admin_ygn

ယခုရက်သတပတ်အတွင်းဇူလိုင် ၁၇ ရက်မှ ၂၃ ရက် အထိ မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မှ တရုတ်သို့တင်ပို့ လျက်ရှိသော ကြက်သွန်နီများ ဈေးအနည်းငယ်ကျဆင်း ခဲ့သည်။ ဇူလိုင် ၁ ရက်မှ ၁၆ ရက်ထိ ကြက်သွန်နီတစ်ပိဿာ ဈေးနှုန်းမှာ ကျပ် ၈၀ဝ ဝန်းကျင်ဈေး အရောင်းအဝယ်ဖြစ်ခဲ့ပြီး ဇူလိုင် ၁၇ ရက်မှ ၂၃ ရက်အတွင်း ကြက်သွန်နီဈေးမှာတစ် ပိဿာ ကျပ် ၇၅၀ –၇၂၀ ဝန်းကျင်အထိ ကျဆင်းခဲ့သဖြင့် ယခင်ရက်သတ္တနှစ်ပတ်တွင် ဖြစ်ပေါ်ခဲ့သောဈေးနှုန်းနှင့် နှိုင်းယှဉ်လျှင်ကြက်သွန်နီ တစ်ပိဿာလျှင် ကျပ် ၁၀ဝ ဝန်းကျင်ကျဆင်းခဲ့သည်။

admin_ygn

       ၁၀၀ ဂရမ်အောက် ကဏန်းများ ပြည်ပသို့ တင်ပို့နေမှု များကြောင့် ပြည်တွင်း၌ ကုန်ကြမ်းများ ရှားပါးလာကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်က ဇူလိုင် ၉ ရက်တွင်ပြောသည်။ "အခုနောက်ပိုင်းမှာ ကဏန်းပျော့လုပ်ငန်းတွေ အတွက် ကုန်ရှားလာတယ်။ အခွံမာကဏန်းတွေ ပြည်ပကို တင်ပို့တဲ့အခါမှာ ၁၀၀ ဂရမ်အရွယ်အစားရှိတဲ့ ကဏန်းတွေကိုပါ ပြည်ပတင်ပို့တာတွေ လုပ်ကိုင်လာကြတော့ ကုန်ရှား လာတယ်။ ငါးဦးစီးအနေနဲ့အရင်တုန်းကတော့ ၁၀၀ ဂရမ်အောက် ဆိုရင် မဖမ်းရဘူး၊ မရောင်းရဘူး၊ ပြည်ပ မတင်ပို့ရဘူးဆိုပြီး သတ်မှတ်ထားပေမယ့် ၂၀၁၀ ခုနှစ်မှာ ဒီလုပ်ငန်းတွေကို ဖွင့် ပေးလိုက်တော့ ဒရဟော ထွက်က

admin_ygn

        မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ တရုတ်နိုင်ငံသို့ ၂၀၁၉ ရာသီတွင် သစ်သီးဝလံများ တင်ပို့လျက်ရှိရာ  ဖရဲတင်ပို့မှုမှာ မေ ၁၈ ရက်အထိ ဆက်တိုက်  နေ့စဉ်တင်ပို့ခဲ့သော်လည်း မေ ၁၈ ရက် နောက်ပိုင်းတွင်  အနည်း ငယ်သာ တင်ပို့ခဲ့ပြီး နေ့စဉ်တင်ပို့ခြင်းမရှိပေ။ ဇွန်လတွင် ဖရဲကား  ခုနစ် စီး၊  ၁၀၃ ဒသမ၅တန်နှင့်သခွားတစ်စီး ခုနှစ်တန် သာ တင်ပို့နိုင်ခဲ့သည်။ သရက်သီးတင်ပို့မှုမှာ ဧပြီလပထမပတ်တွင်  စတင်ခဲ့ပြီး  ဧပြီ၊ မေ၊ ဇွန်လအထိ  လှိုင်လှိုင်တင်ပို့ နိုင်ခဲ့သည်။ မေလတွင်၂၁၆၇၈ တန်၊ ဇွန်လတွင် ၁၉၅၆၉ တန်၊ ဇူလိုင်လတွင် တင်ပို့မှုအနည်းငယ် လျော့နည်းစပ

