မြန်မာထောပတ်သီးများ တရုတ် နိုင်ငံကို တရားဝင်တင်ပို့ခွင့်ရတော့မယ် လို့ မူဆယ် ၁၀၅ မိုင်ရှိ သစ်သီးကုန်သည် အချို့ဆီက သိရပါတယ်။ မကြာသေးခင် က မူဆယ်မြို့မှာ ပြုလုပ်တဲ့ ၁၇ ကြိမ် မြောက် မြန်မာ-တရုတ် နယ်စပ် ကုန်စည် ပြပွဲမှာ သစ်သီးကုန်သည် အစုအဖွဲ့တွေ အနေနဲ့ တရုတ်ဘက်ကို ထောပတ်သီး တွေ တရားဝင်တင်ပို့နိုင်ရေး တရုတ် ဘက်ကို တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။ လက်ရှိ မြန်မာနိုင်ငံက ထွက်ရှိတဲ့ ထောပတ်သီးကို တရုတ်နိုင်ငံ ကုန်ပစ္စည်း အရည်အသွေးစစ်ဆေးရေးနှင့် ကွပ်ကဲ ရေးဝန်ကြီးဌာန (AQSIQ) မှာ စာရင်းမဝင် တဲ့အတွက် တရားမဝင်ဘဲဖြစ်နေပြီး တရားဝင်တင်ပို့နိုင်ခြင်း မရှိသေးပါ။ ဒါ့ကြောင့် လက်ရှိအချိန်အထိ တရုတ
ယခုတစ်ပတ် ပဲခူးဈေးကွက်ရှိ သား/ငါးလက်လီဈေးကွက်တွင် ဝက်သားတစ်ပိဿာလျှင် ကျပ် ၈၀ဝဝ၊ ဆိတ်သား တစ်ပိဿာလျှင် ကျပ် ၁၅၀ဝဝ၊ အမဲသား တစ်ပိဿာလျှင် ကျပ် ၉၀ဝဝ၊ ကြက်သား (ဃဏ) တစ်ပိဿာလျှင် ကျပ်၇၀ဝဝ၊ ကြက်သား (ဒေသတောကြက်) တစ်ပိဿာလျှင် ကျပ် ၁၀ဝဝဝ၊ ငါးခူ တစ်ပိဿာလျှင် ကျပ် ၈၀ဝဝ၊ ငါးရံ့ တစ်ပိဿာလျှင် ကျပ် ၇၀ဝဝ၊ ငါးသလောက် တစ်ပိဿာလျှင် ကျပ် ၁၀ဝဝဝ၊ ငါးကြင်းဖြူ တစ်ပိဿာလျှင် ကျပ် ၆၀ဝ၀ ဖြင့် ဈေးနှုန်း အတက်အကျမရှိဘဲ ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရပါသည်။
သန်းသန်း(ပဲခူး)
ယခုတစ်ပတ် ပဲခူးဈေးကွက်တွင် ချင်းဈေးမှာအတက်အကျမရှိဘဲ တစ်ပိဿာ လျှင် ကျပ် ၂၀ဝ၀ မှ ကျပ်၂၂၀ဝ အတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ အခြား အတွက်သုံးသည့် လှီးပြီးသားချင်းမှာ တစ်ပိဿာလျှင် ကျပ် ၃၀ဝ၀ မှ ကျပ် ၃၅၀ဝ ဖြင့် ဈေးကွက်တွင် အရောင်းအဝယ်ဖြစ် လျက်ရှိေ ကြာင်း သိရှိရပါသည်။
မော်မော်အောင်
နိုဝင်ဘာ ၁၀ ရက်မှ ၁၆ရက်အထိ သီတင်းပတ်အတွင်း မြန်မာ-တရုတ်နယ်စပ်နဲ့ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ အမေရိကန် ဒေါ်လာ ၅ ဒသမ ဝ၈၄ သန်းတန်ဖိုးရှိ ဧည့်ထမဆန် ၁၇၀ဝ၃ တန်ကျော် တင်ပို့ခဲ့ ကြောင်းသိရပါတယ်။ မြန်မာ-တရုတ်နယ်စပ်မှ တင်ပို့မှုများ မှာ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ၅၅၆၆ တန်ကျော်၊ ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ ၂၇၇၅ တန်၊ လွယ်ဂျယ် ကုန်သွယ်ရေးစခန်းမှ ၈၆၅၇တန်တင်ပို့ပြီး မြန်မာ-ဘင်္ဂလား ဒေ့ရှ်နယ်စပ်ရှိ မောင်တောကုန်သွယ်ရေးစခန်းမှ ၅တန်တင်ပို့ ခဲ့ကြောင်းသိရပါတယ်။ ယခင်တစ်ပတ် ဆ
အောက်တိုဘာ ၆ ရက်မှ ၁၂ ရက်အထိ ရက်သတ္တပတ် အတွင်း မြန်မာ-တရုတ်နဲ့ မြန်မာ-ထိုင်း နယ်စပ်ရှိ ကုန်သွယ် ရေးစခန်းများမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၄၆ သန်း တန်ဖိုးရှိ ရော်ဘာအဆင့်စုံ ၉၂၉ တန် တင်ပို့ခဲ့ေ ကြာင်း သိရပါ တယ်။ မြန်မာ-တရုတ်နယ်စပ်မှ တင်ပို့မှုများမှာ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မRSS-3 အမျိုးအစား ၄၃၉ တန်၊RSS-5 အမျိုးအစား ၉၃ တန်၊MSR-20 အမျိုးအစား ၄၈ တန်၊ လွယ် ဂျယ်ကုန်သွယ်ရေး စခန်း မှCrepe Rubber ၉ တန် တင်ပို့ခဲ့ပြီး မြန်မာ-ထိုင်းနယ်စပ်မှ တင်ပို့မှုများမှာ တာချီလိတ် ကုန်သွယ် ရေးစခန်းမှLatex 60ရာခိုင်နှုန်းDRC တန်ချိန် ၁၉၀၊ မြိတ်
