သခွားသီးနှံ စိုက်ပျိုးခြင်းဖြင့် အကျိုးအမြတ်ရရှိ
သခွားသီးနှံ စိုက်ပျိုးခြင်းဖြင့် အကျိုးအမြတ်ရရှိ
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်အတွင်းရှိ ကျေးရွာများသည် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းကို အဓိကထားစိုက်ပျိုးလျက်ရှိပြီး သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ မိသားစုအပိုဝင်ငွေရရှိရန်အတွက် မြှုပ်သခွားသီးနှံ (ခ)သခွားရှည်သီးနှံများကို စိုက်ပျိုးလာကြကြောင်း သိရသည်။
သခွားသီးကို ရာသီမရွေးစိုက်ပျိုးနိုင်၍ စိုက်ပျိုးပြီး ၃ လခန့်အကြာတွင် စတင်ခူးဆွတ်ရောင်းချ နိုင်ကြောင်း၊ မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် တစ်ဧကလျှင် စုစုပေါင်းငွေကျပ် ၅ သိန်းခန့် ကုန်ကျကြောင်း၊ သခွားသီးကို ၂-၃ ရက်ခြားတစ်ကြိမ် ခူးဆွတ်ရပြီး အလုံးရေ ၃၀၀- ၄၀၀ ခန့် ထွက်ရှိ ရာ တစ်ဧကလျှင် သခွားသီး အလုံးရေ ၅,၀၀၀ ခန့် ထွက်ရှိကြောင်း၊ ကုန်စိမ်းပွဲစားများမှ စိုက်ခင်းသို့ လာရောက်ဝယ်ယူလျက်ရှိကြောင်း၊ သခွားသီးသည် လူကြိုက်များပြီး ဝယ်လိုအားရှိသောကြောင့် သခွားသီးစိုက်ပျိုးခြင်းဖြင့် တောင်သူများ အကျိုးအမြတ်ရရှိကာ ဝင်ငွေရရှိကြောင်း သိရသည်။
DOCA (မန္တလေး)