admin_ygn

      တရုတ်နိုင်ငံဘက်မှ အဝယ်ရပ်ဆိုင်းထားသောကြောင့် မူဆယ်နယ်စပ်တွင် သောင်တင်နေသည့် မြန်မာ့ဆန်များကို ယင်းနိုင်ငံမှ ပြန်လည်ဝယ်ယူနေ ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။ ယင်းသို့ဝယ်ယူမှုကြောင့် မူဆယ်နယ်စပ်၌ သောင်တင်နေခဲ့သည့် ဆန်တန်ချိန် ငါးသောင်းကျော်မှာ လက်ရှိတွင်တန်ချိန် နှစ်သောင်းလောက်သာ ကျန်ရှိတော့ကြောင်း အဆိုပါ ဝန်ကြီးဌာနမှ လက်ထောက်အတွင်းဝန် ဦးခင်မောင် လွင်က ဇူလိုင် ၄ ရက်တွင် ပြောသည်။ "အခု မူဆယ်ဘက်ကနေ  တစ်နေ့ကို တန်ချိန် ၁၀၀၀၊ ၁၅၀၀ လောက် ထွက်နေတယ်။ အခုနောက်ပိုင်းမှာ တန်ချိန် နှစ်သောင်းလောက်ပဲရှိတော့တယ် ဆိုတော့ နေ့စဉ်ဆန်တွေ ထွက်နေ တယ်။

admin_ygn

      စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ  တောင်ကြီးမြို့ ကမ္ဘောဇ ကုန်သွယ်မှုဗဟိုဌာနခန်းမတွင် ကြက်သွန်ဖြူကဏ္ဍဖွံ့ဖြိုးတိုး တက်ရေးအလုပ်ရုံဆွေးနွေးပွဲကို ဇွန် ၂၂ ရက် က ကျင်းပသည်။ ဆွေးနွေးပွဲတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်စိုးက အဖွင့်အမှာ စကားပြောရာ  ကြက်သွန်ဖြူစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချရာတွင် အခက်အခဲမျာ ကို  တင်ပြပေးကြရန်နှင့် စိန်ခေါ်မှု များကို ပူးပေါင်းဖြေရှင်းသွားကြရမည်ဖြစ်ကြောင်း၊ ကြက်သွန်ဖြူ တွက်ခြေမကိုက်၍ မစိုက်လျှင် ဝယ်စားရမည့်အဆင့်ကို ရောက်သွားနို

admin_ygn

       ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် မိုးရာသီ၏ရာသီစာ ဖြစ်၍ လူကြိုက်များလှသည့် ရောင်းပန်းလှသော တညင်းသီး များ စတင်ထွက်ပေါ်စပြုလာပါပြီ။  မြစ်ကြီးနားမြို့ရှိ တညင်း သီးပိုင်ရှင်များထံမှ တိုက်ရိုက်သော်လ ည်းကောင်း၊ တစ်ဆင့် ပြန်လည်ရောင်းချသူများသူထံမှလည်းကောင်း တညင်းသီး အဝယ်ဒိုင်များက ဝယ်ယူလျက်ရှိနေသည်။  မြစ်ကြီးနားမြို့မှ တညင်းသီးအဝယ်ဒိုင်များသည် မန္တလေးနှင့် မုံရွာရှိ ကုန်စည်ဒိုင်များနှင့်ချိတ်ဆက် ၍ မော်တော်ကားဖြင့် ပို့ဆောင် လျက်ရှိသည်။ ယခု လက်ရှိ တညင်းသီးဈေးကွက်အခြေအနေသည် ဝယ်လိုအားကောင်း၍  တစ်လုံးလျှင် ၂၅ ကျပ် မှ ၂၇ ကျပ် ထိ ပေါက်ဈေးရှိသည်။ အလုံးရ

admin_ygn

         ယခုဘဏ္ဍာနှစ် လက်ရှိကာလတွင် မြန်မာ-အိန္ဒိယ ကုန်သွယ်မှုမှာ အမေရိကန်ဒေါ်လာ ၈၀၀ ဒသမ ၄၂၁ သန်းခန့် ရရှိထားပြီး နယ်စပ်ကုန်သွယ်မှု တိုးမြှင့်နိုင်ရေးအတွက်ဆောင် ရွက်လျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသ န်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။ လက်ရှိ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံလျက်ရှိသည့် နိုင်ငံပေါင်း ၄၉ နိုင်ငံအနက် အိန္ဒိယက အဆင့် ၁၁ ၌ ရပ်တည် နေပြီး ၂၀၁၈ ခုနှစ် စက်တင်ဘာအထိ စီမံကိန်းပေါင်း ၃၀ ခန့် ရှိနေ သလို အိန္ဒိယကုမ္ပဏီပေါင်း ၂၂၅ ခုခန့် ထိရှိကြောင်း သိရ သည်။