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အောက်တိုဘာ ၆ ရက်မှ ၁၂ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ သုညဒသမ ၅၀၄ သန်း တန်ဖိုးရှိ ပရဆေး ကုန်ကြမ်း အမယ် ၁၂ မျိုးကို တန်ချိန်အားဖြင့် ၆၀၅ တန်ကျော် တင်ပို့ခဲ့ရာ ယခင်တစ်ပါတ်က တင်ပို့ခဲ့တဲ့ ၈၀၇ တန်ကျော်နဲ့ နှိုင်းယှဉ်ပါက ၂၀၂ တန် လျော့ နည်းတင်ပို့ခဲ့ပါတယ်။ ယခုတစ်ပတ် တင်ပို့ခဲ့တဲ့ ပရဆေးအမယ်များမှာ သီဟိုဋ်စေ့၊ နေလဲစေ့၊ ကြောင်ပန်းစေ့၊ မိကျောင်းကွမ်း ဖတ်စေ့၊ ကွမ်းသီးခွံ၊ ကွမ်းစားဂမုန်း၊ နနွင်းခေါင်း၊ ဆီးဆန် ၊ ဆီးခွဲခြမ်း၊ ဆီးသီးခြောက်၊ ရွေးရွက်နဲ့ ချဉ်ပေါင်ဖာလာ (အခွံ
အောက်တိုဘာ ၆ရက်မှ ၁၂ ရက်အထိ သီတင်းပတ်အတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၂၃၉၈ တန်ဖိုးရှိ မျှစ်စို ၂၈ တန် ကိုလည်းကောင်း၊ ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၆၇၈၆ တန်ဖိုးရှိမျှစ်ခြောက် ၂၉ တန်ကိုလည်းကောင်း တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်က တရုတ်နိုင်ငံသို့ မျှစ် တင်ပို့မှုမရှိဘဲ စက်တင်ဘာလ တတိယပတ်က လွယ်ဂျယ်မှ မျှစ်စို ၈ တန် နဲ့ ချင်းရွှေဟော်မှ မျှစ်ခြောက် ၁၄၆ တန် တင်ပို့ခဲ့ ကြောင်း ၊ မျှစ်စိုတစ်တန် လိုင်စင်ဈေးမှာ အမေရိကန်ဒေါ်လာ ၈၅ ခန့်ရှိပြီး မျှစ်ခြောက် တစ်တန်ရဲ့ လိုင်စင်ဈေးကတော့ အမေရိကန်ဒေါ်လာ ၂၃၄
အောက်တိုဘာ ၆ရက်မှ ၁၂ ရက်အထိ သီတင်းပတ်အတွင်း မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ မောင်တောကုန်သွယ်ရေး စခန်းမှ အမေရိကန်ဒေါ်လာ ၂၄၀ဝ တန်ဖိုးရှိ ဝါးလုံးအကြီး တန် ၃၀ နဲ့ အမေရိကန်ဒေါ်လာ ၁၅၀ တန်ဖိုးရှိ ဝါးလုံးအသေး ၅၀ဝ ကီလိုဂရမ်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်က ဝါးလုံးအကြီး တန် ၂၀ သာ တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မောင်တောမှ ဝါးများ ပိုမိုတင်ပို့နိုင်ခဲ့တာတွေ့ရပါတယ်။
မော်မော်အောင်
မကွေးတိုင်းဒေသကြီး ရေနံချောင်း မြို့နယ်နှင့် စလင်းမြို့နယ်များတွင်ကိုင်း မြေများ၌ ပြောင်းဖူးကိုသီးညှပ်နှင့် သီးသန့်အဖြစ် နေရာပေးပြီး စိုက်ပျိုးနေ ကြရာ ယခင်နှစ်ကထက် ပြောင်းဖူးနှင့် ပြောင်းဖူးစေ့ ဈေးကော င်း ရခြင်းများ ကြောင့်ဖြစ်ကြောင်း သိရသည်။''ဖူးစားပြောင်းစိုက်နေကြတယ်။အရင်းအနှီးကလည်း မျိုးစရိတ်၊ မြေသြ ဇာစရိတ်ပဲ ရှိတယ်။ အလုပ်သမားခ ကလည်း မြေပဲလိုအများကြီးမငှားရဘူး။ဈေးကွက်မှာ ပြောင်းဖူး အဖူး ၁၀၀ ကို ကျပ်၂၀၀၀၀ ဈေး ရောင်းရတယ်။ပြောင်း ရိုးခေါ် ပြောင်းပင်တစ်ခင်း သုံးဧကကို အပင်အနေအထားကို မူတည်ပြီး ကျပ်၂၀၀၀၀ ဈေးပေးပြီး နွားစာ၊ မြင်းစာ အဖြစ် ရော