ကျောက်ဆည်ခရိုင်၌ ခွေးတောက်ပင် စိုက်ပျိုးမှုနှင့် ဈေးကွက်

     မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်အတွင်းရှိ ကျေးရွာများတွင် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းကိုလုပ်ကိုင်ကြပြီး သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ မိသားစုအပိုဝင်ငွေရရှိရန်အတွက် ခွေးတောက် ပင်များကို စိုက်ပျိုးလာကြကြောင်း၊ ယခင်က သဘာဝအလျောက်ပေါက်သော ပင်ကြီးခွေးတောက် ရွက်ကို ခူးယူ၍ ရောင်းချကြပြီး ယခုအခါတွင် ရာသီမရွေးစိုက်ပျိုးနိုင်ပြီး အချိန်မရွေးစားသုံးနိုင်သော ပင်သေး(ထွက်တိုး)ခွေးတောက်ပင်များကို လယ်ယာမြေများတွင် စီးပွားဖြစ် စိုက်ပျိုးလာကြကြောင်း သိရသည်။

   ပင်သေးခွေးတောက်ပင်ကို စိုက်ပျိုးပြီး ၃ လခန့်အကြာတွင် စတင်ခူးဆွတ် ရောင်းချနိုင် ကြောင်း၊ စိုက်ပျိုးရာတွင် မျိုးစေ့ကိုပျိုးထောင်၍ ပျိုးပင် ၄၅ ရက်သားအရွယ်တွင် ဘောင်ခတ်စနစ်ဖြင့် မြေချစိုက်ပျိုးရကြောင်း၊ တစ်ဧကလျှင် ခွေးတောက်မျိုးစေ့ တစ်ပြည်ခန့် ကုန်ကျစိုက်ပျိုးရပြီး မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် စုစုပေါင်းငွေကျပ်  သိန်းခန့် ကုန်ကျကြောင်း၊ ခွေးတောက်ရွက်များကို -၁၀ ရက်ခြားတစ်ကြိမ် ခူးဆွတ်နိုင်၍ တစ်ကြိမ်ခူးဆွတ်လျှင် ပိဿာချိန် ၈၀ ခန့်ရရှိပြီး တစ်ဧကအတွက် တစ်လလျှင် ပိဿာချိန် ၂၄၀ ပိဿာခန့်ထွက်ရှိရာ စိုက်ပျိုးမြေ အနေ အထားနှင့် အပင်ဖြစ်ထွန်းအောင်မြင်မှုအပေါ် မူတည်၍ အထွက်နှုန်းများ ကွဲပြားမှုရှိကြောင်း၊ ဈေးကွက်အနေဖြင့် ကုန်စိမ်းပွဲစားများမှ စိုက်ခင်းသို့ လာရောက်ဝယ်ယူကြပြီး ပွဲစားများမှတစ်ဆင့် ရန်ကုန်-မန္တလေးမြို့တို့ရှိ ဈေးများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း၊  ခွေးတောက်ပင်သည် နှစ်ရှည်ပင် ဖြစ်သည့်အတွက် အပင်ဖြစ်ထွန်းအောင်မြင်မှုနှင့် ဂရုစိုက်ပြုစုမှုကောင်းမွန်ပါက တစ်နှစ်ပတ်လုံး အထွက်နှုန်းကောင်းမွန်ပြီး အကျိုးအမြတ်များရရှိကြောင်း သိရသည်။

DOCA (မန္တလေး)