

admin_ygn

       ဇန်နဝါရီ ၂၁ ရက်မှ ၂၇ ရက်အထိ   သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၁၈၅၅၁၅တန်ဖိုးရှိ    ဘိလပ်မြေ ၉၆၂ ဒသမ ၉၆၇ တန်ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ် ထိုင်းနိုင်ငံမှ  ၂၉၀ ဒသမ ၉၆၇ တန်နဲ့ ယူအေအီးနိုင်ငံမှ ၆၇၂ တန် တင်သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့ ဘိလပ်မြေ တံဆိပ်များမှာ ဆင်၊ စိန်၊တီပီအိုင်နဲ့ အခြားတံဆိပ်များလည်း တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ်က တင်သွင်းခဲ့တဲ့ ဘိလပ်မြေတန်ချိန် ၇၄၂၀ ကျော် နဲ့နှိုင်းယှဉ်ရင် ဒီတစ်ပတ်မှာ  ဘိလပ်မြေတန်ချိန် ၆၄၅၀ ကျော် တင်သွင်းမှု လျော့ နည်းခဲ့တယ်လို့သိရပါတယ်။ ဇန်နဝါရ