admin_ygn

            ရန်ကုန်မြို့ ကားဈေးကွက်၏ မေလဒုတိယပတ်ခန့် အခြေအနေမှာ ယခင်လကုန်ပိုင်းကဲ့သို့ပင် ပြည်တွင်း ဆင် ဆူဇူကီးပုံစံသစ်ကားအာတီဂါ၏ ဂယက်ကြောင့် အရောင်းအဝယ် အနည်း ငယ်ပြန်ဖြစ်လာသော်လည်း နယ်လိုင်စင်ကားများနှင့် အသစ် တင်သွင်းသည့် ကားများအဝယ်နည်းကြောင်း သိရသည်။ ဧပြီလကုန်ပိုင်း နောက်ဆုံးပတ် က ပုံစံသစ် ထုတ်ပြမိတ်ဆက်ခဲ့သော ဆူဇူကီးကုမ္ပဏီမှ အာတီဂါကားသစ် (၂၀၁၉ ပုံစံ) ၏ ဈေးတန်း အရနှင့် ရုပ် ထွက်အရ အားသာမှုရှိကြောင်း၊ လက်ရှိ ရန်ကုန်ကားဈေးကွက်အတွင်း အတိုင်း အတာတစ်ခုထိ လှုပ်ခတ်ခဲ့ပြီး ကား အလဲအထပ်များ လက်ရှိကားများ ရောင်း ထွက်ပြီး ဆူဇ

admin_ygn

         ယခုရက်သတ္တပတ်အတွင်း မူဆယ်(၁၀၅)မိုင်သစ်သီးဝလံကုန် စည်ဒိုင်မှ  တရုတ်သို့  သစ်သီးဝလံများ တင်ပို့လျက်ရှိရာ  ဖရဲသီးတင်ပို့မှု အနေဖြင့်  ဖရဲကျားသီး၊ ဖရဲဖြူသီး၊ ဖရဲအဝိုင်းကျားသီးတို့ တင်ပို့ခဲ့ကြပြီး ဖရဲ တင်ပို့မှုမှာနည်းသွားသော်လည်း  ဈေးကောင်းရနေကာ  သခွားတင်ပို့မှုလုံး၀ မရှိဘဲ သရက်သီးတင်ပို့မှုများလာကာ ဈေးကောင်းရနေသည်။ မေ ၈ ရက်မှ ၁၄ ရက်အထိ ဖရဲ ကား ၂၅၈ စီး၊ တန်ချိန် ၃၀၆၈ တန်၊  သရက်သီး ၈၁၉ စီး၊  တန်ချိန် ၄၉၇၀ တန်၊ ကန်စွန်းဥ ၁၃ စီး၊  တန်ချိန်၁၉၂တန် တင်ပို့ရောင်းချခဲ့ကြောင်း  သစ်သီးဝလ

admin_ygn

           မေ ၅ ရက်မှ ၁၁ ရက်သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၂၈၂၁၇၇၀၀ တန်ဖိုးရှိ ဒီဇယ် ၅၀၀၂၆ ဒသမ ၁၉ တန်နဲ့   အမေရိကန်ဒေါ်လာ ၂၆၀၆၄၅၉၀ တန်ဖိုးရှိ ဓာတ်ဆီ ၄၆၉၆၃ ဒသမ ၀၃ တန်၊  စုစုပေါင်း ၉၆၉၈၉ ဒသမ ၂၂ တန်ကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့သည်။ ယခင်သီတင်းပတ်က ဓာတ်ဆီတန်ချိန် ၂၇၀၇၀ ကျော်တင်သွင်းခဲ့ခြင်းကြောင့်  ယခုတစ်ပတ်တင်သွင်းမှုနှင့်နှိုင်းယှဉ်လျှင် တန်ချိန် ၁၉၈၈၀ ကျော် ပိုမိုတင်သွင်းခဲ့ပြီး ယခင်သီတင်းပတ်က တင်သွင်းခဲ့သည့် ဒီဇယ်တန်ချိန် ၅၉၂၄၀ ကျော်နှင့်နှိုင်းယှဉ်လျှင် တန်ချိန် ၉၂၁၀ ကျော်တင်သွင်းမှုလျော့နည်းခဲ့ကြောင်းသ